DEMONSTRATING ABOUT THE TA'ANG PEOPLE AND TA'ANG LAND

ရံပ်ရို;ငို;အူန်းစာခြိုဝ်းနှာမ်းအဲတအာင်းတော်န်းချှေးနာ်

Friday, July 8, 2011

့ တပ်အတွင်း ညမထွက်ရအမိန့်ထုတ်ထား

၂၀၁၁ ခုနှစ်၊ဇွန်လ ပထမပတ်တွင် သိန္နီအခြေစိုက် စကခ (၁၆) လက်အောက်ခံဖြစ်တဲ့ ကွတ်ခိုင်အခြေစိုက် တပ်ရင်း (၂၄၂) ကို ကချင်လွတ်လပ်ရေးတပ်မတော်-KIA က ၀င်ရောက်တိုက်ခိုက်မည်ဟု စာတစ်စောင် ပို့ထားခြင်းကြောင့် ကွတ်ခိုင်ရှိ တပ်ရင်း (၅)ခုစလုံးကို (တပ်ရင်းအမှတ်- ၂၄၂၊ ၂၄၁၊၄၅၊ အမြောက်တပ်ရင်း၊ စစ်ဗျူဟာ) ညမထွက်ရအမိန့်ထုတ်ပြန်ထား သည်ဟုသိရသည်။

ညမထွက်ရအမိန့်သည် ညနေ ၆ နာရီမှစပြီး တပ်အတွင်းအကုန်လုံးရှိနေရမည်ဖြစ်ပြီး မနက် ၆ နာရီကျော်မှသာ တပ်အပြင်ထွက်ခွင့် ရှိတယ်လို့သိရပါသည်။

“တချို့စစ်လက်အောက်ငယ်သားနှင့် စစ်တပ်မိသားစုဝင်တွေက စားဝတ်နေရေး အကျပ်အတည်းကို တစ်ဖက်တစ်လှမ်းကနေ ကူညီဖြေရှင်းဖို့အတွက် ဆိုင်ကယ်ကယ်ရီ(တရုတ်ပြည်မှမြန်မာ)လုပ်ငန်းဖြင့် ဝင်ငွေရှာရတယ်၊အခုတပ်အပြင်မထွက်ရ အမိန့်ထုတ်လိုက်တော့ ဘယ်သူမှသွားလို့မရတော့ဘူး”လို့ စစ်တပ်မိသားစုဝင် တစ်ဦးမှပြောပြခဲ့သည်။

စစ်တပ်အပြင်ဘက်တွင် စိုက်ပျိုးရေးလုပ်ငန်းနှင့်ကွတ်ခိုင်မြို့အတွင်း အခြားဝင်ငွေရအောင် အလုပ်လုပ်နေသော တပ်မိသားစုများအားလုံး ညမထွက်ရအမိန့်ကြောင့်ဒုက္ခရောက်နေကြောင်းသိရသည်။

KIA မှ တစ်စုံတစ်ရာဝင်ရောက် တိုက်ခိုက်မှုမရှိသေးသော်လည်း တပ်အပြင်မထွက်ရအမိန့်ကို ယခုချိန်ထိ ရုပ်သိမ်းခြင်းမရှိးသေးဟု စစ်တပ်နှင့်နီးစပ်သည့်အသိုင်းအဝိုင်းမှပြောပြခဲ့သည်။

သတင်းမှတ်တမ်းနှင့်သုတေသနဌာန
တအာင်းကျောင်းသားနှင့်လူငယ်များအစည်းအရုံး
ဖုန်း- ၀၈၀ ၁၁၈၄ ၄၇၉ ၊ ၀၈၄ ၅၇၃၉ ၃၃၁

0 comments:

ကော်န်းတအာင်းအူချှေး

 
Powered by Blogger