DEMONSTRATING ABOUT THE TA'ANG PEOPLE AND TA'ANG LAND

ရံပ်ရို;ငို;အူန်းစာခြိုဝ်းနှာမ်းအဲတအာင်းတော်န်းချှေးနာ်

Sunday, July 31, 2011

ကွတ်ခိုင်တွင်ဗုံးပေါက်ကွဲပြီးလူတစ်ဦးသေဆုံး

၂၀၁၁ ခုနှစ်၊ ဇူလိုင်လ ၂၂ ရက်နေ့တွင် ကွတ်ခိုင်မြို့၊စုစည်း(သို့)ရပ်ကွက်-၇ ရှိ တံတားအနီးတွင် ဗုံးပေါက်ကွဲပြီး ခန့်ဝင့်ကျိမ်(၂၈)နှစ် နှင့်ဇနီးတို့ ဗုံးစမှန်ပြီး အမျိုးသားဖြစ်သူ သေဆုံး၍ အမျိုးသမီးမှာ  ဒဏ်ရာအပြင်းအထန် ရရှိသွားကြောင်း သိရှိရသည်။

ညနေ ၄ နာရီကျော်ခန့်အချိန်တွင် ခန်ဝင့်ကျိမ်တို့လင်မယားသည် ကလေးနှစ်ယောက်နှင့်အတူ ဆိုင်ကယ်ဖြင့်တာမိုးညဲမှ ကွတ်ခိုင်မြို့ သို့အပြန်လမ်းပေါ်တွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့သည်။

" ယောင်္ကျားက ဘယ်ဘက်ရင်အုံမှာ ဗုံးစတွေမှန်ပြီးဆုံးသွားတယ်၊ သူ့အမျိုးသမီးကတော့ လည်ပင်းမှာတစ်ချက်၊ ပေါင်မှာတစ်ချက်၊ လက်မောင်းမှာတစ်ချက် မှန်ပြီး ဒဏ်ရာအပြင်းအထန်ရတယ်၊ ကလေးနှစ်ယောက်ကတော့ ဒဏ်ရာမရဘူး" ဟုဒေသခံတစ်ဦးမှ ပြောပြခဲ့သည်၊၊

အခင်းဖြစ်ပွား ပြီးပြီးချင်း နောက်မှရောက်လာသော ကားတစ်စီးမှ နေအိမ်သို့လိုက်ပို့ပေးခဲ့သည်၊ အမျိုးသားမှာ ဆေးရုံသို့ ရောက်ပြီး မကြာမီ သေဆုံးသွားခဲ့သည်။ အမျိုးသမီးမှာ ကွတ်ခိုင်ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူနေဆဲ ဖြစ်သည်။

ဆေးရုံသို့ရောက်မှသာ ရဲများသိရှိပြီး အခင်းဖြစ်ပွားရာနေရာနှင့်အနီးတစ်ဝိုက်ရှိ ရပ်ကွက်အတွင်းသို့ တစ်အိမ်တက် တစ်အိမ်ဆင်း လိုက်လံစစ်ဆေးခြင်း၊ လုံခြုံရေးချထားခြင်းများ ပြုလုပ်ခဲ့ကြောင်းလည်းသိရှိရသည်။

ဇူလိုင် ၁၉၊ အာဇာနည်နေ့ည ၉ နာရီခန့်တွင်လည်း ကွတ်ခိုင်မြို့မယကဥက္ကဌ အိမ်ဝင်းအတွင်း ဗုံးတစ်လုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

သတင်းမှတ်တမ်းနှင့်သုတေသနဌာန
တအာင်းကျောင်းသားနှင့်လူငယ်များအစည်းအရုံး
ဆက်သွယ်ရန်- ၀၈၀ ၁၁၈ ၄၄၇၉၊ ၀၈၄ ၅၇၃ ၉၃၃၁

0 comments:

ကော်န်းတအာင်းအူချှေး

 
Powered by Blogger