DEMONSTRATING ABOUT THE TA'ANG PEOPLE AND TA'ANG LAND

ရံပ်ရို;ငို;အူန်းစာခြိုဝ်းနှာမ်းအဲတအာင်းတော်န်းချှေးနာ်

Friday, July 8, 2011

ဗုံးပေါက်ကွဲမှုကြောင့် မိုင်းဝီးဒေသခံများစိုးရိမ်

၂၀၁၁ခုနှစ်၊ ဇွန်လိုင်လ(၁) ရက်နေ့ ညတွင် ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်၊
မိုင်းဝီးကျေးရွာအတွင် ဗုံးတစ်လုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့သည်။
 
အစိုးရ တပ်ရင်း(၁၄၄) ယာယီအခြေစိုက်သည့်နေရာတွင် ဖြစ်ပွားခဲ့ပြီး တစ်စုံတရာ ထိခိုက်ဒဏ်ရာ မရှိကြောင်းသိရပါသည်။  
“ဗုံးပေါက်ကွဲတဲ့အချိန်မှာ စစ်သားတွေက ရွာထဲရောက်နေလို့ တစ်ယောက်မှ ထိခိုက်တာမရှိဘူး၊ ဒါပေမယ့် ရွာကလူတွေက အရမ်းစိုးရိမ်နေကြတယ်၊
တချို့ကြားတာက ကချင်စစ်တပ်တွေက ဝင်တိုက်မယ်လို့ ပြောနေကြတယ်” ဟုဒေသခံတစ်ဦး
ပြောပြချက်အရသိရှိရသည်။
 
ပေါက်ကွဲခဲ့သည့်နေရာသည် ယခင်က စစ်ထောက်လှန်းရေးနေခဲ့သည့်အဆောက်အဦးဟောင်းဖြစ်ပြီး
ယခုနောက်ပိုင်းမှသာ စစ်အစိုးရမှလုံခြုံကြောင့်ဆိုပြီး ယာယီစခန်းလာချထားကြောင်းသိရှိရသည်။
 
မိုင်ဝီးသည် ရွာကြီးတစ်ရွာဖြစ်ပြီး နမ့်ခမ်းမြို့တောင်ဘက်(၂၈)မိုင်အကွာတွင် တည်ရှိပြီး
အစိုးရတပ်ရင်း အမှတ် (၁၄၄) အခြေစိုက်နယ်မြေဖြစ်သည်။


သတင်းမှတ်တမ်းနှင့်သုတေသနဌာန
တအာင်းကျောင်းသားနှင့်လူငယ်များအစည်းအရုံး
ဖုန်း- ၀၈၀ ၁၁၈၄ ၄၇၉ ၊ ၀၈၄ ၅၇၃၉ ၃၃၁

0 comments:

ကော်န်းတအာင်းအူချှေး

 
Powered by Blogger