DEMONSTRATING ABOUT THE TA'ANG PEOPLE AND TA'ANG LAND

ရံပ်ရို;ငို;အူန်းစာခြိုဝ်းနှာမ်းအဲတအာင်းတော်န်းချှေးနာ်

Friday, July 8, 2011

သိန်းနီရေပူဂိတ်အနီး ဗုံးပေါက်ကွဲ

၂၀၁၁ခုနှစ်၊ဇွန်လ၃၀ရက်နေ့နံနက်၃နာရီခန့်တွင် ရှမ်းပြည်နယ်မြောက်ပိုင်း၊သိန်းနီမြို့နယ်၊ ရေပူဂိတ်အထွက်တွင် ဗုံးပေါက်ကွဲပြီး စစ်သား(၂) ဦးဒဏ်ရာရရှိသွားကြောင်းသိရှိရသည်။
တရုတ်-မြန်မာချစ်ကြည်ရေးခရီးစဉ်အတွင်း တရုတ်လူကြီးများအား လားရှိုးသို့ ကွတ်ခိုင်ဗျူဟာမှူးအဖွဲ့မှလိုက်ပို့ပြီးအပြန် ဗုံးပေါက်ကွဲမှုဖြစ်ခဲ့သည်ဟု ဒေသခံတစ်ဦးမှပြောပြခဲ့သည်။ ဒဏ်ရာရရှိခဲ့သော တပ်သားဇော်ဆန်ဖုန်းနှင့် အောင်မင်းခင်တို့အား ကွတ်ခိုင်ဗျူဟာတပ်ဆေးရုံတွင် ဆေးကုသမှုခံယူ နေသည်ဟုသိရှိရသည်။
ယခုလက်ရှိရေပူဂိတ်တွင် လုံခြုံရေးတင်းကြပ်စွာ ချထားသည့်ဟု ခရီးသည်များပြောပြချက်အရသိရသည်။

သတင်းမှတ်တမ်းနှင့်သုတေသနဌာန
တအာင်းကျောင်းသားနှင့်လူငယ်များအစည်းအရုံး
ဆက်သွယ်ရန်။  ။၀၈၀ ၁၁၈ ၄၄၇၉

0 comments:

ကော်န်းတအာင်းအူချှေး

 
Powered by Blogger