၂၀၁၁ခုနှစ်၊ဇွန်လိုင်လ၊(၇)ရက် နေ့လည်ပိုင်းအချိန်တွင် ရှမ်းပြည်နယ်မြောက်ပိုင်း၊ကွတ်ခိုင်မြို့လယ်ရှိ "ဆိုဖီယာ" လက်ဖက်ရည်ဆိုင်တွင်း စစ်ပွဲသတင်းပြောမိသူတစ်ဦးကို ကွတ်ခိုင်နယ်ထိန်း(ရဲ)မှ ဝင်ရောက် ဖမ်းဆီးသွားကြောင်း သိရှိရသည်။
အဖမ်းခံရသူမှာ ကွတ်ခိုင်ရှိ၊ "ဝင်း"မုန့်တိုက်တွင် အလုပ်လုပ်နေသော မောင်စန်းဖြစ်ပြီး လက်ဖက်ရည်ဆိုင် အတွင်း သူငယ်ချင်းအား DVB မှထုတ်လွင့်သော စစ်အစိုးရနှင့်ကချင်စစ်တပ်အကြား တိုက်ပွဲသတင်းကို ပြောပြခဲ့သောကြောင့်ဖြစ်သည်။
"သူတို့စကားပြောနေချိန်မှာ ရဲကရောက်လာပြီး၊ နင်ဘာလို့ဒီအကြောင်းပြောသလဲ၊ နင်နဲ့ဘာဆိုင်လို့လဲဆိုပြီး ဖမ်းခေါ်သွားတယ်၊ သူ့သူငယ်ချင်းကိုတော့မဖမ်းဘူး"ဟုမျက်မြင်တစ်ဦးမှပြောပြခဲ့သည်။
ယခုလက်ရှိကွတ်ခိုင်ရဲစခန်းတွင် ချုပ်နှောင်ထားကြောင်းသိရသည်။
သတင်းမှတ်တမ်းနှင့်သုတေသနဌာန
တအာင်းကျောင်းသားနှင့်လူငယ်များအစည်းအရုံး
ဆက်သွယ်ရန်-၀၈၀ ၁၁၈ ၄၄၇၉၊ ၀၈၄ ၅၇၃ ၉၃၃၁

0 comments:
Post a Comment