DEMONSTRATING ABOUT THE TA'ANG PEOPLE AND TA'ANG LAND

ရံပ်ရို;ငို;အူန်းစာခြိုဝ်းနှာမ်းအဲတအာင်းတော်န်းချှေးနာ်

Sunday, July 31, 2011

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင်း လုံခြုံရေးတိုးချထား

၂၀၁၁ ခုနှစ်၊ ဇူလိုင်လ ၁၃ ရက်နေ့တွင် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဥက္ကဌ ဦးမောင်ကျော်နှင့် ဒေသဦးစီးအဖွဲ့မှ ရပ်ရွာ အုပ်ချုပ်ရေးမှူးများကို အရေးပေါ်အစည်းအဝေးတရပ် ခေါ်ယူကျင်းပခဲ့ပါသည်။

အစည်းအဝေးတွင် ရွာတစ်ရွာကို အလှည့်ကျ (၃) ဦးစီ လုံခြုံရေးတာဝန်ယူရမှာဖြစ်ပြီး ၊ ရပ်ရွာအုပ်ချုပ်ရေးမှူးများကိုလည်း လုံခြုံကိစ္စ (သို့) အကြောင်းတစုံတရာထူးခြားမှုရှိပါက ချက်ချင်း သတင်းပို့နိုင်ရန်အတွက် ဆိုင်ကယ် (သို့) ဆက်သွယ်ရန် ဖုန်း အဆင်သင့်ကြိုတင် ပြင်ဆင်ထားရန် မှာကြားထားသည်။ သို့သော်လိုအပ်သည့်ပစ္စည်း၊ ငွေရေးကြေးရေး တစုံတရာ ထောက်ပံ့ပေးခြင်းမရှိကြောင်း သိရသည်။

"တစ်ချို့ရွာမှာဆိုရင် လုံခြုံရေးစောင့်ဖို့အတွက် အခက်အခဲရှိတယ်၊ဘာဖြစ်လဲဆိုတော့ လုံခြုံရေးအတွက်စောင့်ရမယ်ဆိုရင် အလုပ်ပျက် ရတယ်၊ လုပ်အားခလည်းမရဘူး၊ တစ်နေ့လုပ်တစ်နေ့စား မိသားစုအတွက်ဆို ပိုပြီးအခက်အခဲရှိတယ်" လို့ရွာသားတစ်ဦးမှပြောပြခဲ့သည်။

ရပ်ရွာအုပ်ချုပ်ရေးမှူးများလည်း နှစ်ပတ်တစ်ကြိမ်ပုံမှန်အစည်းအဝေးကျင်းပရမည်ဖြစ်ပြီး ပုံမှန်တက်ရောက်ရမည်ဟု သိရသည်။

"နမ့်ဆန်မြို့နဲ့ဝေးတဲ့ရွာကနေ အစည်းအဝေးတခါတက်ရင် လမ်းစရိတ်နှင့်စားစရိတ်က အနည်းဆုံး ကျပ်(၂၀၀၀၀) ကျော် ကုန်တယ်၊ အဲဒီအတွက် ရွာမှာရန်ပုံငွေကောက်ပြီး လမ်းစရိတ်အဖြစ်လုပ်နေရတယ်"လို့ ရပ်ရွာအုပ်ချုပ်ရေးမှူးတစ်ဦးပြောပြခဲ့သည်။

အခြားမြို့နယ်များတွင် ရပ်ရွာအုပ်ချုပ်ရေးမှူးအတွက် တစ်လလျှင် လစာအဖြစ် (၅၀၀၀၀) ကျပ်ရသည်ဟုသိရရှိသော်လည်း တအာင်း(ပလောင်)ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ထိုကဲ့သို့ လုပ်ဆောင်ပေးခြင်းမရှိသေးပါ။ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ကို ရှမ်းပြည်နယ်လွတ်တော်အစည်းအဝေးကျင်းပပြီးသည့် နောက်ပိုင်းတွင် အဖွဲ့ဝင် (၁၀) ဦးဖြင့် ဖွဲ့စည်းထားသည်။

ဖွဲ့စည်းပြီးနောက်ပိုင်း ရက်ပေါင်း (၁၀၀) ကျော်သည့်တိုင် အခုချိန်ထိတအာင်း (ပလောင်)ဒေသတွင် တစုံတရာ ထူးခြားပြောင်းလဲမှု မတွေ့ရသေးသောကြောင့် တအာင်း(ပလောင်)အမျိုးသားပါတီ အပေါ် ပြည်သူလူထုများ အားမလိုအားမရ ဖြစ်နေကြောင်းသိရှိရသည်။
သတင်းနှင့်သုတေသနဌာန
တအာင်းကျောင်းသားနှင့်လူငယ်များအစည်းအရုံး
ဖုန်း၊ ၀၈၀ ၁၁၈ ၄၄၇၉၊ ၀၈၄ ၅၇၃ ၉၃၃၁

0 comments:

ကော်န်းတအာင်းအူချှေး

 
Powered by Blogger