|
| အသီးမှာ သရက်၊ အသားမှာဝက်၊ အရွက်မှာ လက်ဖက်ဆိုတဲ့စကားနဲ့ အညီ လက်ဖက်ကို မြန်မာ့လူနေမှု ဘဝမှာလည်း ဘိုးဘွားစဉ်ဆက် ကတည်းက တွင်တွင် ကျယ်ကျယ် စားသုံးလာ တာတွေ့ရပါတယ်။ လက်ဖက်ကို နတ်သစ်ရွက်လို့လည်း ခေါ်ပါတယ်။ လက်ဖက်နဲ့ ပတ်သက်ပြီး မှန်နန်းရာဇဝင်မှာ အလောင်း စည်သူမင်း တိုင်းခန်းလှည့်လည် တဲ့အခါ ရှမ်းပြည် နယ်မြောက်ပိုင်း ပလောင်၊ ဓနုတို့နေထိုင်ရာ ဇမ္ဗူဒိတ်ကျွန်းကို လှည့်လည်စဉ်က နတ်ဘီလူး လေးယောက်တို့ ဆက်သလိုက်တဲ့ ရသဝတီ နတ်သစ်စေ့ကို တစ်လက်ဆွမ်း၊ တစ်လက်ဖက်စီ မျှဝေပေး ခဲ့ကြောင်း ပလောင်၊ ဓနုတို့ကရရှိသမျှ နတ်သစ်စေ့ တို့ကို တောင်ငယ်၊ တောင်တန်း၊ တောင်ချွန် |
|
|
တောင်ပုတောင် စသည့်တောင် အစုစုတို့မှာ စိုက်ပျိုးခဲ့ကြရာ ရှေးဦးကာလ အစက ပေါ်ထွန်းခဲ့တယ် လို့ဆိုပါတယ်။ ဘုရင်မင်းမြတ်က ရသဝတီ နတ်သစ်စေ့များကို တစ်လက်ဆွမ်း၊ တစ်လက်ဖက် စီပေးခဲ့လို့ လက်ဖက်လို့ အမည်တွင် ခဲ့ပါတယ်။ ရှမ်းပြည်မြောက်ပိုင်း နမ့်ဆမ် ဒေသက လက်ဖက်တောင်သူများ ပြောစကားအရ ဘုန်းကံအလွန် ကြီးမြတ်တဲ့ မင်းတစ်ပါးက လက်ဖက်မျိုးစေ့များ ပေးသနားခဲ့လို့ ဒီနယ်တစ်ဝိုက်မှာ လက်ဖက်စိုက်ပျိုး အောင်မြင်တယ်လို့ ဆိုကြပါတယ်။ |
|
|
မြန်မာပြည်ရဲ့ အဓိက လက်ဖက်စိုက်ပျိုး ရာဒေသများက ရှမ်းပြည်နယ် မြောက်ပိုင်း နမ့်ဆမ်ဒေသ၊ ကျောက်မဲမှာ အဓိက စိုက်ပျိုးတယ်။ လက်ဖက်ဟာ နှစ်ရှည်ပင် ဖြစ်တယ်။ စိုက်ပျိုးပြီး ပျိုးပင်ကနေ ခုနစ် နှစ်ကျော်လောက်မှ စတင်ခူး ဆွတ်ရတယ်။ ပင်လယ်ရေ မျက်နှာပြင်အထက် အမြင့် ပေ ၄၀ဝ၀ ကျော်မှာ စိုက်ပျိုးတဲ့ လက်ဖက်က အရည်အသွေး ပိုကောင်းတယ်။ အခု ရှမ်းပြည်တောင်ပိုင်း ပင်လုံ၊ ပင်လောင်း ဒေသတွေမှာလည်း လက်ဖက် စိုက်ပျိုးမှုများပြီး ၂၀ဝ၀ ပြည့်နှစ် နောက်ပိုင်း ချင်းပြည်နယ် မှာလည်း လက်ဖက်ကို စမ်းသပ်စိုက်ပျိုးရာ အောင်မြင် တယ်လို့ သိရပါတယ်။ |
| |
|
|
|
|
| လက်ဖက်ခူးရာမှာ ရွှေဖီချိန်လို့ဆိုတဲ့ တပေါင်းလ ကုန်၊ တန်ခူးလဆန်းက စပြီးခူးတဲ့လက်ဖက်က ရွှေဖီမိုးလွတ် ဆိုပြီး နာမည်နဲ့အလိုက် အရည်အသွေး ကောင်းပြီး အရသာ ရှိတယ်။ မိုးတွင်းနဲ့ ဆောင်းတွင်း တွေမှာ ထွက်နှုန်းက အနည်းနဲ့အများပဲ ကွာတယ်။ မြေပြန့်က လူတွေက တန်ခူး၊ ကဆုန်ဆိုရင် တောင်ပေါ်ကို လက်ဖက်ခူး သွားကြတယ်။ နယုန်လကုန် လောက်မှ ပြန်ကြတယ်။ လက်ဖက်ခူးသူ တွေရဲ့ လုပ်အားခက တစ်နေရာနဲ့ တစ်နေရာ မတူပါဘူး။ ရှမ်းပြည်မြောက်ပိုင်းမှာ ခူးတာကလက်ဖက်ခြောက် တစ်ဝက် |
|
ယူ။ပင်လောင်းဘက် ကျတော့ ခူးခ တစ်ပိဿာ ၂၅၀ နှုန်းလောက် ရှိတယ်။ ကျွမ်းကျင်တဲ့ လက်ဖက်ခူးသူတစ် ယောက်ဟာ တစ်ရက် မှာ ဆယ်ပိဿာနဲ့အထက် ခူးနိုင်တယ်လို့ သိရပါတယ်။ |
|
ဆောင်းတွင်းခူးတဲ့ လက်ဖက်ကို ရှမ်းတို့ဒေသခေါ် ခါနန့်(နှင်းခြောက်)၊ မိုးတွင်းမှာ ခူးတဲ့ လက်ဖက်ကို(ခါးကန့်)လို့ ခေါ်တယ်။ ခြံတွေက ခူးပြီးထွက်လာတဲ့ လက်ဖက်တွေကို ပေါင်းပြီး နယ်၊ အိတ်ထဲ ထည့်ပြီး အရည်အထွက်များရင် မြေပြန့် ပို့ကြတယ်။ ပေါင်းရာ မှာလည်း အကျက် ညီဖို့ လိုပါတယ်။ အကျက်လွန်ရင် လက်ဖက်က ပျော့ပြဲသွားတယ်။ ပေါင်းပြီးသား လက်ဖက်ကို နေလှန်းရင် လက်ဖက် ခြောက်ဖြစ်ပြီး လက်ဖက်အစိုဆိုရင် အိတ် တွေထဲ၊ စဥ့်အိုးတွေထဲနယ်ပြီး သိပ်ထည့် ထားပြီး တစ်လလောက်နှပ်ထားရတယ်။ ခုတော့ စက်တွေနဲ့ပဲနယ်ပြီး တစ်လကျော် လောက် နှပ်ထားရင် မြေပြန့်ကိုပို့ဖို့ သဘာဝ လက်ဖက်အစို ကို ရပါတယ်။ တောင်ပေါ် ဒေသမှာတော့ တချို့လည်းအိမ်စားဖို့ လက်နဲ့နယ်ပြီး ဝါးကျည်တောက် ထဲထည့်၊ မြေကြီးထဲ တစ်လလောက်မြှုပ်ပြီးမှ ဖော်စား တာလည်း ရှိပါတယ်။လက်ဖက်က အေးတဲ့ရာသီကိုကြိုက်ပြီး အရိပ်ရရင် ပိုပြီးရှင်သန်တယ်။ ဥပမာ နီပေါ နိုင်ငံမှာ ပေ ၅၀ဝ၀ ကျော်က လက်ဖက်က ပေ ၃၀ဝ၀ ကျော်က လက်ဖက်ထက် အရသာ အရည်အသွေး ပိုသွားတယ်။ နှင်းရိုက်လို့လည်း လက်ဖက်ပင်က သေမသွား ဘူး။မခူးပေးရင် အညွန့်မထွက် တဲ့အတွက် ခူးပေးရတယ်။ ဒါကြောင့် တောင်ပေါ် |
| |
|
|
|
ဒေသတွေမှာ လက်ဖက်ပင်ကို ရင်စို့လောက်ပဲ ထားတယ်။စိုက်ပျိုးရာ မှာလည်းမြေဩဇာ မလိုဘဲပေါင်းမြက်ရှင်း ပေးရတယ်လို့ သိရပါတယ်။ |
|
လက်ဖက်စားသုံးမှု တွင်ကျယ်လာသလို ယနေ့မန္တလေး ဈေးကွက်မှာခိုင်မာ စွာရပ်တည်နေတဲ့ လက်ဖက်ဆိုင် ကြီးတွေရဲ့ရောင်းဝယ်မှု အနေအထား ကိုလည်းလေ့လာ ကြည့်ခဲ့ပါတယ်။ |
|
အရီးတောင်းလက်ဖက် |
|
|
| နှစ်ပေါင်း တစ်ရာကျော်ပါပြီ။ အရီးတောင်း လက်ဖက်လုပ်ငန်း စပြီးလုပ် ခဲ့တာဒေါ်တောင်းပါ။ သူကလေးသိန်း အမျိုးသမီးရဲ့အဘွားပါ။ လေးသိန်းတို့ အိမ်ထောင်ကျတာ ၁၉၅၂ ခုနှစ်ကပါ။ လေးသိန်းက အရင်တုန်းက ရန်ကုန် သတင်းစာ လောကမှာ ကျင်လည်ခဲ့တဲ့ သတင်းထောက် တစ်ယောက်ပါ။ မန္တလေးကို ကိစ္စတစ်ခုနဲ့ လာရင်း ဒေါ်တောင်းရဲ့ မြစ်နဲ့ တွေ့ပြီး အိမ်ထောင် ကျခဲ့တာပါ။ အဘိုး၊ အဘွား၊ အဖေ၊ အမေလက်ထက် ကတည်းကစပြီး လေးသိန်း တို့ လက်ထက်အထိ ဆိုတော့ အရီးတောင်း လက်ဖက်ကနှစ်ပေါင်း ၁၀ဝကျော်နေပါပြီ။ လေးသိန်းတို့ လက်ဖက်ယူတဲ့ ပင်ရင်းက ရှမ်းပြည်နယ် တောင်ပိုင်း နမ့်ဆမ်ဒေသကပါ။ အရီးတောင်း လက်ထက်ကတည်း ကစပြီး နမ့်ဆမ်ကထွက်တဲ့ လက်ဖက်နဲ့စပြီး ရောင်း လာတာဆိုတော့ သားစဉ်မြေးဆက် အခုချိန် ထိပဲ ဖောက်သည်ဖြစ် နေပါပြီ။ မြန်မာပြည် မှာ ကောင်းပေ့ဆိုတဲ့ လက်ဖက်ကို အဲဒီဒေသက အများဆုံးရတယ်။လေးသိန်းကိုယ်တိုင် လက်ဖက်ခြံကိုသွား၊ ကောင်းပေ့ဆိုတဲ့ လက်ဖက်ကို ရွေးပြီးမှ တစ်နှစ်ပတ်လုံး ပုံမှန်ယူပါ့မယ်ဆိုပြီး ကတိနဲ့ လုပ်ရတာပါ။ ဒါကြောင့်မို့ အရီးတောင်း |
|
လက်ဖက်က ရောင်းအားကောင်းပြီး ရေရှည် ဖြစ်သွားတာပေါ့။ မန္တလေးမှာ အရီးတောင်း ထက် ကောင်းတဲ့လက်ဖက် မရှိပါဘူး။ လေးသိန်းတို့အနေနဲ့ကတော့ ကိုယ်ကလည်း သတင်းစာ လောကက လာတာဆိုတော့ ဖြန့်ချိ ရေးအတွက်က ပေါ်လွင်စေပါတယ်။ |
|
ရှူးရှဲ၊ ချဉ်စပ်တို့ကတော့ လေးသိန်းတို့ လက်ထက်ကျမှ လုပ်တာပါ။ အမျိုးသမီး ကိုယ်တိုင်က လက်ဖက်ကြိုက်တဲ့ သူဆိုတော့ သူကိုယ်တိုင် လက်ဖက်နှပ်တယ်၊ နယ်တယ်၊ မြည်းကြည့်ပြီးမှ ရောင်းတာပါ။ လက်ဖက်နှပ် တာကတော့ မိရိုးဖလာနည်းအတိုင်းပါပဲ။ အဓိက ကတော့ လက်ဖက်ထွက်တဲ့နေရာက လက်ဖက်ကောင်း၊ အမျိုး အစားကောင်းရဖို့က အဓိကပါ။ အလှူ၊ မင်္ဂလာဆောင်တို့က အော်ဒါမှာရင် စိတ်တိုင်းကျပြု လုပ်ပေးပါတယ်။ အုပ်ရေနဲ့မှာတဲ့သူ တွေလည်းရှိတယ်။ တချို့ကလည်း ကုန်နိုင်သလောက် ကြည့်ပြီး ဝယ်သွားကြပါတယ်။ စားသုံးသူတွေကို အထူးပြောစရာ မရှိ ပါဘူး။ အရီးတောင်း လက်ဖက်ကောင်းတာ သိကြပါတယ်။ |
|
မြသီဒါလက်ဖက်၊ ပဲကြော် |
နှစ်ပေါင်း ၄၀ ကျော်ပါပြီ။ သဲတောမှာ စပြီးလုပ်ခဲ့တာပါ။ အဲဒီတုန်း ကတော့ ပဲကြော်ကို အဓိကထားပြီး လက်ဖက်ကတော့ အနည်းအကျဉ်း လောက်ပဲ။ လက်ဖက်ကို မန္တလေး ရောက်မှပဲ လက်လီဆိုင် အနေနဲ့ စပြီးဝင်တာပါ။ လက်ဖက်ကို တစ်ပိဿာ၊ ၅၀ သား၊ ၂၅ ကျပ်သားတွေ ထပ်ပြီး အဆိမ့်နှပ်၊ ချဉ်စပ်ဆိုပြီး နှစ်မျိုးရောင်း ပါတယ်။ မနှပ်ရသေးတဲ့ လက်ဖက် အမျိုးအစား ကတော့ အများကြီး ရှိပါတယ်။ တစ်ပိဿာ ၈၀ဝ တန်၊ အောက်စ၊ အလတ်စ၊ ထိပ်စ၊ အကြမ်းစဆိုပြီး အမျိုးမျိုး ရှိပါတယ်။ လက်ဖက် က အရွက်နုလေ |
| |
|
ဈေးများလေပါပဲ။ကျွန်မတို့က လက်ဖက်ကုန်ကြမ်းကို ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ဆမ်၊ ဟိုချောင်း ဘက်က ဝယ်ပါတယ်။ အရင်ကတော့ မြသီဒါပဲကြော်၊ လက်ဖက်က လူသိပ်မသိသေးဘူး။ နောက်မှ တီဗီမှာ ထက်ထက်မိုးဦးနဲ့ ကြော်ငြာတော့ လူသိများပြီး ရောင်းအားကောင်း လာပါ တယ်။ လက်ဖက်က မြန်မာလူမျိုး အကြိုက်ဆိုတော့ ရာသီနဲ့ မဆိုင်ပါဘူး။ အမြဲတမ်းရောင်း ဝယ်နေရပါတယ်။ အလှူ၊ မင်္ဂလာဆောင်ရာသီဆိုရင်တော့ ပိုရောင်းကောင်းပါတယ်။ အလှူ၊ မင်္ဂလာဆောင်တို့က အော်ဒါမှာရင် လက်ခံပါတယ်။ သူ့အမျိုးအစားနဲ့သူပါပဲ။ တချို့ကျတော့ နှပ်ပြီးသား၊ ပုစွန်ခြောက်ရောဆိုတော့ ကုန်ကျစရိတ်အနေနဲ့ ကတော့ သုံးနိုင်တဲ့ပေါ်မူတည်ပြီး ကွဲသွားတာပါပဲ။ |
|
|
| မြသီဒါလက်ဖက် အနေနဲ့ကတော့ နှစ်ပြန်ကြော်မှာ နာမည် တော်တော် ရပါတယ်။ မြို့ထက်နယ်တွေက ပိုပြီးအား ပေးကြပါတယ်။ မြို့ပေါ်မှာကတော့ လက်ဖက်ထက် ရေခဲမုန့်၊ ကိတ်မုန့်၊ လက်ဖက်ရည် လောက်ပဲ အစားများ ကြတာ။ မြို့ပေါ်က အလှူ၊ မင်္ဂလာဆောင်တွေ မှာဆိုရင် လက်ဖက်က အရံ သဘောလောက်ပဲ။ နယ်တွေကတော့ အလှူလုပ်တော့ မယ်ဆိုရင် လက်ဖက်ကို အိတ်လိုက်အထိ ဝယ်ကြ တယ်။တစ်အိတ်ကို အချိန် ၅၀ ကျော် နီးပါးထိရှိပါ တယ်။ |
|
|
ပဲကြော်မှာလည်း အမျိုးအစား အများကြီး ရှိပါတယ်။ ပဲကြီးကြော်၊ ကုလားပဲကြော်၊ နှမ်း၊ မြေပဲ၊ ကြက်သွန်ကြော်၊ ပုစွန်ကြော်၊ ဒေါင်းဝိုင်း ကြော်၊ ပဲရေပွကြော်၊ တရုတ်ပဲကြော်တို့ အမျိုးမျိုး ရှိပါတယ်။ မြသီဒါ လက်ဖက်ပဲကြော်ကို အားပေးကြ သူတွေကို အထူးကျေးဇူး တင်ပါတယ်။ |
|
|
|
ဗေဒါရွှေကြာလက်ဖက် |
|
|
| ကျွန်မ ၁၃ နှစ်သမီးကတည်းက အမေနဲ့ သားအမိနှစ်ယောက် ပလက် ဖောင်းဈေး တန်းမှာ စရောင်းရင်းနဲ့ ရောင်းကောင်းလာတာပါ။ အဲဒီကတည်းက ဗေဒါရွှေကြာ လက်ဖက် ဆိုတဲ့ နာမည်နဲ့ပဲ ရောင်းတာပါ။ ကျွန်မတို့ကလည်း ပဲကြော်ဆိုလည်း ဆီအသန့်နဲ့ကြော်ပြီး လက်ဖက်ဆိုလည်း ကောင်းမှကိုင်တာ ဆိုတော့ ဗေဒါရွှေကြာကို ဝယ်သူတွေကလည်း များလာပါတယ်။ ပလက်ဖောင်း ဈေးတန်းမှာကို စရောင်းတော့ နေရာက သုံးနေရာလောက် ပြောင်းရောင်းရတယ်။ နောင်တစ်ချိန်မှာ နေရာလေး အတည် တကျဖြစ်အောင် ဈေးချိုမှာ နေရာလေး တစ်နေရာလောက် ဝယ်ရအောင် ဆိုပြီး အစ်မ မဗေဒါနဲ့ တိုင်ပင်ပြီး ဝယ်လိုက် တာပါ။ ပစ္စည်းကောင်း ကိုပဲကြည့်ပြီး ဝယ်ကြတာ ဆိုတော့ ဘယ်နေရာပဲ ရောင်းရောင်း အားပေး ကြပါတယ်။ ရှေးတုန်းက နှစ်ပြန်ကြော် ဆိုတာမရှိဘူး။ ရိုးရိုး ပဲခြမ်း၊ ပဲကြီးလှော်၊ ကုလားပဲတို့၊ တရုတ်ပဲတို့ သတ်သတ် စီရှိတာပါ။ အခုနောက်ပိုင်းမှ တချို့က အစုံလေး ၅၀ဝ ဖိုးလောက် ထည့်ပေးပါဆိုမှ နှစ်ပြန်ကြော် ဖြစ်သွားတာပါ။ အရင်တုန်းက ပဲကြော်စုံ တွေက မာတော့ အသက်ကြီး တဲ့သူတွေက သိပ်မဝါး နိုင်ကြဘူး။ အခုကျတော့ ပေါင်းကြော်လေး တွေဆိုတော့ ဆီတော့ ကုန်တာပေါ့။ အသက်ကြီးတဲ့ သူတွေလည်း စားနိုင် ကြပါပြီ။ |
|
တချို့ကျတော့ မနှပ်ရသေးတဲ့ လက်ဖက် အညွန့်လေးတွေကို သတ်သတ် ဝယ်ကြပါတယ်။ လက်ဖက် အမျိုးအစား ကတော့ ချဉ်စပ်နှပ်၊ အညွန့်နှပ် ဆိုပြီး ရှိပါတယ်။အလှူ၊ မင်္ဂလာဆောင်တွေမှာ အော်ဒါမှာရင် လက်ခံပါတယ်။ ကျွန်မတို့ဆီက လက်ဖက် မဝယ်ဘဲ အစ်ချည်းသတ်သတ် မှာချင်တယ်ဆိုလည်း ရပါတယ်။ တစ်အစ်ကို ငှားခ ၃၀ဝ ကျပ်၊ ၄၀ဝ ကျပ် အမျိုးမျိုးရှိပါ တယ်။ လက်ဖက်ရောမှာတယ်ဆိုရင် ပိဿာချိန်နဲ့ပေးပါ တယ်။ အလှူပြီးလို့ နည်းနည်းပဲပိုရင် ကျွန်မတို့က ပြန်ယူပါတယ်။ မန္တလေးက လက်ဖက်ဆိုင် တွေ အများကြီးထဲက ဗေဒါရွှေကြာလက်ဖက်လို့ ရပ်တည်နိုင်တာ ရတနာသုံးပါးရဲ့ ကျေးဇူးပါ။ ကိုယ်က အမြဲတမ်း လှူတန်းနေတော့ နှပ်တဲ့ပစ္စည်းကိုက နတ်သုဒ္ဓါဖြစ်နေ တော့တာပေါ့။ တချို့လည်း ဒီလို လက်ဖက်တွေ နှပ်နေ တာပါပဲ။ ကိုယ့်လောက် မကောင်းဘူး။ သိပ္ပံနည်းနဲ့ တွက်ရင်တော့ တစ်မျိုးပေါ့။ ကျွန်မတို့အနေနဲ့ကတော့ ရတနာသုံးပါးကျေးဇူးကြောင့် ကိုယ့်ပစ္စည်းကောင်းနေ တယ်လို့ယူဆပါတယ်။ လက်ရှိဈေးကွက်မှာ လက်ဖက် အမျိုးအစား သုံးလေးမျိုးလောက်ရှိပါတယ်။ ထိပ်စ၊ ရှယ်စ၊ အောက်စ၊ အလတ်စတို့ ရောင်းပါတယ်။ |
|
ချဉ်စပ်၊ အညွန့်နှပ်၊ ဂျင်းသုပ်ကအစ ငယ်ထွေးနှပ် အထိ ညီမအငယ် ဆုံးကလုပ်တာပါ။ ငယ်ထွေးနှပ်ဆိုပြီး စားသုံးသူတွေ များကြတာ သူ့ရဲ့ပါရမီပေါ့။ ကွာလတီ မီဖို့အတွက် ကတော့ ကိုယ့် ပစ္စည်းကို တစ်လအထိ အာမခံပါတယ်။ဒါပေမဲ့ တစ်လကျော် သွား လည်းဘာမှ မဖြစ်ပါဘူး။ လက်ဖက်နှပ်၊ ချဉ်စပ်နှပ် တွေကျတော့ ကုန်စိမ်းသဘော ဖြစ်နေတော့ တစ်လအတွင်း စားတာအကောင်း ဆုံးပါပဲ။ အညွန့်နှပ်၊ ချဉ်စပ်နှပ်၊ ပေါင်းကြော် တို့ကျတော့ ဘုရား |
| |
|
|
ဖူးသွားတဲ့သူတွေ၊ ခရီးဝေးသွားတဲ့သူ တွေ အမူးအမောပြေ အဝယ်များကြပါတယ်။ လက်ဖက် အညွန့်နှပ်၊ ချဉ်စပ်နှပ်၊ ဂျပန်ဂျင်းနုနှပ်ဆိုပြီး ထုတ်လုပ်ခွင့်သုံးမျိုး တင်ထားတာ လည်း ကျန်းမာရေး ရုံးက ထုတ်လုပ် ခွင့်လက်မှတ် ရပါပြီ။ စားသုံးသူတွေ စိတ်ချလက်ချ ဝယ်ယူစားသုံးနိုင်ပါပြီ။မိသားစု လုပ်ငန်းလေး ဆိုတော့ နယ်တွေအထိ ဖြန့်ဖို့အစီအစဉ် မရှိသေးပါဘူး။ ရောင်းရေး၊ ဝယ်ရေးကလည်း ရာသီနဲ့ဆိုင်ပါတယ်။ အလှူမင်္ဂလာ ဆောင်တွေပေါတဲ့ အချိန်ဆိုရင် ပိုပြီး ရောင်းရပါတယ်။ လက်ဖက်ထဲမှာ ဆိုးဆေးပါတယ် ဆိုတုန်းက သိပ်မ ရောင်းရပါဘူး။ လူတွေက ကြောက်သွား ကြတာ။ ဒါပေမဲ့ ဘာပဲလုပ်လုပ် သတိရှိဖို့က အဓိကပါ။ စားသုံးသူတွေကို စိတ်ဆိုးစရာ မလိုပါဘူး။ သူတို့ကမှ နည်းစနစ်တွေ ပေးတာကိုး။ ဒီအတိုင်း လုပ်တာ မှားနေတယ်ဆိုရင် ကိုယ်က ပြင်ရမှာပေါ့။ |
|
အနုပညာရှင်အများ စုကလည်း မန္တလေးရောက် တဲ့အခါ ကိုယ့်ဆီပဲ အားပေး ကြပါတယ်။ ပစ္စည်းကလည်းကောင်း၊ အရသာလည်းရှိလို့ လာစားကြတာပေါ့။ သူတို့ဆိုတာက အစားအသောက်ကောင်း၊ ပစ္စည်းကောင်း ဘယ်မှာရှိတယ် ဆိုတာ ရွေးနေကြတဲ့ သူတွေပါ။ စိုးမြတ်သူဇာဆိုရင် ဂျပန်ဂျင်းနုကြိုက်တာ။ ပြေတီဦးကျတော့ ဂျင်းနုမျှင်မျှင်လေးတွေ၊ လက်ဖက်နုနှပ်တို့ကို ခဏခဏ မှာစားတယ်။ ဗေဒါရွှေကြာ လက်ဖက်ကို အားပေးကြတာ ကျေးဇူးအများကြီး တင်ပါတယ်။ ဈေးသည်နဲ့ ဈေးဝယ်က နှစ်ဦးနှစ်ဖက် မေတ္တာရောင် ပြန်ဟပ် ပါတယ်။ စားသုံးသူတွေအားလုံးက ကိုယ့်ကျေးဇူးရှင် တွေပါပဲ။ |
|
ရွှေတုတ် မိုးကုတ်လက်ဖက် |
|
|
| လက်ဖက်မျိုးရိုး မဟုတ်ပါဘူး။ ၁၉၉၅ ခုနှစ်မှာစပြီး မိသားစု လုပ်ငန်းအနေနဲ့ စပြီး လုပ်တာပါ။ မျိုးရိုးမရှိဘဲ လက်ဖက်လုပ်ငန်း စပြီး လုပ်ခါစကတော့ အခက်အခဲတွေ အများကြီးရှိပါတယ်။ ကိုယ့်ပစ္စည်းကို စားသုံးသူတွေ လက်ခံအောင် ကြိုးစားရတာပေါ့။ အဓိကကတော့ ကုန်ကြမ်းကို အရည်အသွေး ကောင်းကောင်း ရှာဝယ်ပြီး ရောင်းရ တာပေါ့။ နာမည်တစ်လုံးရဖို့ မလွယ်ပါ ဘူး။ နှစ်ကို ဆယ်ချီပြီးမှ ကြိုးစားလုပ်ရ တာပေါ့။ ဒီနေ့ခေတ် နဲ့ဆိုရင်တော့ ကုန်ကြမ်းရဲ့ ဈေးကွက်ပေါ်မှာ ကွာခြားချက် ရှိသွားတာပါပဲ။ ကျွန်တော်တို့ စလုပ်တုန်းက ဈေးနဲ့ အခုဈေးနဲ့တော့ မတူတော့ဘူးပေါ့။ အစစ အရာရာ အကုန်လုံးက ဈေးနှုန်း တက်တာတွေ ကြည့်ပါပဲ။ အဲဒီပေါ်မှာကြည့်ပြီး |
|
ရောင်းရတဲ့ အပေါ်မှာလည်း ဈေးနှုန်းတက်ရတာပေါ့။ ၁၉၉၇-၁၉၉၈ ခုနှစ်လောက်မှာ နယ်တွေစပြီး ဖြန့်ပါတယ်။ကုန်ကြမ်းအနေ နဲ့ကတော့ နမ့်ဆမ်က ထွက်တဲ့လက်ဖက်ကို ကိုယ်စားလှယ် တစ်ဦးတည်းဆီက ဝယ်ပြီး သုံးပါတယ်။ အဓိက ကတော့ ကျွန်တော်တို့လိုပစ္စည်းကို ကိုယ်သုံးနေကျ ပုံစံအတိုင်း နှစ်လ၊ သုံးလ ကြိုတင်ပြီး အော်ဒါမှာ ထားရတာပေါ့။ လက်ရှိမှာ ကျွန်တော်တို့ ရောင်းချနေတဲ့ ပစ္စည်းကတော့ လက်ဖက်ညွန့်၊ လက်ဖက်ချဉ်စပ်၊ လက်ဖက်ရှူးရှဲ၊ ပဲနှစ်ပြန်ကြော်တို့ကို အဓိက ရောင်းချပါတယ်။ တစ်ယောက်စာ၊ နှစ်ယောက်စာ ပေါ့ပေါ့ ပါးပါး၊ ဈေးသက်သက် သာသာနဲ့ ဝယ်စားချင်လို့ လုပ်ထားတဲ့ ပါကင်ထုပ်လေး တွေရှိပါတယ်။ ဈေးကြီးကြီးနဲ့ လူလေး၊ ငါးယောက်စာ လက်ဆောင်ပေး ချင်တာတွေကို ပါကင်ထုပ်အကြီး သူ့ဈေးနှုန်းနဲ့ သူရှိပါတယ်။ ဒါပေမဲ့ ပစ္စည်းအရသာနဲ့ အရည် အသွေးကို တစ်မျိုးတည်းပဲ ထုတ်လုပ် ရောင်းချတာပါ။ ခေတ်နဲ့ အညီ ဈေးကွက်ကတော့ အဓိက လက်ဖက်ထဲမှာ ထည့်တဲ့ပစ္စည်း ကောင်းရမယ့်အပြင် ထုပ်ပိုးတဲ့ ပါကင်တွေကအစ လှပသေသပ်မှု ရှိအောင် လုပ်ရတာပေါ့။ နောက်တခြား မတူတဲ့ဖော်မြူလာနည်း ပညာပစ္စည်း အရည်အသွေးအဓိက စံချိန်စံညွှန်းနဲ့ ထိန်းသိမ်းပြီး လုပ်ရပါတယ်။ ၁၉၉၅ ခုနှစ်ကစလုပ်တဲ့ ရွှေတုပ်နဲ့ ၂၀၁၀ ခုနှစ်မှာလုပ်တဲ့ ရွှေတုတ်က တစ်သွေးတည်း တစ်သားတည်း ဖြစ်ရမယ်ဆိုတဲ့ ရည်ရွယ် ချက်ကိုလည်း အဓိကထားပါတယ်။ |
|
ကျွန်တော်တို့ လုပ်ငန်းက စားသောက်ကုန်ဆိုတော့ ကျန်းမာ ရေးနဲ့ညီညွတ်အောင်၊ သန့်ရှင်းသပ်ရပ် မှုရှိအောင် ဂရုတစိုက်နဲ့ ပြုလုပ်ပါတယ်။ ရွှေတုတ်လက်ဖက်ကိုလည်း ရန်ကုန်ကျန်းမာ ရေးဌာနက အကုန်လုံး စစ်ဆေးပြီး ထုတ်လုပ်ခွင့် လိုင်စင်ကိုလည်း ၂၀ဝ၉ ခုနှစ်၊ ၆ လပိုင်းက ထုတ်ပေးပြီးပါပြီ။ ရွှေတုတ်မိုးကုတ် လက်ဖက်ဆိုတဲ့ အဓိပ္ပာယ်က နာမည်အဓိက ယူလိုက်တာပါ။ ကျွန်တော်တို့က မန္တလေးကပါ။ အဲဒီဒေသက မဟုတ်ပါဘူး။ ဖြန့်ချိတဲ့ ဒေသတွေကတော့ ရန်ကုန်၊ ရှမ်းပြည်နယ်၊ မူဆယ်၊ လားရှိုး၊ ဗန်းမော်၊ လွိုင်ကော်၊ တောင်ကြီးအထိ ပို့ရပါတယ်။ အဓိကကတော့ ရန်ကုန်ကို အများဆုံး ပို့ရပါတယ်။ |
|
ကျွန်တော်တို့ရဲ့ လက်ဖက်ရှူးရှဲနှပ်၊ ချဉ်စပ်နှပ်တို့က နှစ်ပတ်ကျော်၊ သုံးပတ်အထိ အထားခံပါတယ်။ အဓိကကတော့ လက်ဖက်နှပ်တွေ ထဲမှာဆီမပြတ်ဖို့ပဲ။ လက်ဖက်ထဲမှာ ဆီမြုပ်နေရင်တော့ တစ်လ ထားလည်း ဘာမှမဖြစ်ပါဘူး။ အကြော်စုံကိုလည်း ပဲနှစ်ပြန် ကြော်ကို ပဲဆီသန့်နဲ့ ကြော်ပါတယ်။ မိရိုးဖလာနည်း အတိုင်း လက်ဖက်နှပ်တဲ့အခါ သံပရာ သီးစစ်စစ်၊ ပဲဆီသန့်၊ ဆားဆိုရင် အိုင်အိုဒင်းဆားပဲ သုံးပါတယ်။ လက်ဖက်နယ် တဲ့နေရာမှာ ကျွန်တော်တို့က လူနယ်တာထက် စက်နဲ့နယ်တာက ကျန်းမာရေးအတွက် ကောင်းပါတယ်။ ကျွန်တော်တို့က စက်ကိရိယာ ကိုတော့ ၂၀ဝ၀-၂၀ဝ၁ ခုနှစ်မှာစပြီး သုံးတာပါ။ အကုန်လုံး စတီးတွေချည်းပါပဲ။ အလှူမင်္ဂလာ ဆောင်တွေမှာလည်း အော်ဒါလက်ခံ ပြီး စိတ်တိုင်းကျ ဆောင်ရွက်ပေးပါတယ်။ ရွှေတုတ် လက်ဖက်ကိုလည်း ဆိုးဆေး ကင်းရှင်းတဲ့ အကြောင်း၊ ကျန်းမာရေးနဲ့ ညီညွတ် တဲ့အတွက်ကြောင့် မိဘပြည်သူများ ယုံကြည်စိတ်ချစွာ စားသုံးနိုင်ပါ တယ်လို့ ပြောချင်ပါတယ်။ |
|
စိန်ပလောင်လက်ဖက်
နှစ် ၂၀ ကျော်ရှိပါပြီ။ |
ရွှေပလောင်ကနေ နာမည်ပြောင်း ထားတာပါ။ လက်ဖက်မျိုးရိုး မဟုတ်ပေမဲ့ ကျွန်တော့် အမျိုးသမီးက ဇယန်းလက်ဖက် ထွက်တဲ့ဒေသ ကပါ။ကျွန်တော်က ပဲကြော်ထွက်တဲ့ နွားထိုးကြီးဘက်ကပါ။ အစက တော့စီးပွား ဖြစ်မဟုတ်ဘဲ အိမ်ထောင်ကျခါစ အလုပ်မရှိလို့အမျိုးသမီး ရဲ့ဒေသ ထွက်လက်ဖက် ကိုလုပ်ဖြစ် သွားတာပါ။ တရုတ်တန်း ဈေးဟောင်းမှာ စရောင်းတာပါ။ လုပ်ခါ စကတော့ ဈေးကွက်ထဲ တော်တော်နဲ့ မဝင်နိုင်သေး ပါဘူး။ အောက်ခြေကနေစပြီး တဖြည်းဖြည်း ချင်းလက်ဖက်ကို အလွတ်ရောင်းပြီး နောက်မှ နာမည်လေးရလာတော့ |
| |
|
|
မှ နှပ်ပြီးသားတို့၊ အကြော်စုံတို့ ရောင်းပါတယ်။ ကုန်ကြမ်းအတွက်ကတော့ ပင်းတယ၊ နမ့်ဆမ်တို့ဘက် က ခြံရှင်တွေဆီက မှာပါတယ်။ အများဆုံးကတော့ ပင်းတယဘက်က ဆိုးဆေးမပါတဲ့ လက်ဖက်ကို သီးသန့်မှာပြီး ဝယ်ပါတယ်။ |
|
ရောင်းချမှုပုံစံကတော့ အရင်က နှပ်တာတွေ သိပ်မရှိတော့ လက်ဖက်အသားချည်း သီးသန့်ရောင်းပါတယ်။ အခုကျမှ ခေတ်နဲ့အညီ အချိုးကျကျလေးနှပ်ပြီး ရယ်ဒီမိတ်တွေများ လာတော့ တော်တော်လေး ဈေးကွက်ဝင်ပါတယ်။ ကျွန်တော်တို့ နှပ်တဲ့နည်းစနစ်နဲ့ထားရင် နှစ်လ ကျော်အထိ အထားခံပါတယ်။ အဓိကကတော့ လက်ဖက်ဆိုတာ အအေးကြိုက် တဲ့အမျိုးဆိုတော့ ကျွန်တော်တို့ နှပ်ပြီးသားလက်ဖက်ကို ရေခဲသေတ္တာထဲ အအေးခံ ထားတာဆိုတော့ မှိုမတက်တော့ဘူး။ အရောင် တီဗီကြော်ငြာလည်း မလွှင့်ရသေးပါဘူး။ ကြော်ငြာဆိုင်းဘုတ်ထောင် တာတို့၊ မင်းသား၊ မင်းသမီး ပြက္ခဒိန်ဝေတာလေးတွေနဲ့တင် ဈေးကွက်မှာ တော်တော်လေး ရောင်းအားကောင်းလာပါတယ်။ |
|
|
အခု လောလောဆယ်တော့ နယ်မှာဖွင့်ဖို့ အစီအစဉ် မရှိသေးပါဘူး။ ကိုယ်စားလှယ် သဘောမျိုး သူတို့နာမည်နဲ့ သူတို့ ယူရောင်းတာ တွေတော့ ရှိပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ လက်ဖက်က သဘော တရားနားမ လည်တဲ့သူတွေ ယူရောင်းရင် လက်ဖက်ညိုတာတို့၊ ပုပ်တာ တို့ဖြစ်မှာစိုးတဲ့ အတွက်ကြောင့် ကိုယ့်နာမည်တော့ မပေးပါဘူး။ ကျွန်တော်တို့က လက်ဖက် ကောင်းရဖို့အတွက် ရှမ်းပြည်နယ် တောင်ပိုင်း ပင်းတယ ပတ်ချာလည်တစ်ဝိုက်က ဝယ်ပါတယ်။ တချို့ဒေသတွေက လက်ဖက်ညိုတာတို့၊ ခါးတာတောင် ရိုးရိုးခါးတာမဟုတ်ဘူး၊ တောရိုင်း လက်ဖက်ပုံစံ အရမ်းခါးတာတို့ ရှိပါတယ်။ အဲဒါကြောင့် လက်ဖက် ဝယ်တဲ့အခါ နယ်မြေရွေးရတယ်။ အကောင်းဆုံးက တန်ခူး၊ ကဆုန် မိုးမကျမီ ရွှေပြည်လက်ဖက်က အကောင်းဆုံးနဲ့ လှိုင်လှိုင်ထွက်တဲ့အချိန်၊ နောက်တစ်ခုက ဆောင်းအဝင် သီတင်းကျွတ်၊ တန်ဆောင်မုန်း နှင်းဓာတ်နဲ့ဆိုတော့ လက်ဖက်အရည်အသွေးကောင်းတယ်။ အရောင် လည်း လှတယ်။ အရသာလည်း ကောင်းတယ်။ ကျွန်တော်တို့အနေနဲ့ ကတော့ ကုန်ကြမ်းမပြတ် အောင် သီတင်းကျွတ်၊ တန်ဆောင်မုန်း လက်ဖက်ကို တန်ခူး၊ ကဆုန်ထိရအောင် တစ်နှစ်စာ ရောင်းအားနဲ့ တွက်ပြီး လှောင်ရတာပေါ့။ နယ်တွေဘက်ကတော့ ရှူးရှဲနှပ်နဲ့ အညွန့် နှပ်ကို အဝယ်များတယ်။ ရှူးရှဲနှပ်ကိုတော့ သူတို့ဆီကျမှ ငရုတ်သီးတို့၊ ကြက်သွန်ဖြူ တို့ထည့်ပြီး ပြန်ရောင်းခိုင်းတာပါ။ လက်ဖက်နှပ်တဲ့နေရာမှာ ကျွန်တော်တို့အနေနဲ့ တီထွင်ဆန်းသစ် ထားတာ မရှိပါဘူး။ အခု နောက်ပိုင်း ဆိုးဆေး၊ မှိုဆေး၊ တာရှည်ခံဆေး တို့မသုံးတော့ဘဲ နောက်ပိုင်း ချဉ်စပ်ဆိုရင် ဘယ်အမျိုးအစားကို သုံးရင် ပိုပြီး တာရှည်ခံမလဲ၊ အရောင် ပိုလှမလဲဆိုတဲ့ နည်းပညာပိုင်း လေးတွေတော့ ဆန်းစစ်ရတာပေါ့။ လက်ဖက်အညွန့် ဆိုရင်လည်း တာရှည်ခံအောင် အအေးခန်းလေးနဲ့ ထည့်ထားရတာပေါ့။ |
|
|
အဓိကကတော့ လက်ဖက်စားတော့ မယ်ဆိုရင် အခုခေတ် အနေ အထားအရ မိရိုးဖလာနည်းအတိုင်းနှပ်တဲ့ လက်ဖက်ကိုပဲ ဝယ်ယူစားသုံး သင့်ပါတယ်။ ဆား၊ ဟင်းချိုမှုန့်၊ သံပရာသီးတို့နဲ့နှပ်တဲ့ လက်ဖက် က မိရိုးဖလာနည်းပါ။ အခု နောက်ပိုင်းပေါ်နေတဲ့ ဆေးသကြား တို့၊ သကြားခဲတို့ လက်ဖက်ထဲမှာ ထည့်တဲ့အတွက် ကျန်းမာရေး အနေနဲ့ အန္တရာယ်များပါတယ်။ ကျွန်တော်တို့က အခု လမ်း ၈၀ မှာ တစ်ဆိုင်၊ ဘူတာကြီးမှာ တစ်ဆိုင်၊ ရတနာပုံဈေးထဲမှာ တစ်ဆိုင် ဆိုင် သုံးဆိုင်ရှိပါတယ်။ ကျွန်တော့်ရဲ့ ဖုန်းနံပါတ်က ၂၀၁၁၃၉၁၊ ကျွန်တော့်အမျိုးသမီး ရဲ့ ဖုန်းက ၂၁၅၀၉၁၃ မှာ စုံစမ်း မေးမြန်းဝယ်ယူနိုင်ပါတယ်။ |
| |
|
|
|
အခုအခါ လက်ဖက်ရောင်းချမှု မှာ လက်ဖက်ပစ္စည်းစုံနဲ့ အသင့် နယ်စားရတဲ့ အနေအထား ရအောင် ထုတ်လုပ်ရောင်းချ လာကြပါတယ်။ အားလပ်ရက်မှာ လက်ဖက်ချဉ်စပ် လုပ် စားမယ်ဆိုရင် လက်ဖက် အစိတ်သားကို ပဲဆီအသန့် ၁၅ ကျပ်သား လိုပါမယ်။ လက်ဖက်ထဲကို ဆားထည့်နယ်ပြီး ရေစစ် ဒါမှမဟုတ် အဝတ်သန့်သန့်ထဲ ထည့်ပြီး အရည်စင် အောင်ညှစ် ပေးရပါမယ်။ ပြီးမှ လက်ဖက်ထဲကို ပါးပါးလှီး ထားတဲ့ ငရုတ်သီးစိမ်း၊ သကြား၊ ဟင်းချိုမှုန့်၊ ပုစွန်ခြောက်မှုန့်၊ သံပရာရည်တို့ နဲ့ နယ်ပြီး နှပ်ထားပါ။ စားခါနီးရင် သံပရာရည် နည်းနည်း ထပ်ထည့်ပြီး ကိုယ့်စိတ်ကြိုက် လက်ဖက် ချဉ်စပ်ကို စားသုံးနိုင်ပါတယ်။ အညွန့်နှပ် လိုချင်ရင်တော့ အချဉ်နဲ့ ငရုတ်သီး မထည့်ဘဲ နယ်ရမှာပါ။ အညွန့်နှပ်ပဲဖြစ်ဖြစ်၊ ချဉ်စပ်နှပ်ပဲ ဖြစ်ဖြစ် အရသာရှိရှိ စားချင်ရင်တော့ လက်ဖက်ကို ရေစင်အောင် ညှစ်ဖို့နဲ့ ဆီသန့်များများ ထည့်ဖို့ပဲ လိုကြောင်း တင်ပြပေးလိုက်ရပါတယ်။ |
|
ဝိုင်း |
0 comments:
Post a Comment