တအာင်းကျောင်းသားနှင့်လူငယ်များအစည်းအရုံး၏ တတိယအကြိမ်မြောက်ညီလာခံကို ထိုင်းမြန်မာနယ်စပ်တစ်နေရာတွင် ၂၀၁၀ ခုနှစ် ဒီဇင်ဘာလ ၂၈ မှ ၃၀ ရက်နေ့အထိ (၃) ရက်တိုင်တိုင်အောင်မြင်စွာကျင်းပပြုလုပ်ခဲ့ပြီးဖြစ်ပါသည်။ ညီလာခံကြီးသို့ တအာင်း ကျောင်းသားနှင့်လူငယ်များ အစည်းအရုံးမှ အဖွဲ့ဝင်ကိုယ်စားလှယ် (၄၆) Uီးနှင့်အကြံပေးအဖွဲ့ဝင်(၃)Uီး၊ ပလောင်အမျိုးသမီးအစည်းအရုံး မှ လေ့လာသူ (၁) Uီး စုစုပေါင်း (၄၉) Uီး တက်ရောက်ခဲ့ပါသည်။
ညီလာခံတွင် အဖွဲ့ဝင်ကိုယ်စားလှယ်များမှ အဖွဲ့အစည်း၏ မူဝါဒ၊ Uီးတည်ချက်၊ ရည်ရွယ်ချက်နှင့် ဖွဲ့စည်းပုံအခြေခံစည်းမျU်းတို့ကို ပြန်လည်သုံးသပ်ပြင်ဆင်ဖြည့်စွက်ခြင်း၊ နိုင်ငံရေးအစီရင်ခံစာ၊ လုပ်ငန်းဌာနများ၏အစီရင်ခံစာများနှင့် ဘဏ္ဍာရေးအစီရင်ခံစာများကို တင်သွင်းဆွေးနွေးသုံးသပ်ခြင်းနှင့်အတူ ရှေ့လုပ်ငန်းစU်များတို့ကို ဆွေးနွေးချမှတ်အတည်ပြုနိုင်ခဲ့ကြပါသည်။ တိုင်းရင်းသားတန်းတူညီမျှ
ရေး၊ စစ်အာဏာရှင်စံနစ်ကျဆုံးရေး၊ ဒီမိုကရေစီရရှိရေး၊ ငြိမ်းချမ်းရေးအတွက် ဆက်လက်တိုက်ပွဲဝင်သွားရန် နှင့် တအာင်းပြည်သူများ လက်ရှိရင်ဆိုင်နေရသည့် စားဝတ်နေရေးကြပ်တည်းမှု ပြဿနာများ၊ မူးယစ်ဆေးဝါး သုံးစွဲရောင်းဝယ်စိုက်ပျိုးသည့်ပြဿနာများ ဖြေးရှင်း သွားနိုင်ရန်အတွက်ရှေ့လုပ်ငန်းစU်များကို ခိုင်မာစွာချမှတ်ခဲ့ကြပါသည်။တိုင်းရင်းသားနိုင်ငံရေးပါတီများစတင်အဆိုပြုသည့်ကလေးမြို့ကြေညာစာတမ်းက အခြေခံသည့် ဒေါ်အောင်ဆန်းစုကြည် Uီးဆောင် အကောင်အထည်ဖော်မည့် ၂၁ရာစုပင်လုံညီလာခံဖြစ် ပေါ်လာရေးနှင့် အပစ်ခတ်ရပ်စဲခဲ့သော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နှင့် တိုက်ပွဲဝင်နေဆဲ လက်နက်ကိုင် တော်လှန်ရေးအဖွဲ့များ စုစည်းပေါင်းစုံမှုကို ညီလာခံကြီးမှ တခဲနက်ထောက်ခံကြိုဆိုလိုက်ပါသည်။ ထို
အတူ ကုလသမဂ္ဂ္ဂ လူအခွင့်အရေးကိုယ်စားလှယ် အဆိုပြုကြိုးပမ်းနေသည့် စုံစမ်းစစ်ဆေးရေးကော်မရှင် ဖွဲ့စည်းရေးကိုလည်းကြိုဆိုပြီး ထိုကော်မရှင်ပေါ်ပေါက်လာပါက အပြည့်အ၀ပူးပေါင်းဆောင်ရွက်သွားရန် ဆုံးဖြတ်ခဲ့ကြပါသည်။ စစ်အုပ်စု၏ တရားမျှတမှုကင်းမဲ့သော ၂၀၁၀-ရွေးကောက်ပွဲနှင့် ထို ရွေးကောက်ပွဲရလာဒ်ကအခြေခံသော လုပ်ဆောင်မှုများအားလုံးကို ညီလာခံကြီးမှ ဆန့်ကျင်ကန့်ကွက်လိုက်ပါသည်။ လက်ရှိ တအာင်းပြည်သူများ ရင်ဆိုင်နေရသည့် နိုင်ငံရေးပြဿနာများ၊ စားဝတ်နေရေး နှင့်အခြားသောအကြပ်အတည်းများကို မှန်ကန်စွာ ဖြေရှင်းသွားနိုင်ရန် အတွက် လူမှုရေးအဖွဲ့အစည်းများ၊ တက်ကြွသူတအာင်းလူငယ်များ၊ ခေါင်းဆောင်များ၊ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်Uီး၊ပလောင်အမျိုးသမီးအစည်းအရုံး အစရှိသည့်အဖွဲ့အစည်းများ နှင့်အတူ တအာင်းပြည်သူလူထုတရပ်လုံးတို့မှ အားလုံးဝိုင်းဝန်းလက်တွဲဆောင်ရွက်ကြပါရန် ညီလာခံကြီးမှ အလေးအနက်ပန်ကြားအပ်ပါသည်။ တအာင်းကျောင်းသားနှင့်လူငယ်များအစည်းအရုံးကို ၁၉၉၈ ခုနှစ် ဒီဇင်ဘာလတွင် ဖွဲ့စည်းခဲ့ပြီး ညီလာခံကို ပုံမှန်အားဖြင့် (၂)နှစ် တစ်ကြိမ် ကျင်းပပြုလုပ်ကြပါသည်။ ယခု တတိယအကြိမ်မြောက်ညီလာခံသတ်တမ်းတွင် ဆက်လက် တာဝန်ထမ်းဆောင်မည့် လူငယ်ခေါင်းဆောင်သစ်များဖြင့် အတွင်းရေးမှူးအဖွဲ့Uီးဆောင်သည့်အလုပ်အမှုဆောင်ကော်မီတီဝင်(၉)Uီးနှင့် အလုပ်အမုဆောင် ကော်မီတီဝင်(၂)Uီး တို့ကို ဒီမိုကရေစီနည်းကျ ကိုယ်စားလှယ်များက လွတ်လပ်မျှတစွာမဲပေးရွေးချယ်ခဲ့ပါသည်။
၂၀၁၁ခုနှစ်၊ ဇန်န၀ါရီလ (၁) ရက်
0 comments:
Post a Comment