DEMONSTRATING ABOUT THE TA'ANG PEOPLE AND TA'ANG LAND

ရံပ်ရို;ငို;အူန်းစာခြိုဝ်းနှာမ်းအဲတအာင်းတော်န်းချှေးနာ်

Saturday, May 29, 2010

USDA party hand in incentive and canvass in Namhsan Township

17/5/2010

U Khun Pont led Namhsan USDA party is canvassing for coming election in Shan state (north), Kyaukme district, in Namhsan township of villages.

Further more, as the Namhsan USDA party is organizing and canvassing in community they have request and promise to the village youth leader and village based CBO, USDA member teacher that they will support the material and money for who organize and canvass the people to come and vote for government political party of USDA. Additionally, Namhsan USDA party has started their canvassing since April and they almost finished that process.

Particularly, U Khun Pont led Namhsan USDA party said that they will give a computer, hand phone, as well as transportation fee and some amount of money; in total approximately it will be fifteen hundred thousands (150000)Kyats for every person who organize and canvass villagers to come and vote for USDA party in 2010 general election.

“Not only right now they come persuade us but also they have came and persuade us in previous time too. For instant, school committee and teacher, than some villager who concern with TPDC have shared us about the good points of USDA and how excellent of USDA. According to their word, they said if we vote for USDA we will have more opportunities in our town or village” said one of local man

However, some local people report that they do not trust on issue that if we voted for government’s USDA party; it will support us in our future freedom and community development in anyway.

Information and documentation department

Ta’ang Student and Youth Organization

Contact; ph 080 118 4479/ 082 887 8443
Read more »

Innocent villagers arrested, tortured and accused of drug trafficking by Militia

We have concrete news that on May 16th, 2010, Tun Myat lay militia group who are based in Nahsam Township, Nonsai village accused and arrested three villagers for using opium. However, they did not have any evidence that the villagers were using opium. The three villagers, U chit Shwe, U Aik Hlaing and U Own Pae, are from upper Man Lawi village. These three villagers were tortured and abused by Tun Myat lay’s militia group, although, they did not use any illegal opium.

“Yes, that right we have an addict in our village, but I believe these three people did not use it. Because we are in the village and we know each other, if they used opium, we will hear the news as we have heard about others addicts” said a villager who was concerned with this case.

“Even though they were arrested, they were only suspected by militia. When they were arrested, there was no evidence of opium use. They did not have any opium in their possession. Afterwards, the militia told us that if we be able to give money of over three hundred thousands Kyat (300,000) or four hundred thousand Kyat (400,000), they will release them” said a person who was concerned with the case.

Since early April, the three villagers arrested are still being detained. The families of the detainees could not afford to give four hundred thousand Kyat (400,000), which the militia asked of them.

Local communities mainly depend on tea for an income and on previous occasions when there have been arrests it cost a lot of money for the cases to be resolved or paid off. Like wise, this year in Ta’ang region there was less rain and thus less production of tea. As a result in local people are in financial difficulty and unfortunately they are suspected and being detained by militia. Consequently, the local communities’ are really anxious about the future.

Information and documentation department

Ta’ang Students and youth Organizations

Contact; ph 08011844799

0828878443
Read more »

Authorities putting security in place around Ruili electric power a cause of community discontent

12/May/2010

According to local authority’s orders the police and militia are watching the Ruili electric power very closely. This has been happening since third week of April 2010 in Shan State (north), Muse district, Numkham Township in Mantak Ruili electric power.

The reason for this occurrence is because when the communities are using the electric from china they have a rapport, and after they have to change and use the Myanmar Ruili electric power, they are often faced with a shortage of electricity problem. Although, this happens the community still have to pay for electricity every month. Moreover, Myanmar Ruili electric power fee is not pleasant for the community and even though, they are giving the electric fee regularly, they oftentimes do not have electricity for whole month. As a result of this, the communities around the Ruili electric power are discontent.

“Currently, we have heard a lot of explosions, the communities do not get the electricity from this Ruili electric power and they are discontent. We worry that the local people will detonate the Ruili electric power called Ruili dam and the militia will come and take a security base here.” said a guard of Ruili electric power.

”After we have changed the electric meter box, we do not get the electric regularly. Thus, even we do not get it we have to give one thousand for meter box maintenance not only that one but also the community people are really discontent because of the change of electricity supply. During Myanmar water festival, we did not have any electric and the Kaung Tak villagers went and argued with electrical office. Therefore, they put all at Ruili dam at a security risk because they afraid of that local people will detonate the Ruili dam” one woman who lives in Namkham Township said

“Some villages have asked the authority if they can return their meter box fee and some have got one third of their money, some do not get anything they are discontent” she continued to say.

The bombs that explored during water festival do not have any benefit to the people and it result is only losing the damming electricity. For this reason, the authority put in security at Ruili dam.

Information and documentation department

Ta’ang Students and Youth Organization

Contact: ph 08011844799

0828878443
Read more »

Thursday, May 20, 2010

နမ့်ဆန်မြို့နယ်အတွင်း ကြံ့ဖွံ့ အဖွဲ့ ဝင်များ မက်လုံးပေးမဲဆွယ်

၁၇၊ ၅၊ ၂၀၁၀
ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲခရိုင် နမ့်ဆန်မြို့ နယ်ရှိ ကျေးရွာအများစုကို နမ့်ဆန်အခြေစိုက်“ဦးခွန်ပွင့်” ဦးဆောင်
သော ကြံ့ဖွံ့ အဖွဲ့ ဝင်များသည် မဲဆွယ် စည်းရုံးမှု ပြုလုပ်နေကြောင်း ယမန်နေ့ က စုံးစမ်းသိရှိရသည်။

အဆိုပါကြံ့ဖွံ့ အဖွဲ့ များသည် ဧပြီလမှစ၍ စည်းရုံးမှုဆင်းကာ ယခုလအတွင်းတွင် ပြီးစီးသလောက်ရှိပြီဖြစ်ကြောင်းလည်း
ဖြစ်သည်။ ထိုသို့ ” ဦးခွန်ပွင့်” ဦးဆောင်သောကြံ့ဖွံ့ အဖွဲ့ များ သည် ကျေးရွာများတွင်ရှိသော လူငယ့်ခေါင်းဆောင် ၊
ရွာဖွံ့ ဖြိုရေးလုပ်ဆောင်နေသည့် ရွာတွင်းအဖွဲ့ ငယ်များ နှင့်ကြံ့ဖွံ့ အဖွဲ့ ဝင်ကျောင်းဆရာ ၊ မ များကိုပါ နိုင်ငံတော်၏
ပါတီဖြစ်သည့် ကြံ့ဖွံ့ ပါတီကို ဒေသခံမိဘပြည်သူများက မဲပေးလာနိုင်ရန်အတွက်စည်းရုံးပေးမည်ဆိုလျှင် ပစွည်းများနှင့်
ငွေပါ ကူညီပေးသွားမည် ဟု ကတိပေးခဲ့ကြောင်းလည်းသိရှိရသည်။

ထို “ဦးခွန်ပွင့်” ဦးဆောင်သောကြံ့ဖွံ့ အဖွဲ့ များသည် ၂၀၁၀ရွေးကောက်ပွဲတွင် မှတ်ပုံတင်ပြီးသွားသည့်ကြံ့ဖွံ့ ပါတီကို
မဲပေးလာနိုင်ရန်အတွက်မဲဆွယ်စည်းရုံးပေးနိုင်သူတိုင်း ကွန်ပျူတာ ၊ လက်ကိုင်ဖုန်း နှင့် လာရောက်မဲပေးသည့်အချိန်
အသွားအပြန်ဆိုင်ကယ်ဆီဖိုးနှင့် ငွေများ ပေးမည်ဟု ခန့် မှန်းငွေအားဖြင့် တစ်ရွာ လျှင်ဆယ်သိန်းခွဲ (၁၅၀၀၀၀)ကျပ်ဖြစ်
မက်လုံးပေးစည်းရုံးသွားသည်ဟုသိရသည်။

ရွာသားတစ်ဦးက “ အရင်ကလည်း ကြံ့ဖွံ့ ပါတီတွေရဲ့ ကောင်းကြောင်းကိုလာပြီးပြောပြတာတော့ရှိပါတယ်။ ဥပမာ
ကျောင်းကော်မတီ တို့ ကျောင်းဆရာ၊ မတို့ ပေါ့လေ နောက်မြို့ က မယက နဲ့ ဆက်စပ်မှုရှိတဲ့ ရွာကလူတစ်ချို့လည်း
ပါတယ်။ အေပေါ့ သူတို့ ပြောပုံကဆိုရင် ဒီရွေးကောက်ပွဲမှာဝင်ပြိုင်တဲ့ ကြံ့ဖွံ့ ပါတီကို မဲပေးရင် ကျနော်တို့ ရွာတွေမြို့ တွေ
လုပ်ပိုင်ခွင့်ပိုရလာမယ်” ဟု ပြောပြသည်။

အချို့ ပြည်သူများကလည်း နိုင်ငံတော်၏ ပါတီဖြစ်သည့် ကြံ့ဖွံ့ ပါတီကို မဲပေးမည်ဆိုလျှင် ကျတော်တို့၏ အနာဂါတ်
လွတ်လပ်ခွင့် နှင့် ကျနော်တို့ ဒေသဖွ့ံဖြိုရေးအတွက် အထောက်ကူပြုမှု တစ်စုံတစ်ရာရှိလာမည်မယုံကြည်ကြောင်း
သိရှိရသည်။

သတင်းနှင့်ပြန့် ကြာရေးဌာန
တအာင်းကျောင်းသားများနှင့်လူငယ်အစည်းရုံး
ဆက်သွယ်ရန် 080 118 4479/ 082 887 8443
Read more »

အပြစ်မဲ့ပြည်သူများကို မူးယစ်ဆေးဝါးအကြောင်းပြပြီး ဖမ်းဆီးညှင်းပန်းနေ

နမ့်ဆန်မြို့ နယ် ငွန်စိုင်းကျေးရွာ အခြေစိုက် ပြည့်သူစစ်ခေါင်ဆောင် “ထွန်မြတ်လေး” ဦးဆောင်သောပြည်သူစစ်အဖွဲ့ 
သားများသည် အထက်မန်လွယ်ကျေးရွာနေ ဦးချစ်ဆွေ ၊ ဦးအိုက်လှိုင် နှင့်ဦးအုန်းဖေတို့ ဖြစ်ကြသည့် ရွာသားများကို
သက်သေမရှိဘဲမူးယစ်ဆေးဝါးသုံးဆောင်နေသည့်ဟု အကြောင်းပြပြီးမတရားဖမ်းဆီးခေါ်ဆောင်သွားကြောင်း
မေ. ၁၆ .၂၀၁၀ ရက်နေ့ တွင် စုံးစမ်းသိရှိရသည်။

၎င်းအဖမ်းခံရသည့် ရွာသား သုံးယောက်သည် ထိုစွပ်စွဲမှု မူးယစ်ဆေးဝါးသုံးစွဲခြင်းကိုမပြုလုပ်မသုံးစွဲဘဲ
” ထွန်းမြတ်လေး “ဦးဆောင်သော ပြည်သူစစ်အဖွဲ့ သားများ၏ ကိုယ်ထိလက်ရောက် ရိုက်နှက်ညှင်းပမ်းနှိပ်စက်ခြင်းကို
ခံရခြင်းဖြစ်သည်။

အဆိုပါအကြောင်းရာနှင့်ပါတ်သက်၍ “ ဟုတ်ပါတယ် ရွာမှာ မူးယစ်ဆေးဝါးသုံးစွဲနေတဲ့လူတွေရှိတယ်ဆိုတာမှန်ပါတယ်
ဒါပေမဲ့လေ အခုအဖမ်းခံရတဲ့ လူလေးယောက်က မသုံးစွဲဘူးဆိုတာယုံတယ်။ဘာဖြစ်လဲဆိုတော့ ကျနော်တို့ က
တစ်ရွာထဲသားတွေပဲ တကယ်လို့ သူတို့ သုံးစွဲနေတယ်ဆိုရင်သူတို့ သတင်းတွေကြားရမှာပေါ့ တစ်ချို့ သုံးစွဲနေတဲ့
လူတွေရဲ့ သတင်းကြားရသလိုပေါ့ “ ဟု အဖမ်းခံရသူနှင့်တစ်ရွာတည်းန်ေရွာသားတစ်ဦးပြောပြချက်အရသိရသည်။

“အခုသူတို့ ကိုဖမ်းသွားတယ်ဆိုတာလည်း ဘာမူးယစ်ဆေးမှ သူတို့ လက်ထဲမိတာမရှိဘူး သံသယဖြစ်ပြီးဖမ်းသွား
တာပဲ။ တစ်ယောက်ကို ကျပ်ငွေ( ၃၀၀၀၀၀ ) ကျော် ( ၄၀၀၀၀၀) ပေးနိုင်မယ်ဆိုရင်လွတ်ပေးမယ်လို့  “ဟု
၎င်းအဖမ်းခံသူ တစ်ရွာတည်းနေတဲ့ ရွာသားတစ်ဦးကဆက်ပြောသည်။

အဖမ်းခံရသည့်ရွားသားသုံးယောက်သည် ဧပြီလဆန်ပိုင်းမှ ဖမ်းဆီးချုပ်နှောင်ခံရသော်လည်း ပြည်သူစစ်တောင်းထား
သောငွေ ( ၄၀၀၀၀၀) ကိုမပေးနိုင်သဖြင့် ယခုချိန်ထိ၎င်းတို့ ၏ဖမ်းဆီးချုပ်နှောင်းခြင်းကိုခံနေရဆဲဖြစ်သည်။

လက်ဖက်ကိုအဓိကစိးပွားရေးအဖြစ်လုပ်ကိုင်စားသောက်နေသည့်ဒေသခံမိဘပြည်သူများသည် ယခင်ကလည်း
မတရားဖမ်းဆီမှုကိုခံနေရပြိး ငွေအမြောက်များကုန်ခံနေရသည်။ အလားတူယခုနှစ်တွင်လည်း မိုးနည်းသော
ကြောင့်လက်ဖက်ထွက်နုန်းလျော့ကျသဖြင့် မိသားစု စီးပွားရေးပြသာနာရင်ဆိုင်နေရသည့်ကြားတွင် အခုလို
သံသယအဖြစ် ဖမ်းဆီးချူပ်နှောင်နေရသည်ကို၎င်းမိသားစုတို့ ၏ အနာဂါတ်စီးပွားရေးနှင့် စားဝတ်နေရေး
အလွန်ပင်စိုးရိမ်နေရကြောင်းဖြစ်သည်။

သတင်းနှင့်ပြန်ကြားရေးဌာန
တအာင်းကျောင်းနှင့်လူငယ်များအစည်းအရုံး
ဆက်သွယ်ရန်။ ။ph:၀၈၀၁၁၈၄၄၇၉
၀၈၂၈၈၇၈၄၄၃
Read more »

ရွှေလီရေအားလျှပ်စစ် အပေါ် ပြည်သူတွေ မကျေမနပ်ဖြစ်သောကြောင့် အာဏာပိုင်များကလုံခြုံရေးချ

12-မေလ-၂၀၁၀
ရှမ်းပြည်မြောက်ပိုင်း မူဆယ်ခရိုင် နမ့်ခမ်းမြို့ နယ်အတွင်း မန်တပ်ရွှေလီရေအားလျှပ်စစ်ရေကာတာ၏ပတ်ပတ်လည်တွင်
အပေါ်ကအာဏာပိုင်အမိန့် အရ ရဲများနှင့် ပြည်သူ့ စစ်တို့ ကို ၂၀၁၀ဧပြီလတတိယအပတ်မှ စ၍ လုံခြုံရေးကင်းလှည့်ခိုင်း
ကြောင်းသိရသည်။

အဆိုပါကင်းလှည့်စောင့်ရခြင်းသည် မြန်မာလျှပ်စစ်မီး ပုံမှန်မလာဘဲ မီတာဖိုးကို ငွေပမာဏမနည်း လစဉ်ပုံမှန်
ဆောင်ခိုင်းပြီး မီးတစ်လလုံးလုံးမလာဘဲပျက်နေသည်ကိုလည်းရှိသဖြင့် ၄င်းလျှပ်စစ်ရေကာတာ ပတ်ဝန်းကျင်တွင်
နေထိုင်သည့် မိဘပြည်သူများ မကျေနပ်ကြပေ။ ထိုဒေသခံပြည်သူများ တရုတ်မီးသုံးနေစဉ်တွင် အဆင်ပြေမူရှိပြီး
လက်ရှိမြန်မာရွှေလီရေကာတားရေအားလျှပ်စစ် ပြောင်းသုံးသည့်အခါ မီးခကိုပုံမှန်ဆောင်ရပြီး မီးပုံမှန်မလာဘဲ
ခဏခဏပျက်နေသည်ဟုသိရသည်။

ဤအကြောင်းရာနှင့်ပါတ်သက်၍ ကင်းစောင့်တစ်ဦးက “ အခုလက်ရှိအခြေနေမှာ ဗုံးပေါက်ကွဲမူခဏခဏကြားနေရ
တယ်လေ အဲတော့ အခုလို ဒီရွှေလီရေအားလျှပ်စစ်ကရလာတဲ့မီးကလည်း ပုံမှန်မလာတဲ့အတွက်ကြောင့် ရွာကလူတွေ
မကျေနပ်ချင်ကြဘူး။ ပြည်သူတွေ ဒီရေကာတာကို ဖေါက်ခွဲမှာစိုးလို့ ကျတော်တို့ ကိုလုံခြုံရေးအဖြစ် ကင်းစောင့်ခိုင်း
တယ်” ဟု ပြောပြသည်။

နမ့်ခမ်းမြို့ဒေသခံတဦးက “ကျမတို့ မီးမီတာ ပြောင်းပြီးနောက်ပိုင်းမှာ မီးက ပုံမှန်မလာတော့ဘူး။ မီတာထိန်းသိမ်းခ
၁၀၀၀ကျပ်လဲ ပုံမှန်ပေးရသေးတယ် မီးမီတာ ပြောင်းတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ပြည်သူ့လူထုတွေ သိပ်ပြီးမကျေနပ်
ကြဘူး။ ဘာဖြစ်လို့လဲဆိုတော့ သင်္ကြန်ကာလအတွင်းမှာ မီးလုံးဝမလာဘူး ပြီးတော့ ကောင်းတပ်ရွာက လူတွေဆိုရင်
လျှပ်စစ်ရုံးမှာ သွားပြီး စကာများရန်ဖြစ်တာရှိသေးတယ်ဆိုတော့ ပြည်သူတွေ ဖေါက်ခွဲမူလုပ်မှာကြောက်လို့ သူတို့ 
အခုလိုရွှေလီရေအားလျှပ်စစ်ရေကာတာကို လုံခြုံရေးတွေချနေတာ” ဟုပြောပြသည်။

“တချို့ ရွာကလူတွေ ပေးဆောင်ရတဲ့ မီတာခ ကုန်ကျငွေတွေကိုပြန်တောင်းတယ်သုံးပုံတစ်ပုံပြန်ရတဲ့လူတွေရှိသလို
ဘာမှပြန်မရတဲ့လူတွေလည်းရှိတော့ လူတွေကမကျေနပ်ကြဘူး “ ဟု သူကဆက်ပြောသည်။

၂၀၁၀ သင်္ကြန်ကာလအတွင်း ဖြစ်ပြတ်ခဲ့သည့် ဗုံးပေါက်ကွဲမူများသည် ပြည်သူတွေအတွက်အကျိုးမရှိ ဆုံးရှုံးမူသာ
ရရှိပြီး တည်ဆောက်ထားသည့် ရေအာလျှပ်စစ်ရေကာတာ များကို ဖေါက်ခွဲမူဖြစ်သည့်အတွက် သို့ ဖြစ်၍ယခုလို
ရွေလီရေအားလျှပ်စစ်ရေကာတာကိုလုံခြုံရေးချခြင်းဖြစ်သည်။

တအာင်းကျောင်းသားများနှင့်လူငယ်အစည်းအရုံး
သတင်းပြန်ကြာရေးဌာန
Read more »

ပလောင်ဒေသတွင် ရွေးကောက်ပွဲအတွက် ပြည်သူ့စစ်အတင်းဖွဲ့ပေးခြင်းနှင့် မှတ်ပုံတင်ထုတ်ပေးခြင်းများ ပြုလုပ်နေ

၎ရက်၊ ဧပြီလ၊ ၂၀၁၀ခုနှစ် ရှမ်းပြည်မြောက်ပိုင်း မူဆယ်ခရိုင် နမ့်ခမ်းမြို့ နယ်ရှိ မန်တပ်အခြေစိုက်သော ခလရ ၁၄၄ နှင့်
ရဲများပူးပေါင်း၍ ၂၀၁၀ရွေးကောက်ပွဲအတွက် ပြည်သူ့စစ်လူဦးရေ ပိုမိုများပြားလာရန်အတွက် နမ့်ခမ်းမြို့နယ်ရှိ
စယ်လုံကျေးရွာနှင့် ပန်ကူကျေးရွာရှိ ရွာသူ၊ သားများကို တအိမ်လျှင် လူငယ်တဦး ပြည်သူစစ်အသင်းဝင်ရန်အတွက်
စာရင်းကောက်ခံပြီး ရွာသားများကို စစ်သုံးသော သေနတ်များ စစ်တပ်သုံး စစ်လက်နက်များတပ်ဆင်ပေးထားသည်ဟု
သတင်းရရှိပါသည်။

ရွာသားတဦးပြောပြချက်အရ “သေနတ်ပေးတဲ့အချိန်မှာ နောက်လိုအပ်ရင် သုံးဖို့နဲ့ မိမိလုံခြုံရေးအတွက်နဲ့ ကိုယ့်ကိုယ်ကို
ကာကွယ်ဖို့ဆိုပြီး ပေးသွားတယ်။ မယူလို့လဲမရဘူး။ ပြီးတော့ တအိမ်ကိုတယောက် သေနတ်ယူထားရပါတယ်။”
ဟု့ပြောသည်။

ရွာသားများသည် မိမိဆန္ဒမပါဘဲ ပြည်သူ့စစ်လုပ်ရန် အတင်းအဓမ္မ နာမည်စာရင်းသွင်းခံရခြင်းဖြစ်သည်။ ထို့ပြင်
ပြည်သူ့ဝင်သော သူများကို လစာတစ်လလျှင် ကျပ်ငွေ ၃၀၀၀၀ (သုံးသောင်း)ထောက်ပံ့မည်ဟု သိရရှိရပါသည်။

ထိုနည်းတူစွာဖြင့် ၃၀ရက်နေ့၊ ဧပြီလ၊ ၂၀၁၀ခုနှစ် နမ့်ခမ်းမြို့နယ် နမ့်စိပ်ဘက်မှ မန်စပ်ကျေးရွာကို နမ့်ခမ်းမြို့နယ်တွင်းရှိ
ကြံ့ဖွံ့အသင်းများက ရောက်လာ၍ ရပ်ရွာလူကြီးများနှင့် အစည်းအဝေးပြုလုပ်ပါသည်။ အစည်းအဝေး အကြောင်းအရာ
များပြည်သူ့စစ်အဖွဲ့ဝင်လိုသူများအတွက် ၀င်နိုင်ကြောင်း၊ မှတ်ပုံတင်မရှိသေးသော လူငယ်များကိုလည်း မှတ်ပုံတင်
ကဒ်ပြား ထုတ်ပေးမည်ဟုလည်း ဆွေးနွေးခဲ့ပါသည်။ ဤပုံမှတ်တင်ထုတ်ပေးခြင်းသည် ၂၀၁၀ရွေးကောက်ပွဲအတွက်
အရေးပေါ်ထုတ်ပေးသည်ဟု သိရရှိရပါသည်။

”တကယ်လို့ ပြည်သူ့စစ်အဖွဲ့ဝင်ရင် မှတ်ပုံတင်ကဒ်ပြားထုတ်ပေးမယ်။ အဲဒီမှတ်ပုံတင်ကို ကိုင်ဆောင်တဲ့သူက
မြန်မာနိုင်ငံတခုလုံး ဘယ်နေရာပဲ သွားသွား၊ ဘယ်ဂိတ်ပဲဖြတ်ဖြတ် တာဝန်ခံဂိတ်တွေ မစစ်ဆေးဘဲ ကိုယ်သွားချင်တဲ့
နေရာကို လွတ်လွတ်လပ်လပ်သွားနိုင်“ဟု ဒေသခံတဦးက ပြောခဲ့ပါသည်။ ”မှတ်ပုံတင်မရှိတဲ့ လူတွေကို အရေးပေါ်
ထုတ်ပေးတယ်ဆိုတာ ၂၀၁၀ ရွေးကောက်ပွဲအတွက်ဖြစ်ပါတယ်“ နောက်ဒေသခံတဦးက ပြောပြခဲ့ပါသည်။

ထိုနည်းတူစွာဖြင့် နမ့်ခမ်းမြို့နယ်၊ ပန်ခါးအုပ်စု၊ ဟိုနားကျေးရွာရှိ ကျေးရွာဥက္ကဌများသည် အထက်ကပေးထားသော
အမိန့်နှင့် ၈တန်းအောင်သော ကျောင်းသားများဖြစ်၍ အသက်၂၅နှစ်အောက် လူငယ်များကို ရဲဝန်ထမ်းလုပ်ဆောင်ရန်
အတွက်လိုက်လံစည်းရုံးသည်ဟု သတင်းရရှိပါသည်။ ”ရဲလုပ်ရင် လစာတစ်လကို ၅၀၀၀၀ကျပ်(ငါးသောင်း)ရမယ်တဲ့။
ပြီးတော့ တခြားသော ကြားပေါက်ဝင်ငွေလည်း ရှာတတ်ရင် ရဦးမယ်“ ဟု စည်းရုံးခံရသည့် လူငယ်တစ်ဦးက
ပြောပြခဲ့ပါသည်။

၂၀၁၀ရွေးကောက်ပွဲအတွက် ပြည်သူ့စစ်များ တိုးချဲ့ခြင်း၊ ရဲများလုပ်ဆောင်ရန် စည်းရုံးခြင်း၊ အရေးပေါ်မှတ်ပုံတင်
ပြုလုပ်ပေးခြင်းသည် အမြတ်ရမည်ကို ပြောပြီး မက်လုံသွားသည်ဟု သိရရှိရပါသည်။

ယခင်တွင်လည်း မန်စပ်ကျေးရွာတွင် ဖွဲ့စည်းထားသော ပြည်သူ့စစ်များသည် မန်စပ်ကျေးရွာတွင် ရပ်ရွာလုံခြုံရေး
အတွက် အိမ်တိုင်းကို တစ်လလျှင် ကျပ်ငွေ ၁၅၀၀ (တစ်ထောင်ငါးရာ)ကျပ်ဖြင့် အတင်းအဓမ္မကောက်ခံခဲ့သည်။
ကောက်ခံရရှိသော ပိုက်ဆံကို မည်သည့်နေရာတွင် အသုံးပြုသည်ကို ရွာသူ၊ သားများက သေသေချာချာ
မသိပေ၊ ပြည်သူ့စစ် လုံခြုံရေးအတွက်ဆိုပြီး လုံခြုံရေးကင်းလှည့်တာကိုလည်းမတွေ့ဟု ရွာသာများ၏
ပြောပြချက်အရ သိရရှိရပါသည်။

ပလောင်အမျိုးသမီးအစည်းအရုံး
သတင်းနှင်သုတေသနဌာန
ဆက်သွယ်ရန်-၀၈၂၁၆၄၈၁၁၅
Read more »

ပလောင်ဒေသရှိ နအဖတပ်ရင်များမှ ပြည်သူ့စစ်ကောက်ခံပြီး စစ်သင်တန်းပို့ချ

ကျောက်မဲမြို့ အခြေဆိုက် ခလရ (၅၀၁၊ ၅၀၂) မှ မိုင်းငေါ့မြို့နယ် ကျေးရွာအုပ်စု နှစ်ခုဖြစ်သော မြို့သစ်ကျေးရွာအုပ်စုနှင့်
အုမ်းမဆွန်ကျေးရွာ အုပ်စုတို့တွင် ၂၀၁၀ ဧပြီလ အတွင်း (၅) ရက် ကြာ စစ်သင်တန်း နှစ်ကြိမ် ပေးသွားသည် ဟုသိရသည်။

“ ကျနော်တို့ ရွာမှာက ပြည်သူစစ်ခေါင်းဆောင် ဦးကျော်အုန်း ဦးဆောင်ပြီးတော့ပေါ့ အုပ်စုဝင် ရွာတွေဖြစ်တဲ့ ရွာငါးရွာက
ပြည်သူ့စစ် (၆၀) ကို ၅၀၁၊ ၅၀၂ က စစ်သားတွေနဲ့ ဒီမှာ သင်တန်း ပေးတာပေါ့ အဲ့ဒီ စစ်သားတွေရဲ့ ရာထူးနဲ့ နာမည်
ကိုတော့ ကျနော်လည်း မပြောတတ်ဘူး ၄ ရက် ကနေ ၈ရက် နေ့ထိ(၅) ရက်သင်တန်းပေးသွားတယ်။ လိုအပ်တဲ့
ရိက္ခာနဲ့ စစ်ဝတ်စုံတွေကိုတော့ ရွာကလူတွေဆီဘဲ ပိုက်ဆံကောက်ပြီး လုပ်သွားတယ် ” ဟု အုမ်းမဆွန် ကျေးရွာမှရွာ
သားတစ်ဦး မှပြောပြသည်။

ယင်း ခလရ (၅၀၁၊ ၅၀၂) မှ စစ်သားများကပင် အုမ်းမဆွန် အုပ်စု ပြည်သူ့စစ်များအား စစ် သင်တန်းပေးအပြီး
ဧပြီလ ၁၀ ရက်မှ ၁၅ ရက်ထိ မြိုသစ်ကျေးရွာအုပ်စု တွင်လည်း မြို့သစ် ကျေးရွာအပါအ၀င် ရွာလေးရွာမှ ပြည်သူစစ်
အင်အား (၅၀)အား စစ်သင်တန်းပေးခဲ့သည်ဟု သိရသည်။ သင်တန်းအပြီးတွင်လည်း တစုံတရာ လက်နက်ပေးထား
ခြင်းမရှိကြောင်းလည်း သိရသည်။

ဒေသခံ ရပ်မိရပ်ဖ တစ်ဦးက “ ဒါသူတို့က ရပ်ရွာလုံခြုံရေးလို့ပြောနေပေမဲ့ သူတို့ရဲ့ တကယ် ရည်ရွယ် ချက်က ရှမ်းတွေ၊
ကချင်တွေနဲ့ စစ်ဖြစ်ရင် အခုစစ်သင်တန်းတက်တဲ့လူ ပြည်သူစစ်တွေကို ရှေ့ တန်းမှာ အသုံးပြုဖို့ လုပ်နေတာတယ် ပြီးရင်
၂၀၁၀ ရွေကောက်ပွဲကို ဆန့်ကျင့်မည့်သူများကို ဖော် ထုတ်ရန်ဖြစ်သည့်” ဟု ဆက်လက်ပြောပြသည်။

ကျောက်မဲခရိုင် မိုင်းငေါ့ မြို့ ၊ နမ့်ဆန်မြို့ ၊ မန်တုန်းမြို နယ်များအတွင်းရှိကျေးရွာများတွင်ယခင်က ကျေးရွာလုံးခြုံ ဟု
အကြောင်းပြပြီး ပြည်သူစစ်များစုဆောင်နေသော်လည်းယခု အချိန်လောက် မိဘပြည်သူတွေ ထိတ်လန့် စိုးရိမ်နေရ
ခြင်းမရှိပေ။ ယခုခါတွင်နယ်ခြားစောင့် တပ်အသွင်ကူး ပြောင်း ရေး နှင့်ပါတ်သက်ပြီးစစ်ရေးအရအသုံးချနိုင်ရန် အခုလို
ပြည်သူစစ်စုဆောင်မူ အရှိုန်မြှင့်တင် နေ တာဖြစ်သည်ဟု မိဘပြည်သူများကသံသယရှိနေခြင်းဖြစ်သည်။

ယင်းစစ်သင်တန်းအတွက် ကုန်ကျစရိတ်အားလုံးအား ကျေးရွာ ဥက္ကဌ မှ ၄င်းတို့၏ အုပ်စုဝင်ကျေးရွာ များထံမှ
ပြန်လည်ကောက်ခံရသည်ဟုလည်း သိရှိရပါသည်။

သတင်းနှင့်ပြန်ကြားရေးဌာန
တအာင်းကျောင်းသားနှင့်လူငယ်များအစည်းအရုံး
ဆက်သွယ်ရန်။ ၀၈၀ ၁၁၈ ၄၄၇၉၊ ၀၈၂ ၈၈၇ ၄၄၃
Read more »

မိုးသည်းထန်ခြင်းနှင့် လေပြင်းစွာတိုက်ခတ်

၇-မေလ-၂၀၁၀ခုနှစ် သျှမ်းပြည်မြောက်ပိုင်း မူဆယ်ခရိုင် နမ့်ခမ်းမြို့ နယ် ရှိ နောင်စန်.ရပ် ကွက်၊ဟိုကတ်ရပ်ကွက်နှင့်
ဆာလုရွာ ၊ မန်ခမ်းရွာ ၊ ဖာလင်ရွာနှင့် လွယ်အင်ကျေးရွာ စသည့်နေရာများတွင် အနောက်ရပ်မှ မိုးပြင်း၊ လေပြင်းများ
( ၃ ) နာရီခန့်  ၀င်ရေက်တိုက်ခတ်သွားခဲ့သည်။

၎င်းတိုက်ခတ်မူကြောင့် ပြည်သူများအချို့ ကောက်ပဲသီးနံ နှင့် အိုးအိမ်များ ထိခိုက်ဆုံးရှုံး သွားသည်။ နမ့်ခမ်းမြို့ အတွင်းရှိ
ဓါတ်တိုင်များပြိုလဲခြင်း ၊ စိုက်ထူထားသော စည်ပင်ဆိုင်းဘုတ်များပြိုလဲခြင်း နှင့် လျှပ်စစ် ပြတ်တောက် မူများလည်
ကြုံတွေ့ သည်ဟုသိရသည်။

လေပြင်းမုန်တိုင်းတိုက်ခတ်မူဒဏ်ကို မြို့ ခံတစ်ဦးက “ တော်တော်ကိုဆိုးပါတယ်ကွာ စတိုက်ချိန်မှာ ဘယ်လောက်
မှမပြင်းဘူး တစ်နာရီ နီးပါးလောက်ကြာမှ တိုက်ခတ်မူကအရှိုန်တစ်ဖြည်းဖြည်းနဲ့ ပြင်းလာ တယ် အဲနောက် ပိုင်းအချို့ 
အိမ်တွေ ဓါတ်တိုင်တွေ အပေါ်ကကျိုးကျလာတဲ့သစ်ကိုင် ကြီးရိုက်ခတ်မူ ကြောင့် စပြီးပြိုကျ ပျက်စီး တော့တာပဲ”

ထိုတိုက်ခတ်မူကြောင့် ထိခိုက်နစ်နာကြုံတွေ့ နေရသော အိမ်ထောင်စုစုပေါင်း ( ၅၀ ) ခန့် ဖြစ်ပြီး လေပြင်း တိုက်ခတ်
နေချိန်ကာလတွင် မိုးသည်းထန်ပြီး မိုးသီးများပါကျလာပြီး ရေကြီးမှုများဖြစ်သောကြောင့် စိုက်ထားသည့် အချို့ သီးနှံများ
နှင့် အချိုးခူးလို့ မပြီးသေးသည့်လက်ဖက်များလည်း ပျက်စီးခြင်းရှိသည် ဟုလည်း သူက ဆက်ပြောသည်။

ယခုလိုလေပြင်းထန်စွာတိုက်ခတ်ခြင်းနှင့် အလားတူ ပြိးခဲ့သည့်လ တတိယအပါတ်တွင် မန်တုန်မြို့ နယ် နှင့်
မူဆယ်မြို့ နယ် မှာလည်းကြုံတွေ့ ခဲ့ရပြီး အဆောက်အဦးနှင့် ပြည်သူအချို့ များမှထိခိုက်ဒဏ် ရာရပြီး ဆေးရုံး
တက်ရ သူများရှိခဲ့ပါသည်။

၎င်းဒေသခံပြည်သူများသည် စီးပွားရေးအဆင်မပြေမူ နှင့်အတူ ယခုလို လေပြင်းတိုက်ခတ်ဒဏ်ကြုံတွေ့ နေရ
သောကြောင့် ဒေသခံများ အခက်အခဲကြုံတွေ့ နေရပါသည်၊၊

သတင်နှင့်းပြန်ကြာရေးဌာန
တအာင်းကျောင်းသားများနှင့်လူငယ်အစည်းအရုံး

ဆက်သွယ်ရန်
၀၈၀ ၁၁၈ ၄၄၇၉၊ ၀၈၂ ၈၈၇၈ ၄၄၃
Read more »

Sunday, May 9, 2010

နမ့်ဆန် ပညာရေး ၀န်ထမ်းများအား ရွေးကောက်ပွဲ ကြည့်ကြပ်ရေး သင်တန်းပေးနေ

ဧပြီ ၃၀ ရက် ၂၀၁၀ တွင် နမ့်ဆန် ပညာရေးမှူး ဦးသိန်းဟန် မှ နမ့်ဆန်မြို့နယ် နှင့် မြို့နယ် အတွင်းရှိ ကျေးရွာ အုပ်စု
(၁၀) ခုရှိ ပညာရေး ၀န်ထမ်းများအား သင်ကြားမှု စွမ်းရည်မြင့်တင်ရေးနှင့် ပတ်သက်သည့်သင်တန်းဟု အကြောင်းပြ၍
ရွေးကောက်ပွဲ ကြည့်ကြပ်ရေးနှင့် ပက်သက်သည့် သင်တန်းများပေးနေသည်ဟု သိရသည်။

“ ပညာရေးမှူး ဦးသိန်းဟန် က မြေပြန်ကနေ ရောက်လာပြီး ကျောင်းအုပ်အဖြစ် တာဝန်ထမ်းဆောင်နေတဲ့ ကျောင်းအုပ်
၏တွေက တဆင့် အဲ့ဒီသင်တန်းတက်ဖို့ကျနော်တို့ကိုခေါ်တာလေ ဧပြီ ၃၀ ရက် နေ့ကစာရောက်တယ် မေလ ၂ ရက် နေ့
ပညာရေးမှူးရုံးကို အရောက်လာ ရမယ်ပေါ့” ဟု နမ့်ဆန်မြို့နယ်ရှိ ကျေးရွာအုပ်စု ပညာရေးဝန်ထမ်းတစ်ဦးက
ပြောပြသည်။

“ကျောက်ဖြူ၊ အရမ်၊ ဟိုချောင်း၊ ဘုရားကြီး၊ ဟူခင်၊ မန်လုံး၊ ကယာလမ်း၊ ပန်စရီ၊ အပါအ၀င် အုပ်စု (၁၀)ခုက
ပညာရေးဝန်ထမ်း (၂၀၀) ကျော်လောက် လာတက်ကြမယ် ပညာရေးမှူးရုံး မှာဘဲပေါ့ ၃ရက်နေ့ ကနေ ၉ ရက်နေ့ထိ
(၇) ရက် သင်တန်းပေါ့ သင်ကြားမှုစွမ်းရည် မြင့်တင်ရေး သင်တန်း လို့တော့ ပြောတယ် ဒါပေမဲ့ ကျနော်သိရ
သလောက်တော့ ဒီရွေးကောက်ပွဲ ဖြစ်လာရင် ကြည့်ကြပ်ဖို့အတွက် သင်တန်းပေးမှာဖြစ်တယ်လို့ သိရတယ်” ဟု
နမ့်ဆန်မြို့ ပေါ်ရှိ ပညာရေး ၀န်ထမ်းတစ်ဦးက ပြောပြသည်။

ပြီးခဲသော ၂၀၀၈ လုထု ဆန္ဒခံယူပွဲတွင်လည်း ပညာရေး ၀န်ထမ်းများသာလျှင်ကြည့်ကြပ် ခဲ့ရပြီး ယခု ၂၀၁၀
ရွေးကောက်ပွဲဖြစ်လာလျှင်လည်း ပညာရေးဝန်ထမ်းများသာလျှင် အသုံးပြုမည်ဖြစ်သဖြင့် ယခုကဲ့ သို့ သင်တန်း
ပေးနေခြင်းဖြစ်သည်။

သတင်းပြန်ကြားရေးဌာန
တအာင်းကျောင်းသားနှင့်လူငယ်များအစည်းအရုံး

ဆက်သွယ်ရန်။
၀၈၀ ၁၁၈ ၄၄၇၉
Read more »

စစ်အစိုးရရုံးများပြင်ဆင်ရန် ပြည်သူများထံ အတင်းအဓမ္မငွေကောက်ခံ

ရှမ်းပြည်နယ်မြောက်ပိုင်း မန်တုန်မြို့နယ်တွင် ၁၇ ရက် ဧပြီလ ၂၀၁၀ ညနေ (၃) နာရီမှ (၅) နာရီထိ ခလရ (၁၃၀)
တပ်ကုန်းအား ဗဟိုပြုပြီးပြင်းထန်သောလေဆင်နှာမောင်း ၀င်ရောက် တိုက်ခတ်ခဲ့သည်။ ထို တိုက်ခတ်မှုကြောင့်
အစိုးရရုံး၊ စစ်စခန်း၊ လ္ဘက်စက်ရုံနှင့် လူနေအိမ်များ ပျက်စီးဆုံးရှူံးခဲ့သည်။

ထိုတိုက်ခတ်မှုကြောင့် ဆုံးရှုံမှုများကို ရွာသားတဦးက “မန်တုန်မြို့တွင်း လ္ဘက်စက်ရုံတစ်ရုံ၊ အိမ်ခြေပေါင်း (၃၀)၊
စည်ပင်ရုံး၊ စိုက်ပျိုးရေးရုံး၊ အထက်တန်းကျောင်း နှင့်စစ်တပ်တွင်းမှာရှိတဲ့ အဆောက်အဦးတွေ ပျက်ကုန်တယ်။
ကာလငွေတန်ဖိုး ကျပ်သိန်း (၃၀၀) ကျော် လောက် ဆုံးရှုံးမယ်” ဟုပြောခဲ့သည်။

စည်ပင်ရုံးနှင့်စိုက်ပျိုးရေးကို ပြန်လည်ပြုပြင်ရန်အတွက် မယက ဥက္ကဌ မှ မေလ (၁) ရက်နေ့ တွင် သက်ဆိုင်ရာ
မြိုနယ်ရပ်ကွက် လူကြီးများနှင့် အစည်းအဝေးပြုလုပ်ပြီး ရွာသားများထံမှ ငွေကောက်ခံ ခိုင်းကြောင်းသိရှိရသည်။
ထိုကောက်ခံငွေများကို မေလ(၇) ရက်နေ့ နောက်ဆုံးထားပြီး ငွေအပ်ရမည်” ဟုလည်းအမိန့်ထုတ် ထားသည်။

ငွေကောက်ခံရာတွင် ဆင်းရဲသားမိသားစုများကို ကျပ် ၂ သောင်း၊ လူလတ်တန်းစားများကို ၅ သောင်း နှင့် ချမ်းသာတဲ့
မိသားစု(၁)သိန်း၊သစ်ကုန်သည်တရုတ်သူဌေးများထံ(၅)သောင်း၊ ကုန်စုံဆိုင် အသေးစားတွေဖွင့် ထားတဲ့ပလောင
်မိသားစုများထံမှ ကျပ်ငွေ(၁)သိန်းကောက်ခံသောကြောင့် ဒေသခံများက မကျေမနပ်ဖြစ် နေသည်။

ဒေသခံတဦးပြောပြရာတွင် “ပလောင်လ္ဘက်စက်ရုံပိုင်ရှင်တစ်ယောက်ဆိုရင် အမိုးတွေ လေနဲ့ ပါပြီးပျောက်ကုန်လို့
သွပ် အချပ် (၂၅၀) ကျော်လောက်ပြန်ဝယ်ပြီး လက်ဖက်စက်ရုံကိုပြန်မိုးရ လို့ ငွေကုန်ဒုက္ခဖြစ်နေတဲ့ အချိန်မှာ မယက
ဥက္ကဌ က ‘မင်းစက်ရုံပြိုတာ မင်းကိစ္စ အခု ပြိုသွားတဲ့ ရုံးတွေပြုပြင်ဖို့ အတွက် မင်း ငွေ (၅) သောင်းပေးရမယ်’ လို့
ခြိမ်းခြောက်ပြောဆိုခဲ့သည်။ထိုစက်ရုံပိုင်ရှင်က အဆင်မပြေကြောင်း မယကဥက္ကဌ ကိုတောင်းပန်သော်လည်း
လက်မခံခဲ့ဘူး”

ထိုရက်အတွင်းတိုက်ခတ်ခဲ့သောလေဆင်နှာမောင်းသည် စစ်တပ်စခန်းအား (၃) ကြိမ် ၀င်ရောက် တိုက်ခတ်ခဲ့ပြီး
မြို့တွင်းတစ်ခါသာလျှင် တိုက်ခတ်ခံရသည်ဟုသိရသည်။ ထိုလေးပြင်းတိုက်ခိုက်မှုကြောင်း ဖြစ်ပေါ်သော ဆုံးရုံးမှုများ
ကိုမည်သည့်အဖွဲမှဝင်ရောက်ကူညီမှု မရှိသေးကြောင်းသိရသည်။

သတင်းပြန်ကြားရေးဌာန
တအာင်းကျောင်းသားနှင့်လူငယ်များအစည်းအရုံး

ဆက်သွယ်ရန်
၀၈၀ ၁၁၈ ၄၄၇၉၊ ၀၈၂ ၈၈ ၇၈၄၄၃
Read more »

ကော်န်းတအာင်းအူချှေး

 
Powered by Blogger