DEMONSTRATING ABOUT THE TA'ANG PEOPLE AND TA'ANG LAND

ရံပ်ရို;ငို;အူန်းစာခြိုဝ်းနှာမ်းအဲတအာင်းတော်န်းချှေးနာ်

Sunday, July 31, 2011

ဘိန်းသုံးစွဲသူများကို ဘိန်းဖြတ်လက်ခံပေးခြင်း

ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ဆန်မြိုရှိ ခုတင်-၅၀ ဆံ့ဆေးရုံတွင် ဇွန်လနောက်ဆုံးပတ်မှစပြီးဘိန်းသုံးစွဲသူများကို ဒေသဦးစီးအဖွဲ့၏ လမ်းညွန်ချက်အရ ကျန်းမာရေးဌာနမှ ဘိန်းဖြတ်လက်ခံပေး နေကြောင်း သိရှိရသည်။

နမ့်ဆန်မြို့နယ်တစ်မြို့နယ်လုံးအသိပေးလုပ်ဆောင်ပေးတာမျိုးမဟုတ်ဘဲ မြို့နဲ့နီးသော အသိုင်းအ၀ိုင်းလောက်ကိုသာ အသိ ပေးခဲ့သည်။တစ်ဦးလျှင် ကျပ်ငွေ ၃၀၀၀၀(သုံးသောင်းကျပ်တိတိ) ပေးရမှာဖြစ်ပြီး ဆေးရုံမှ ဘိန်းဖြတ်လက်မှတ် ထုတ်ပေးသည် ဟုလည်း သိရသည်။

နမ့်ဆန်မြို့နယ်တွင် ဘိန်းသုံးစွဲသူအများအပြားရှိသော်လည်း ယခုအချိန်ထိ လူဦးရေ(၈၃) ဦး လောက်ကသာ လက်မှတ်လုပ်ပြီး သေးကြောင်း ဒေသခံများမှတဆင့် သိရှိရပါသည်။

လက်မှတ်ကိုင်ဆောင်ထားသူများသည် အဖမ်းဆီးခံရခြင်းမှ ကင်းလွတ်ခွင့်ရသောကြောင့် တချို့ဘိန်းသမားများသည် အစစ်အမှန် ဘိန်းဖြတ်ဖို့မဟုတ်ဘဲ  ဘိန်းကို လွတ်လွတ်သုံးစွဲလိုသောကြောင့်သာ လက်မှတ်ပြုလုပ်ထားခြင်းဖြစ်သည်။

"ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်ပေးတာမျိုးမဟုတ်တော့ တစ်လနီးပါးလောက်ရှိနေပြီ  ရွာကဘိန်းစားတွေလာရောက်ဖြတ်တာ အခုထိ မတွေ့ရသေးဘူး၊ တရားဝင်အသိပေးတာမရှိတော့ ရွာကလူတွေလည်း ခပ်များများက မသိကြဘူး၊ သိတဲ့တချို့ ကလည်း ငွေအခက်အခဲ၊ စားဝတ်နေရေးအခက်အခဲနဲ့ ဆိုတော့ မလာကြဘူး" ဟုဒေသခံတစ်ဦးမှပြောပြခဲ့သည်။

ဘိန်းဖြတ်လက်ခံတာ တစ်လနီးပါးရှိပြီးဖြစ်သော်လည်း ဘိန်းစားတစ်ဦးတစ်ယောက်မှ ဘိန်းကောင်းကောင်းဖြတ်နိုင်တာ မတွေ့ရသေးဟု ဒေသခံတစ်ဦးက ပြောသည်။

သတင်းနှင့်သုတေသနဌာန
တအာင်းကျောင်းသားနှင့်လူငယ်များအစည်းအရုံး
ဖုန်း၊ ၀၈၀ ၁၁၈ ၄၄၇၉၊ ၀၈၄ ၅၇၃ ၉၃၃၁

0 comments:

ကော်န်းတအာင်းအူချှေး

 
Powered by Blogger