DEMONSTRATING ABOUT THE TA'ANG PEOPLE AND TA'ANG LAND

ရံပ်ရို;ငို;အူန်းစာခြိုဝ်းနှာမ်းအဲတအာင်းတော်န်းချှေးနာ်

Sunday, July 31, 2011

တအာင်းအမျိုးသားခေါင်းဆောင် မိုင်းအိုက်ပန်း ကျဆုံးသည့်(၉)နှစ်ပြည့်

မိုင်းအိုက်ပန်းသည် ရှမ်းမြောက်ပိုင်း နမ့်ဆန်မြို့တွင် မွေးဖွားခဲ့သော အဖ အိုက်ဟိန်း နှင့် အမိအီရွယ်တို့ ၏ သားဖြစ်သည်။ ၁၉၉၄-ခုတွင် ပလောင်ပြည်နယ်လွတ်မြောက်ရေးပါတီ​ ၏ အဖွဲ့ဝင်ဖြစ်လာခဲ့ပြီး ထိုအဖွဲ့၏စစ်အစိုးရနှင့် ချုပ်ဆိုသည့် အပစ်အခတ်ရပ်စဲရေးစာချုပ်ကို ဆန့် ကျင်ကန့် ကွက်ခဲ့သည့် ပုဂ္ဂိုလ်တစ်ဦးလည်းဖြစ်သည်။ သူသည် ၁၉၈၆-ခုတွင် အဖွဲ့ ၏ကိုယ် စားလှယ်အဖြစ် အမျိုးသားဒီမိုကရေစီတပ်ပေါင်းစု​(မဒတ)ရုံးချုပ်တွင် သွားရောက် တာဝန်ထမ်းဆောင်ခဲ့ပါသည်။ မိုင်းအိုက်ပန်းသည် ၁၉၉၂-ခုဇန်န၀ါရီလ ၁၂-ရက်နေ့  ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦးစတင် တည်ထောင်ဖွဲ့ စည်းရာတွင် ပါဝင်ခဲ့ပြီး အဖွဲ့၏ဗဟိုအလုပ်အမှု ဆောင်ကော်မတီဝင် တစ်ဦးလည်းဖြစ်သည်။ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး၏ ပထမအကြိမ်ညီလာခံကို ဇူလိုင်လ ၂၀၀၀ခုနှစ်တွင် ကျင်းပခဲ့ပြီး မိုင်းအိုက်ပန်းမှ တွဲဖက်အထွေထွေအတွင်းရေးမှူး တာဝန်ထမ်းဆောင်ရန် ရွေးချယ်ခန့် အပ်ခြင်းခံခဲ့ရသည်။

ထို့ အပြင် မိုင်းအိုက်ပန်းသည် ထိုင်း-မြန်မာနယ်စပ် အခြေစိုက်သည့် တအာင်းကျောင်းသားနှင့်လူငယ်များ​အစည်းအရုံး၊ ပလောင် အမျိုးသမီးအစည်းအရုံး ဖြစ်ပေါ်လာစေရန် အထူးအားပေးလုပ်ဆောင်သူတစ်ဦးလည်းဖြစ်သည်။ မိုင်းအိုက်ပန်းသည် အောက်တိုဘာ ၂၀၀၀-ခုနှစ် အောက်တိုဘာ ၂-ရက်နေ့ ထိုင်း-မြန်ာမာနယ်စပ်အနီးအဖွဲ့ ၏ မြေအောက်လုပ်ငန်းများ ဖော်ဆောင်စဉ်တွင် ထောက်လှမ်းရေးမှ အဖမ်းဆီးခံခဲ့ရသည်။

ဖမ်းဆီးခံရပြီးနောက် မော်လမြိုင်ထောင် သို့ ပို့ ခံခဲ့ ရပြီး မတရားအသင်းနှင့်ဆက်သွယ်ခြင်း ဆိုင်ရာ ဥပဒေ ပုဒ်မ ၁၇ အပိုဒ်ခွဲ(၁)နှင့် ပုဒ်မ ၁၃ အပိုဒ်ခွဲ (၁) အရ ထောင်ဒဏ် (၇)နှစ် ကျခံစေခဲ့ပါသည်၊ ၂၀၀၂-ခုနှစ် ဇူလိုင် ၂၂ရက်နေ့ မော်လမြိုင်ဆေးရုံးကြီးသို့  ပို့ ဆောင်ခဲ့ကြသည်။ ဇူလိုင် ၂၆တွင် ထောင်ဆရာဝန်မှ ထောင်အကြီးအကဲမှူးထံ မိုင်းအိုက်ပန်းကို ထောင်ပြင်ဘက်ရှိ ဆေးရုံတွင် ဆေးကုသခွင့်ပြုရန် တောင်းခံစားပို့ ခဲ့သည်။

မိုင်းအိုက်ပန်းကို ဇူလိုင် ၃၁-ရက် ညနေ ၁း၃၀ ခန့်တွင်ထောင်ပြင်ဘက်ရှိ အထူးကုဆေးရုံသို့ ပို့ ခဲ့ ကြပြီး ထိုနေ့ မှာပင် ညနေ ၃း၁၅ အချိန်တွင် ရေဖျင်းရောဂါဖြင့် ကွယ်လွန်သွားခဲ့သည့်။ ထောင်အာဏာပိုင်များက သူကွယ်လွန် ကြောင်းကို မိသားစုထံသို့ အကြောင်းကြားခဲ့သည်၊

0 comments:

ကော်န်းတအာင်းအူချှေး

 
Powered by Blogger