DEMONSTRATING ABOUT THE TA'ANG PEOPLE AND TA'ANG LAND

ရံပ်ရို;ငို;အူန်းစာခြိုဝ်းနှာမ်းအဲတအာင်းတော်န်းချှေးနာ်

Sunday, January 16, 2011

တအာင်းစာပေဖြစ်ပေါ်လာပုံသမိုင်းကြောင်း

ရှေးယခင်က ပလောင်တို့သည် ယွန်းပါဠိစာနှင့် ရှမ်းယွန်းစာကို အသုံးပြုခဲ့ကြသည်။ နောက်ပိုင်းများတွင် ရှမ်းစာပေကို အသုံးပြုလာကြသည်။ ပထမဦးဆုံးပလောင်စာပေ ဖြစ်ထွန်း စေရန် ကြိုးပမ်းခဲ့သူများ အမေရိကန်သူ မစ္စမက္ကလင်းဆိုသူ အမျိုးသမီးဖြစ်သည်။ ဥရောပဗျည်း အက္ခရာကို အခြေခံ၍ ၁၉၁၂ ခုနှစ်တွင် တည်ထွင်ပေးခဲ့သည်။

၁၉၁၂- ခုနှစ်တွင် Mrs.LesLie Milneက အင်္ဂလိပ် - ပလောင်/ ပလောင် - အင်္ဂလိပ် အဘိဓါန်နှင့် ပလောင်သဒ္ဒါကျမ်းကို ပြုစုပေးခဲ့ပါသည်။
၁၉၂၄ - ခုနှစ်တွင် The Study of the Palaungs of the Shan State ကို ပြုစုပေးထားခဲ့သည်။

ခုနှစ် သက္ကရာဇ်အလိုက် ပလောင်စာပေ ရေးသားပြုစုခဲ့သူများ

စဉ်
စာပြုပဂ္ဂိုလ်အမည်
လူမျိုး
အသုံးပြုသည့်အက္ခရာ

မစ္စမက္ကလင်း
အမေရိကန်
ရောမအက္ခရာ (၁၉၁၂)

ဦးဆန်သီရိ
ပလောင်
မွန် - မြန်မာအက္ခရာ (၁၉၁၈)



V အက္ခရာတစ်ခုတိုး

ဦးခွန်ဆန်ဒေ၀ါ
ပလောင်
ရှမ်းယွန်းအက္ခရာ (၁၉၂၁)

ဦးစာဂရ(စော်ဘွားစာရေးကြီး)
ရှမ်း
ရှမ်း- မြန်မာအက္ခရာ (၁၉၂၆)

ဦးပေါစံ (ရွှေတံဆိပ်ဆုရ)
ပလောင်
မွန် - မြန်မာအက္ခရာ (၁၉၅၅)

ဦးကျော်စိန်
ပလောင်
မွန် - မြန်မာအက္ခရာ (၁၉၅၅)

ဦးကျော်ဟန်
ပလောင်
မွန် - မြန်မာအက္ခရာ (၁၉၅၂)

အသျှင်ဠာဝစကြာ

ယိုးဒယားအက္ခရာ (၁၉၅၄)

အသျှင်နန္ဒိယ(ရဟန်း)          ယိုးဒယား


အသျှင်ကဏ္ဍိတ(ရဟန်း)


အသျှင်နာရသေန (ရဟန်း)
ပလောင်
ရှမ်းအက္ခရာ (၁၉၅၄)
၁၀
ဦးသန်းမောင်(နမ့်ခမ်း)
ပလောင်
မွန်မြန်မာအက္ခရာ (၁၉၅၄ )
၁၁
အသျှင်နန္ဒာစရိယ (ရဟန်း)
ပလောင်
ရှမ်းအက္ခရာ (၁၉၅၄)
၁၂
အသျှင် ပညာဝံသ(ရဟန်း)
ပလောင်
ယွန်းအက္ခရာ (၁၉၅၄)
၁၃
ဦးဒေ၀ါ
ပလောင်
ရှမ်းအက္ခရာ (၁၉၅၄)


၁၉၆၅ခုနှစ်တွင် ရှမ်းပြည်နယ် ဦးစီးအဖွဲ့ဥက္ကဌနှင့် ယဉ်ကျေးမှုဆိုင်ရာ ပုဂ္ဂိုလ်များ နမ့်ဆန် ရောက်လာပြီး တောင်ပိုင်နယ်၊ ပလောင်စာမူအဖွဲ့ ဖွဲ့ရန် မေတ္တာရပ်ခံခဲ့သော်လည်း အောင်မြင်ခဲ့ပါ။ ထို့ကြောင့် ရှမ်းပြည်နယ်ဦးစီးအဖွဲ့က အောက်ပါအဖွဲ့ကို ၁၉၆၇ခုနှစ် ဇူလိုင် ၇ ရက်တွင် ဖွဲ့စည်းလိုက်သည်။

ဥက္ကဌ ဦးကျော်ဇော်             ရှမ်းပြည်နယ်ဦးစီးအဖွဲ့ ယဉ်ကျေးမှုတာဝန်ခံ
အတွင်းရေးမှူး           ဦးစစ်ခွန်ဆန်             ယဉ်ကျေးမှုဌာနမှူး

အဖွဲ့ဝင်
စဉ်
အမည်
နေရပ်
နေရပ်လိပ်စာ

ဦးနာဂသေန
ဂိုဏ်းထောက်ဆရာတော်
နမ့်ဆန်

ဦးနေမိန္ဒ
ရဟန်း

ဦးပေါ်စံ
ကယားလမ်းကျေးရွာ

ဦးကျော်စိန်
ကယားလမ်းကျေးရွာ

ဦးဒေ၀ါ


ဦးက္ကုန္ဒက


ဦးအောင်ထွန်း
ရေးရာမှူး
မိုးမိတ်

ဦနေမိန္ဒ

ကျောက်မဲ

ဦးစံဖိုး

သီပေါ
၁၀
ဦးသုနန္ဒာ

မိုးမိတ်
၁၁
ဦးပညာဝံသ
ကွမ်းလုံခရိုင်
ဟိုပန်
၁၂
ဦးနန္ဒာ

နမ့်ခမ်း
၁၃
ဦးသန်းမောင်

နမ့်ခမ်း
၁၄
ဦးစ၀်ခူး
လွယ်လင်ခရိုင်
မိုင်းကိုင်း
၁၅
ဦးချစ်ထွန်း
၁၆
ဦးနိက္ခမ္မ

ကလော
၁၇
ဦးစိတ္တ

ကလော
၁၈
ဦးအဆန်မာအင်

ကျိုင်တုံ
၁၉
ဦးခမ်းလှိုင်
တိုင်းပညာဝန်
ရှမ်းပြည်နယ်ပညာရေးမှူ

ဤအဖွဲ့သည် ၁၉၆၇ခုနှစ် ဇူလိုင်လ (၃၁) ရက်မှ သြဂုတ်လ (၄) ရက်နေ့အထိ ပထမအကြိမ်အစည်းအဝေးကျင်းပကာ အောက်ပါ ပလောင်စာမူကို တင်ပြကြသည်။

က) မွန်မြန်မာအက္ခရာ    (၁) ဦးပေါ်စံ
(၂) ဦးကျော်စိန်
ခ) ရှမ်းအက္ခရာ 
(၁) ဦးနာဂသေနာ
(၂) ဦးနန္ဒာစရိယ
(ဂ) ယွန်းအက္ခရာ   
(၁) ဦးနိက္ခမ္မ
ဃ) မြောက်ပိုင်းရှမ်းစာမူသစ် 
(၁) ဦးသန်းမောင်
ရန်ကုန်-မန္တလေးတက္ကသိုလ်များတွင် ပညာသင်ကြားနေကြသော တအာင်းကျောင်းသူ/ သားများကြိုးစား အား ထုတ်မှု၊ နယ်ခံတအာင်းစာပေ တမူတည်းဖြစ်မြောက်စေလိုသော ဆန္ဒပြင်းပြမှုကြောင့် နမ့်ဆန် ၊နမ့်ခမ်း၊ ကွတ်ခိုင်၊ မူဆယ်၊ လားရှိုး၊ သီပေါ၊ ကျောက်မဲ၊တောင်ကြီး၊ ကလော၊ မိုးကုတ်၊ မန္တလေး၊ ရန်ကုန်မြို့များမှ ကိုယ်စားလှယ်များ ပါဝင်သော  ပလောင် စာပေနှင့် ယဉ်ကျေးမှု ဗဟိုကော်မတီကို ပထမအကြိမ်ညီလာခံ (၂၉-၂-၇၃)နေ့ တွင် ဖွဲ့ စည်းလိုက်သည်။

ပထမအကြိမ်ညီလာခံတွင် ပလောင်စာပြု ပုဂ္ဂိုလ်များက အမြော်အမြင်ကြီးစွာဖြင့် မိမိအနှစ်နှစ်အလလ ပြုစုခဲ့သော စာမူကို ဗဟိုကော်မတီသို့အသီးသီးပေးအပ် လှူဒါန်းခဲ့ပါသည်။ ၎င်းစာမူများကို တအာင်းတက္ကသိုလ် ကျောင်းသူ/သားများက စာပြု ပုဂ္ဂိုလ်များထံလေ့လာမှတ်သားခြင်း၊ အကြံဥာဏ်များ တောင်းခံပြီးနောက် ပလောင်တစ်မျိုးသားလုံး  အသုံးပြုနိုင်မည့် တမူတည်းသော ပလောင်စာမူကို ပြုစုပြီး ဒုတိယအကြိမ်ညီလာခံ (၃၀-၈-၇၂) နေ့ တွင်တညီတညွတ်တည်း အတည်ပြု ပြဌာန်းလိုက်ပါသည်။

* ဒုတိယအကြိမ်ညီလာခံကို ၁၉၇၂ -ခု ၊သြဂုတ်လ(၃၀)မှ စက်တင်ဘာ(၂)ရက်အထိ နမ့်ခမ်းတွင်ကျင်းပသည်။
* တတိယအကြိမ်ညီလာခံကို ၁၉၇၃-ခု ဧပြီလ(၉)ရက်မှ ဧပြီလ(၁၁)ရက်အထိ မိုးကုတ်မြို့ တွင်ကျင်းပသည်။
* စတုတ္တအကြမ်ညီလာခံကို ၁၉၈၂-ခု၊အောက်တိုဘာလ (၂၄)ရက်မှ (၂၇) ရက်အထိနမ့်ခမ်းတွင် ကျင်းပခဲ့သည်။
* ပဉ္စမအကြိမ်ညီလာခံကို ၁၉၉၂-ခု မတ်လ(၃)ရက်မှ (၅)ရက်နေ့ အထိကျောက်မဲမြို့ တွင်ကျင်းပခဲ့သည်။
* ဆဌမအကြိမ်ညီလာခံကို ၁၉၉၆-ခု၊ မတ်လ(၂၀)ရက်မှ (၂၂)ရက်နေ့ အထိနမ့်ဆန်မြို့ တွင်ကျင်းပခဲ့သည်။
* သတ္တမအကြိမ်ညီလာခံကို ၂၀၀၀- ပြည့်နှစ်မတ်လ ၉၂၂)ရက်မှ (၂၄)ရက်နေ့ ထိနမ့်ဆန်မြို့ တွင်ကျင်းပခဲ့သည်။


မြန်မာနိုင်ငံပလောင်စာပေနှင့် ယဉ်ကျေးမှုဗဟိုကော်မတီကို နမ့်ဆန်မြို့ ၌ထားရှိပြီး မြို့ နယ်ပလောင်စာပေနှင့် ယဉ်ကျေးမှု ကော်မတီကို နမ့်ဆန်၊ကျောက်မဲ၊သီပေါ၊ နမ္မတူ၊လားရှိုး၊ကွတ်ခိုင်၊မူဆယ်၊ နမ့်ခမ်း၊မန်တုန်၊ မိုးကုတ်၊ မန္တလေး၊ ကလေ၊ ရန်ကုန်မြို့ များတွင် ဖွဲ့စည်းထားရှိသည်။

မယ်တို့ပလောင် စာအုပ်မှ ကောက်နုတ်ပြီး ရေးသားထားပါသည်။

0 comments:

ကော်န်းတအာင်းအူချှေး

 
Powered by Blogger