DEMONSTRATING ABOUT THE TA'ANG PEOPLE AND TA'ANG LAND

ရံပ်ရို;ငို;အူန်းစာခြိုဝ်းနှာမ်းအဲတအာင်းတော်န်းချှေးနာ်

Sunday, July 31, 2011

စစ်အင်အားဖြည့်ရန် ကားချောဆွဲ

ဇွန်လိုင်၁၇ရက်၊၂၀၁၁ခုနှစ်ညနေ ၁နာရီခန့်တွင် နမ္မတူအခြေစိုက် ခလရ(၃၂၄)မှ ဗိုလ်မှူးကြီး တိုးထွန်းမြင့် ဦးဆောင်ပြီး နမ္မတူမြို့ရပ်ကွက်(၂)နေ ဦးအိုက်တွဲ ပိုင် လေးလုံးထိုးကားအား ရိက္ခာနှင့်လူအင်းအား ဖြည့်တင်းရန် လူနှင့်ကားအား ချောဆွဲသွားကြောင်းသိရှိရသည်။

"နားဆိုင်းဘက်ကိုသွားတာ အဲမှာက KDA နှင့် SSA တို့အခြေစိုက်တဲ့နေရာတွေဖြစ်တယ်၊ ရိက္ခာနှင့်စစ်သားတွေကို သွားပို့ရမယ်ဆိုပြီး ချောဆွဲသွားတယ်" ဟုဒေသခံတစ်ဦး ပြောပြချက်အရသိရှိရသည်။

ချောဆွဲသွားသောကားထဲတွင် ရိက္ခာအပြင်၊ စစ်တပ်အင်အား အယောက်(၂၀) ကျော် လိုက်ပါသွားကြောင်း သိရသည်။
ပြီးခဲ့သောအပတ်တွင်လည်း နမ္မတူမြို့နယ် မိုင်းမော်ကျေးရွာတွင် စစ်အစိုးရ နှင့် ရှမ်းတပ်မတော်တို့ စစ်ပွဲဖြစ်ပွားခဲ့သည်။

သတင်းမှတ်တမ်းနှင့်သုတေသနဌာန
တအာင်းကျောင်းသားနှင့်လူငယ်များအစည်းအရုံး
ဆက်သွယ်ရန်-၀၈၀ ၁၁၈ ၄၄၇၉၊ ၀၈၄ ၅၇၃ ၉၃၃၁

0 comments:

ကော်န်းတအာင်းအူချှေး

 
Powered by Blogger