DEMONSTRATING ABOUT THE TA'ANG PEOPLE AND TA'ANG LAND

ရံပ်ရို;ငို;အူန်းစာခြိုဝ်းနှာမ်းအဲတအာင်းတော်န်းချှေးနာ်

Sunday, July 31, 2011

မြေများသိမ်းဆည်းပြီး ဂတ်(စ်)ပိုက်လုံးများ သိုလှောင်ထား

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့နယ်၊ မိုးတေကျေးရွာတွင် ဂတ်(စ်)ပိုက်လုံးကြီးများ သိုလှောင်ထားရန်အတွက် လယ်ယာမြေများ သိမ်းဆည်းထားခြင်းကြောင့် ဒေသခံများအခက်တွေ့နေရကြောင်း သိရှိရပါသည်။

ဒေသခံတစ်ဦးမှ" ပိုက်လုံးတွေ တော်တော်ကြီးတယ်ဗျာ၊ ပိုက်တွေထားဖို့အတွက် တရုတ်တွေနဲ့ ဒေသခံအာဏာပိုင်တွေက ပြီးခဲ့တဲ့ဧပြီလကစပြီး မြေတွေသိမ်းတယ်၊ လျှော်ကြေးပေးမယ်လို့ပြောသံကြားရတယ် ဒါပေမဲ့ အခုထက်ထိတော့ ဘာမှပေးတာ မတွေ့ရဘူး၊ အများဆုံးတော့ မိုးတေရွာက လယ်မြေနှင့် ခြံတွေဖြစ်တယ်" ဟုပြောပြခဲ့ပါသည်။

ဂတ်ပိုက်လုံးများကို တရုတ်ပြည်ရွှေလီမှ မူဆယ်လမ်းကြောင်းမှတဆင့် သီပေါအထိ ၁၂ ဘီးကားများဖြင့် နေ့စဉ်ဆိုသလို သယ်ဆောင်လာနေကြကြောင်း သိရှိရပါသည်။

"ပိုက်လုံးတွေ ၁၂ ဘီးကားတွေနဲ့ တင်သွားတာ အများကြီးတွေ့ရတယ်၊ နေ့စဉ်လိုလိုဘဲ ကားအစီရေး တစ်ရက်လျှင် အစီးရေ ၅ဝ ကျော်လောက်ရှိတယ်" ဟု လားရှိုးဒေသခံတစ်ဦးမှ ပြောပြခဲ့သည်။

ယခုဂတ်(စ်)ပိုက်လိုင်လမ်းကြောင်းများကို သီပေါနှင့် နမ္မတူအထိ ကွတ်ကြားကွတ်ကြား ဖောက်လုပ်ထားပြီး တရုတ်ပြည်မှ စက်ယန္တရားများနှင့် တရုတ်ပြည်အလုပ်သမားများမှ လာရောက်လုပ်ကိုင်နေကြောင်း ဒေသခံများပြောပြချက်အရ သိရသည်။

ဂတ်ပိုက်လိုင်းလမ်းကြောင်း လုံခြုံရေးအတွက် သက်ဆိုင်ရာမြို့နယ်ရှိ စစ်တပ်နှင့် ရဲ အင်အားများ ပိုမိုတိုးချဲ့ထားကြောင်း တွေ့ရသည်။

ရေနံနှင့်သဘာဝဓာတ်ငွေ့လမ်းကြောင်းကို ရခိုင်ပြည်နယ်ကျောက်ဖြူမှ တရုတ်ပြည်အထိသွယ်ဖောက်လုပ်မည့်ဖြစ်ပြီး ရှမ်းပြည်နယ်အတွင်း ပြင်ဦးလွင်၊ကျောက်မဲ၊နောင်ချို၊သီပေါ၊ ပန်လုံ၊နမ္မတူ စသည့်မြို့များ ဖြတ်သန်းသွားသောကြောင့် ဒေသခံပြည်သူများ လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် လယ်ယာမြေသိမ်းဆည်မှုများ နေ့စဉ်ဖြစ်ပွားလျှက်ရှိကြောင်း သိရှိရပါသည်။

သတင်းမှတ်တမ်းနှင့်သုတေသနဌာန
တအာင်းကျောင်းသားနှင့်လူငယ်များအစည်းအရုံး
ဆက်သွယ်ရန်-၀၈၀ ၁၁၈ ၄၄၇၉ ၊ ၀၈၄ ၅၇၃ ၉၃၃၁

0 comments:

ကော်န်းတအာင်းအူချှေး

 
Powered by Blogger