DEMONSTRATING ABOUT THE TA'ANG PEOPLE AND TA'ANG LAND

ရံပ်ရို;ငို;အူန်းစာခြိုဝ်းနှာမ်းအဲတအာင်းတော်န်းချှေးနာ်

Friday, July 8, 2011

တအာင်းဒေသအတွင်း စစ်အစိုးရမှ စစ်အင်အားဖြည့်နေ




ဇွန်လ ၁၇-ရက်နောက်ပိုင်း တအာင်းဒေသအတွင်း နောင်ချိုတပ်ရင်း  ၅၀၂နှင့် ကျောက်မဲတပ်ရင်း ၅၀၁ တို့မှ အင်အား ၃၀၀ ထက် မနည်းသော စစ်တပ်သည် နမ့်ခမ်း မန်တပ် တပ်ရင်း ၁၄၄ အား လူ နှင့်လက်နက်အင်းအားလာရောက် အားဖြည့်ပေး နေကြောင်း သိရသည်။

အဆိုပါ အားဖြည့်ရန်သွားသော စစ်တပ်သည် မန်တုံမြို့နယ် အတွင်းရှိ တောလမ်းအတိုင်း နမ်းခမ်းသို့ ချှီတတ်သွားကြောင်း နှင့် လမ်းတစ်လျှောက်ရှိ ရွာသားများကို လက်နက်ပစ္စည်း ရိက္ခာတို့ကိုသယ်ယူရန်အတွက် ပေါ်တာဆွဲသည့်အပြင် မြင်း၊ လားများကိုလည်း ချောဆွဲခဲ့သည်ဟု ပေါ်တာလိုက်ခဲ့သည့် ရွာသားကဆိုပါသည်။


"သူတို့(စစ်တပ်)မဝေါရွာကနေ မြင်း(၇)ကောင် ချောဆွဲပြီး မိုင်းဝီးအထိ လိုက်ပို့ခိုင်းတယ်၊ ရွာကနေ မိုင်းဝီးအထိ တစ်ရက် လုံးလုံးသွားရတယ်၊ မြင်းကိုလည်း အနားမပေးဘူး၊ အစာလည်း ကောင်းကောင်းမကျွှေးဘူး" လို့ မြင်းပိုင်ရှင်မှ ပြောပြခဲ့ပါ သည်။


နမ်းခမ်းရှိ မန်တပ်ရွာ တပ်ရင်း ၁၄၄ သို့ မရောက်ခင် စစ်သားများသည် တောလမ်းတစ်လျောက်ရှိ မန်တုန်မြို့တွင် တစ်ည၊ ခိုမုံးရွာမှာ တစ်ည၊ မန်စပ်(ကျုံးကျ)ရွာ မှာ တစ်ည၊ မိုင်းဝီးရွာမှာတစ်ည တည်းခိုသွားပြီး ရွာတိုင်းတွင် ၄င်းတို့ကို ထမင်းနှင့်အရက်တို့ကို လည်းကြွေးရသည့်ရသည့်အတွက် ရွားသားများမှ ကြောက်၍ ပြန်မပြောရဲသော်လည်း စိတ်ထဲတွင် မကျေနပ်ကြောင်း ညည်းညူကြသည်။


ထို့အပြင် စစ်သားများသည် မိုင်းဝီးရောက်သည့်အချိန်တွင် နမ့်ခမ်းကနေ မန်တုန်ဘက်သို့ ကုန်ကူးသော ကုန်သည် များ၏ ကား ထော်လာဂျီများကို အကြောင်းရင်း ရှင်းရှင်းလင်းလင်းမပြောဆိုပဲ သွားလာခွင့် ရက်သတ္တအကြာ ပိတ်ထား လိုက်သည်လည်း ကုန်သည်များမှ ပြောပြပါသည်။


ကချင်စစ်တပ်(KIA) နှင့် မြန်စစ်အစိုးရတပ်မှ ဇွန်လ ၉ ရက်တွင် တိုက်ပွဲဖြစ်ပြီးနောက် တအာင်းဒေသတွင် မြန်မာစစ် အစိုးရတပ်များမှ လှုပ်ရှားသွားလာခြင်း၊ ကင်းလှည့်သွားလာခြင်း၊ ပေါ်တာဆွဲခြင်းအပြင် ခြိမ်းခြောက်ပြောဆိုမှုမျာလည်း အများ အပြားရှိနေခြင်းကြောင့် ဒေသခံများမှ ကြောက်ရွံ့နေကြရသည်။

သတင်းနှင့်သုတေသနဌာန
တအာင်းကျောင်းသားနှင့်လူငယ်များအစည်းအရုံး
ဆက်သွယ်ရန်။  ။၀၈၀ ၁၁၈ ၄၄၇၉

0 comments:

ကော်န်းတအာင်းအူချှေး

 
Powered by Blogger