DEMONSTRATING ABOUT THE TA'ANG PEOPLE AND TA'ANG LAND

ရံပ်ရို;ငို;အူန်းစာခြိုဝ်းနှာမ်းအဲတအာင်းတော်န်းချှေးနာ်

Sunday, July 31, 2011

လုံခြုံရေးအကြောင်းပြပြီးတင်းကြပ်စွာစစ်ဆေးမှုကြောင့် ဒေသခံများအခက်တွေ့

ရှမ်းပြည်နယ်မြောက်ပိုင်းနမ့်ဆန်မြို့တွင် လုံခြုံရေးအကြောင်းပြပြီးဒေသခံပြည်သူများအားနေ့စဉ်ဆိုသလိုမြို့အ၀င်ဂိတ်တွင် တင်းကြပ်စွာ စစ်ဆေးနေခြင်းကြောင့်ဒေသခံများစိတ်အနှောင့်အယှက်ဖြစ်နေကြောင်းသိရှိရပါသည်။

ဒေသခံတစ်ဦးမှ သူတို့ ဒီဇူလိုင်လ ၁၂ ရက်နေ့ကစပြီး ၀င်လာတဲ့ ကား၊ဆိုင်ကယ်တွေကိုစစ်ဆေးတယ်၊ မြို့အ၀င်ဂိတ်မှာဆိုရင် သံဆူးကြိုးတံခါးနဲ့ကာထားတယ်။ ဖြတ်လာတဲ့ကားနဲ့ဆိုင်ကယ် တိုင်းသူတို့စစ်ဆေးကြတယ်လို့ ပြောပြခဲ့ပါသည်။

နမ့်ဆန်မြို့အ၀င်ဂိတ်တွင် နမ္မတူအခြေစိုက်တပ်ရင်း ၃၂၄ လက်အောက် နမ့်ဆန်အခြေစိုက်တပ်စခန်း-၃၂၄ မှ ဗိုလ်ကြီးဇေယျာထွန်းအဖွဲ့မှ စစ်သားများ၊ ထွန်းမြတ်လေးဦးဆောင်သည့် ပြည်သူ့စစ်များနှင့်နယ်ထိန်းရဲ ၀င်းဇော်မြင့်နှင့် မျိုးမင်းဦးအဖွဲ့တို့စစ်ဆေးနေပြီး အဓိကဗုံးဖောက်ခွဲမှုနှင့် ရှမ်းစစ်သားများဝင်လာမည်ကိုစိုးရိမ်နေကြခြင်းကြောင့် ဖြစ်သည်ဟု ဒေသခံများ၏ ပြောပြချက်အရသိရှိရပါသည်။

"မျက်နှာစိမ်းဆိုင်ကယ်သမားတွေ ဆိုရင် စီးလာတဲ့ဆိုင်ကယ်တွေကိုဒူးကာ၊ကာဘာကအစ ဖြုတ်ခိုင်းပြီးစစ်ဆေးမှုတွေလုပ်တယ်၊ ကိုယ့်ဟာကိုယ် ပြန်တပ်နေရတယ်၊ မတပ်တတ်တဲ့ လူတွေဆိုရင် အနားမှာ ရှိတဲ့ဆိုင်ကယ်ဝပ်ရှော့ဆရာတွေကို ပိုက်ဆံပေးပြီး တပ်ဆင်ခိုင်းရတယ်" ဟုဆိုင်ကယ်သမားတစ်ဦးပြောပြချက်အရသိရသည်။

ဒေသခံပလောင်ပြည်သူများမှာအဓိကအားဖြင့် နမ့်ဆန်မြို့ပေါ်တွင် စားသောက်ကုန်နှင့် လက်ဖက်များကိုနေ့စဉ် သွားရောက် ရောင်းချရခြင်းကြောင့် စစ်ဆေးခံရတဲ့ ပြည်သူလူထုများမှာစိတ်အနှောင့်အယှက် ဖြစ်ရတဲ့အပြင် အလုပ်ကိစ္စ အတွက်လည်း နှောင့်နှေးမှုတွေ ဖြစ်ရသည်ဟု ငြီးငြူးနေကြပါသည်။

သတင်းနှင့်သုတေသနဌာန
တအာင်းကျောင်းသားနှင့်လူငယ်များအစည်းအရုံး
ဖုန်း၊ ၀၈၀ ၁၁၈ ၄၄၇၉၊ ၀၈၄ ၅၇၃ ၉၃၃၁

0 comments:

ကော်န်းတအာင်းအူချှေး

 
Powered by Blogger