DEMONSTRATING ABOUT THE TA'ANG PEOPLE AND TA'ANG LAND

ရံပ်ရို;ငို;အူန်းစာခြိုဝ်းနှာမ်းအဲတအာင်းတော်န်းချှေးနာ်

Sunday, July 31, 2011

ခြံစည်းရိုးတိုင်များ မပို့မနေရ

ပြီးခဲ့တဲ့ ဇွန်လ တတိယပတ်မှာ နမ့်ဆန်မြို့နယ်အတွင်းရှိ ရွာများကို တစ်ရွာကို တိုင်လုံးအချောင်း ၃၀ မပို့မနေရ ပို့ရမယ်ဟု ဗိုလ်ကြီး ဇေယျာထွန်းမှ အမိန့်ထုတ်ခဲ့သည်။

"အဲဒီအတွက် မြို့နဲ့ဝေးတဲ့ရွာတွေက မပို့နိုင်တော့ ပိုက်ဆံပေးရတယ်၊ တရွာကို ၃၀၀၀၀ ကျပ်ကနေ ၇၀၀၀၀ ကျပ်အထိ ပေးရတယ်" ဟုဒေသခံမှပြောပြခဲ့သည်။

ပိုက်ဆံမပေးနိုင်သည့်ကျေးရွာများသည် နမ့်ဆန်မြို့အနီးအနားမှာရှိသည့်  ကျေးရွာများထံ တိုင်များကို ဈေးကြီးကြီး ပေးဝယ်နေရသည် ဟုသိရသည်။

စစ်ပွဲဖြစ်ပြီးနောက်ပိုင်း ရှမ်းစစ်သားများ ၀င်ရောက်တိုက်ခိုက်မည်ဆိုသည့် သတင်းထွက်ပြီးနောက်ပိုင်း နမ့်ဆန်အခြေစိုက် ခလရ(၃၂၄) တပ်စခန်းကို အထပ်ထပ်ကာရံရန်အတွက်ဖြစ်သည်ဟုသိရသည်။

နမ္မတူအခြေစိုက်တပ်ရင်း ၃၂၄ လက်အောက် နမ့်ဆန်အခြေစိုက်တပ်စခန်း-၃၂၄ မှ ဗိုလ်ကြီး ဇေယျာထွန်းရဲ့ ခိုင်းစေချက်အရ လုပ်ပေးခဲ့ရကြောင်းသိရသည်။


သတင်းမှတ်တမ်းနှင့်သုတေသနဌာန
တအာင်းကျောင်းသားနှင့်လူငယ်များအစည်းအရုံး

0 comments:

ကော်န်းတအာင်းအူချှေး

 
Powered by Blogger