DEMONSTRATING ABOUT THE TA'ANG PEOPLE AND TA'ANG LAND

ရံပ်ရို;ငို;အူန်းစာခြိုဝ်းနှာမ်းအဲတအာင်းတော်န်းချှေးနာ်

Thursday, May 20, 2010

အပြစ်မဲ့ပြည်သူများကို မူးယစ်ဆေးဝါးအကြောင်းပြပြီး ဖမ်းဆီးညှင်းပန်းနေ

နမ့်ဆန်မြို့ နယ် ငွန်စိုင်းကျေးရွာ အခြေစိုက် ပြည့်သူစစ်ခေါင်ဆောင် “ထွန်မြတ်လေး” ဦးဆောင်သောပြည်သူစစ်အဖွဲ့ 
သားများသည် အထက်မန်လွယ်ကျေးရွာနေ ဦးချစ်ဆွေ ၊ ဦးအိုက်လှိုင် နှင့်ဦးအုန်းဖေတို့ ဖြစ်ကြသည့် ရွာသားများကို
သက်သေမရှိဘဲမူးယစ်ဆေးဝါးသုံးဆောင်နေသည့်ဟု အကြောင်းပြပြီးမတရားဖမ်းဆီးခေါ်ဆောင်သွားကြောင်း
မေ. ၁၆ .၂၀၁၀ ရက်နေ့ တွင် စုံးစမ်းသိရှိရသည်။

၎င်းအဖမ်းခံရသည့် ရွာသား သုံးယောက်သည် ထိုစွပ်စွဲမှု မူးယစ်ဆေးဝါးသုံးစွဲခြင်းကိုမပြုလုပ်မသုံးစွဲဘဲ
” ထွန်းမြတ်လေး “ဦးဆောင်သော ပြည်သူစစ်အဖွဲ့ သားများ၏ ကိုယ်ထိလက်ရောက် ရိုက်နှက်ညှင်းပမ်းနှိပ်စက်ခြင်းကို
ခံရခြင်းဖြစ်သည်။

အဆိုပါအကြောင်းရာနှင့်ပါတ်သက်၍ “ ဟုတ်ပါတယ် ရွာမှာ မူးယစ်ဆေးဝါးသုံးစွဲနေတဲ့လူတွေရှိတယ်ဆိုတာမှန်ပါတယ်
ဒါပေမဲ့လေ အခုအဖမ်းခံရတဲ့ လူလေးယောက်က မသုံးစွဲဘူးဆိုတာယုံတယ်။ဘာဖြစ်လဲဆိုတော့ ကျနော်တို့ က
တစ်ရွာထဲသားတွေပဲ တကယ်လို့ သူတို့ သုံးစွဲနေတယ်ဆိုရင်သူတို့ သတင်းတွေကြားရမှာပေါ့ တစ်ချို့ သုံးစွဲနေတဲ့
လူတွေရဲ့ သတင်းကြားရသလိုပေါ့ “ ဟု အဖမ်းခံရသူနှင့်တစ်ရွာတည်းန်ေရွာသားတစ်ဦးပြောပြချက်အရသိရသည်။

“အခုသူတို့ ကိုဖမ်းသွားတယ်ဆိုတာလည်း ဘာမူးယစ်ဆေးမှ သူတို့ လက်ထဲမိတာမရှိဘူး သံသယဖြစ်ပြီးဖမ်းသွား
တာပဲ။ တစ်ယောက်ကို ကျပ်ငွေ( ၃၀၀၀၀၀ ) ကျော် ( ၄၀၀၀၀၀) ပေးနိုင်မယ်ဆိုရင်လွတ်ပေးမယ်လို့  “ဟု
၎င်းအဖမ်းခံသူ တစ်ရွာတည်းနေတဲ့ ရွာသားတစ်ဦးကဆက်ပြောသည်။

အဖမ်းခံရသည့်ရွားသားသုံးယောက်သည် ဧပြီလဆန်ပိုင်းမှ ဖမ်းဆီးချုပ်နှောင်ခံရသော်လည်း ပြည်သူစစ်တောင်းထား
သောငွေ ( ၄၀၀၀၀၀) ကိုမပေးနိုင်သဖြင့် ယခုချိန်ထိ၎င်းတို့ ၏ဖမ်းဆီးချုပ်နှောင်းခြင်းကိုခံနေရဆဲဖြစ်သည်။

လက်ဖက်ကိုအဓိကစိးပွားရေးအဖြစ်လုပ်ကိုင်စားသောက်နေသည့်ဒေသခံမိဘပြည်သူများသည် ယခင်ကလည်း
မတရားဖမ်းဆီမှုကိုခံနေရပြိး ငွေအမြောက်များကုန်ခံနေရသည်။ အလားတူယခုနှစ်တွင်လည်း မိုးနည်းသော
ကြောင့်လက်ဖက်ထွက်နုန်းလျော့ကျသဖြင့် မိသားစု စီးပွားရေးပြသာနာရင်ဆိုင်နေရသည့်ကြားတွင် အခုလို
သံသယအဖြစ် ဖမ်းဆီးချူပ်နှောင်နေရသည်ကို၎င်းမိသားစုတို့ ၏ အနာဂါတ်စီးပွားရေးနှင့် စားဝတ်နေရေး
အလွန်ပင်စိုးရိမ်နေရကြောင်းဖြစ်သည်။

သတင်းနှင့်ပြန်ကြားရေးဌာန
တအာင်းကျောင်းနှင့်လူငယ်များအစည်းအရုံး
ဆက်သွယ်ရန်။ ။ph:၀၈၀၁၁၈၄၄၇၉
၀၈၂၈၈၇၈၄၄၃

0 comments:

ကော်န်းတအာင်းအူချှေး

 
Powered by Blogger