DEMONSTRATING ABOUT THE TA'ANG PEOPLE AND TA'ANG LAND

ရံပ်ရို;ငို;အူန်းစာခြိုဝ်းနှာမ်းအဲတအာင်းတော်န်းချှေးနာ်

Sunday, May 9, 2010

နမ့်ဆန် ပညာရေး ၀န်ထမ်းများအား ရွေးကောက်ပွဲ ကြည့်ကြပ်ရေး သင်တန်းပေးနေ

ဧပြီ ၃၀ ရက် ၂၀၁၀ တွင် နမ့်ဆန် ပညာရေးမှူး ဦးသိန်းဟန် မှ နမ့်ဆန်မြို့နယ် နှင့် မြို့နယ် အတွင်းရှိ ကျေးရွာ အုပ်စု
(၁၀) ခုရှိ ပညာရေး ၀န်ထမ်းများအား သင်ကြားမှု စွမ်းရည်မြင့်တင်ရေးနှင့် ပတ်သက်သည့်သင်တန်းဟု အကြောင်းပြ၍
ရွေးကောက်ပွဲ ကြည့်ကြပ်ရေးနှင့် ပက်သက်သည့် သင်တန်းများပေးနေသည်ဟု သိရသည်။

“ ပညာရေးမှူး ဦးသိန်းဟန် က မြေပြန်ကနေ ရောက်လာပြီး ကျောင်းအုပ်အဖြစ် တာဝန်ထမ်းဆောင်နေတဲ့ ကျောင်းအုပ်
၏တွေက တဆင့် အဲ့ဒီသင်တန်းတက်ဖို့ကျနော်တို့ကိုခေါ်တာလေ ဧပြီ ၃၀ ရက် နေ့ကစာရောက်တယ် မေလ ၂ ရက် နေ့
ပညာရေးမှူးရုံးကို အရောက်လာ ရမယ်ပေါ့” ဟု နမ့်ဆန်မြို့နယ်ရှိ ကျေးရွာအုပ်စု ပညာရေးဝန်ထမ်းတစ်ဦးက
ပြောပြသည်။

“ကျောက်ဖြူ၊ အရမ်၊ ဟိုချောင်း၊ ဘုရားကြီး၊ ဟူခင်၊ မန်လုံး၊ ကယာလမ်း၊ ပန်စရီ၊ အပါအ၀င် အုပ်စု (၁၀)ခုက
ပညာရေးဝန်ထမ်း (၂၀၀) ကျော်လောက် လာတက်ကြမယ် ပညာရေးမှူးရုံး မှာဘဲပေါ့ ၃ရက်နေ့ ကနေ ၉ ရက်နေ့ထိ
(၇) ရက် သင်တန်းပေါ့ သင်ကြားမှုစွမ်းရည် မြင့်တင်ရေး သင်တန်း လို့တော့ ပြောတယ် ဒါပေမဲ့ ကျနော်သိရ
သလောက်တော့ ဒီရွေးကောက်ပွဲ ဖြစ်လာရင် ကြည့်ကြပ်ဖို့အတွက် သင်တန်းပေးမှာဖြစ်တယ်လို့ သိရတယ်” ဟု
နမ့်ဆန်မြို့ ပေါ်ရှိ ပညာရေး ၀န်ထမ်းတစ်ဦးက ပြောပြသည်။

ပြီးခဲသော ၂၀၀၈ လုထု ဆန္ဒခံယူပွဲတွင်လည်း ပညာရေး ၀န်ထမ်းများသာလျှင်ကြည့်ကြပ် ခဲ့ရပြီး ယခု ၂၀၁၀
ရွေးကောက်ပွဲဖြစ်လာလျှင်လည်း ပညာရေးဝန်ထမ်းများသာလျှင် အသုံးပြုမည်ဖြစ်သဖြင့် ယခုကဲ့ သို့ သင်တန်း
ပေးနေခြင်းဖြစ်သည်။

သတင်းပြန်ကြားရေးဌာန
တအာင်းကျောင်းသားနှင့်လူငယ်များအစည်းအရုံး

ဆက်သွယ်ရန်။
၀၈၀ ၁၁၈ ၄၄၇၉

0 comments:

ကော်န်းတအာင်းအူချှေး

 
Powered by Blogger