တောင်ယာ၊ လယ်ယာ ။ ။ ပလောင်လူမျိုးများသည် လက်ဖက်အပြင် ဒုတိယ ပင်မ အသက်မွေးဝမ်းကျောင်း တောင်ယာ၊ လယ်ယာကိုလည်း စိုက်ပျိုးစားသုံးကြပါသည်။ တောင်ယာစိုက်ပျိုးရာတွင် သုံးနှစ်တစ်ကြိမ်နေရာပြောင်းရွှေ့စိုက်ပျိုးရပါသည်။ တောင်ယာစိုက်ပျိုးသည့်အခါတွင် ရေမလိုအပ်ပေ။ တောင်ယာစိုက်ပျိုးသည့်အခါတွင် တောင်စောင်း၊ တောင်ကမ်းပါးများ၊ ကုန်းမြင့်များတွင် စိုက်ပျိုးပါသည်။
လူအင်အားနှင့် ရင်းနှီးပြုလုပ်ထားရပါသည်။ လက်ယာစိုက်နိုင်ရန်အတွက် သစ်ပင်ချုံနွယ်အစ ရှိသည့်တို့ကို ခုတ်ရှင်းလေ့ရှိပါသည်။ ခုတ်ထားသော သစ်ပင်တို့ကို တန်ခူးလတွင် မီးပြန်ရှို့ရပါသည်။ များသော အားဖြင့် တောင်ယာထိုးထားသည့်အခါတွင် ပေါက်ပြားထူးရွင်းများနှင့် တူးဆွခြင်းဖြင့် လူအင်အားနှင့် အသုံးပြုရပါသည်။ နတ်တော်၊ ပြာသို၊ တပို့တွဲလများတွင် တောင်ယာ စပါးကောက်လှိုင်များကို တလင်း၌နှယ်ကြသည်။
တောင်ယာစိုက်ပျိုးခြင်း ပင်ပန်းသော အလုပ်တခုဖြစ်ပါသည်။ သုံးလေးကြိမ် စိုက်ပျိုးသည့်အခါတွင် မြေသြဇာနည်းပါး သည့် အခါတွင် တနေရာသို့ ပြောင်းရွှေ့ရပါသည်။
လယ်ယာ ။ ။ လယ်ယာများကို နွေရာသီတွင် လယ်ယာမြေကို ပြန်လည်တူးဆွခြင်းပြုလုပ်ပါသည်။ စပါးပျိုးသည့်အခါတွင် တပေါင်းလလောက်ဖြစ်ပါသည်။ မိုးတွင်းချိန်တွင် စပါးကောက်စိုက်ချိန်ဖြစ်ပါသည်။ ဝါခေါင်နှင့်တော်သလင်းလတွင် စပါးပေါင်းသင်းရှင်းလင်းချိန်ဖြစ်ပါသည်။ သီတင်းကျွတ်လ၊ စပါးရိတ်သိမ်းထားပါသည်။ တန်ဆောင်မုန်းလတွင် စပါးကို ရုပ်သိမ်းအချိန်ဖြစ်ပါသည်။ လယ်ယာတွင် ရေရှိသော နေရာတွင် စိုက်ပျိုးရပါသည်။ လူအင်အားကို အသုံးပြုရသလို ကျွဲအင်အားကိုလည်း များသောအားဖြင့် အသုံးပြုရပါသည်။
မီးသွေး ။ ။ နမ့်ခမ်းမြို့နယ်တွင် လက်ဖက်ခြောက်ဈေးနှုန်း ကျဆင်းမှုကြောင့် ပင်မလက်ဖက်ကို မီးသွေးအရောင်းအဝယ်သို့ ပြောင်းလဲရှာကြပါသည်။ မီးသွေးကို နွေရာသီနှင့် ဆောင်းရာသီတွင် အဓိကပြုလုပ်ပါသည်။ ကျန်သော မိုးရာသီတွင်လည်း အချို့မိသားစုတွင် မီးသွေးဖုတ်နေပါသည်။ မီးသွေးပြုလုပ်သည့်အခါတွင် ပထမဦးဆုံး တောပေါများသောနေရာတွင် ရှာဝယ်ထားရပါသည်။ ပထမအဆင့်တွင် ကျင်းတူးနိုင်မယ့်နေရာတွေ ရှာပြီး ရှင်းရပါသည်။ ထို့မှတဆင့် ကျင်းတူးရပါသည်။ ကျင်းမကောင်းလျှင် ကျင်းပြိုတက်ပြီး မီးသွေးပေါင်းများစွာ ဆုံးရှုံးရပါသည်။ တခါတလေမှာ လူခွဲပြီး တချို့သောလူကို ကျင်းတူးနေစဉ်မှာ ကျန်လူများကို ထင်းခုတ်ရပါသည်။ ထင်းနှင့်ကျင်းတူပြီးပြီနောက်ပိုင်း မီးသွေးစဖုတ်နိုင်ပါသည်။ မီးသွေးကို ဆောင်းရာသီတွင် အကောင်းဆုံးထုတ်လုပ်ချိန်ဖြစ်ပါသည်။ ဤရာသီတွင် မီးသွေးဖုတ်၍ မြို့တွင်း(သို့)တခြားနေရာတွင် ရောင်းဝယ်ရန်အတွက် လမ်းပန်းဆက်သွယ်ရေး လွယ်ကူပါသည်။ နွေရာသီတွင် ရာသီဥတုပူလွန်းတဲ့အတွက် မီးသွေးကျင်းထဲ မီးပေါက်နိုင်ပါသည်။ မီးသွေးထုတ်ချိန်တွင် ရေအများကြီး လိုအပ်ပါသည်။ လူပင်ပန်းပြီး မီးသွေးထွက်တဲ့ပမာဏလည်း လျော့နည်းပါသည်။ မိုးရာသီတွင် မီးသွေးဖုတ်သည့်အခါတွင် အန္တရာယ်များလှပါသလို မိုးရာသီတွင် ကျင်းများပြိုတတ်သည်။ တချို့မီးသွေးထုတ်နေစဉ်မှာ မြေပြိုပြီး လူကို ထိခိုက်စေပါသည်။ ထင်းခုတ်၊ ထင်းသယ်၊ မီးသွေးဖုတ်သည့်အခါတွင် လူနှင့်ငွေအင်အား အသုံးပြုရပါသည်။
Sunday, January 16, 2011
လက်ဖက်အပြင် တခြားသော အသက်မွေးဝမ်းကျောင်းများ
Posted by ဆန၀်းနော;မှေဲမ်း on 6:18:00 PM
RADIO ( ရေဒီယိုအစီအစဉ် )
Movies
other blogger
- Akyitaw (အကြည်တော်)
- Ta'ang lay(တအာင်းလေး)
- andamanhero
- mizzima
- zarganarဇာဂနာ)
- thirilinkamonks(သီရိလက်ာရောက်ရဟန်းများ)
- shwewaryaung(ရွေဝါရောင်တော်လှန်ရေး)
- shanhumanright(ရှမ်းလူ့ အခွင့်အရေးအဖွဲ့ )
- mghla(မောင်လှ)
- saungyunela
- kyethwe(ကေသွယ်)
- maynyane(မေငြိမ်း)
- yanaung(ရန်အောင်)
- dream house(အိပ်မက်အိမ်)
- linletkyalsin(လင်းလက်ကြယ်စင်)
- against the ditatorship
- bbwob
- burmadictatorwatch(စစ်အုပ်စုစောင့်ကြည့်ရေးအဖွဲ့)
- hinlinpyin(ဟင်းလင်းပြင်)
- aungkyawaw(အမှတ်တရလေးများ)
- soneseayar(ဆုံဆည်းရာ)
- yienaing(မိုင်းအိုက်ဒဲ့)
- Doctor lunswe(ဒေါက်တာလွမ်းဆွေ)
- komoethee(ကိုမိုးသီးဆွန်)
0 comments:
Post a Comment