DEMONSTRATING ABOUT THE TA'ANG PEOPLE AND TA'ANG LAND

ရံပ်ရို;ငို;အူန်းစာခြိုဝ်းနှာမ်းအဲတအာင်းတော်န်းချှေးနာ်

Friday, July 8, 2011

ရှမ်းပြည်မြောက်ပိုင်း ဂတ်စ်ပိုက်လိုင်း စတင်ဖောက်လုပ်ရန် ပြင်ဆင်နေ

ရှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူမြို့နယ်တွင်  ရွှေဂတ်စ်ပိုက်လိုင်း လမ်းကြောင်း စတင်ဖောက်လုပ်မှုအစီအစဉ်ကို ၂၀၁၁ခုနှစ် သြဂုတ်လ ပထမအပတ်တွင် စတင်အကောင်အထည်ဖော်ဆောင်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

ရေနံနှင့်ဂတ်စ်ပိုက်လိုင်းလမ်းကြောင်းဖောက်လုပ်ရန်အတွက်  ဇွန်လ ဒုတိယပတ်အတွင်းတွင် တရုတ်ပညာရှင် (၁၀)ဦးကျော်နှင့် လုပ်ငန်းများတွင် အသုံးပြုမည့် စက်ယန္တယားပစ္စည်း များ နမ္မတူမြို့တွင် ရောက်ရှိနေပြီးဖြစ်ပါသည်။

ဒေသခံတစ်ဦးက "ဟုတ်တယ် ပြီးခဲ့တဲ့ ဇွန်လ ဒုတိယ အပတ် မှာ တရုတ်ပညာရှင်တွေ (၁၀)ဦးကျော် ရောက်လာတယ်။  သူတို့သြဂုတ်လမှာစပြီး ဖောက်လုပ်မယ်လို့ သိရပါတယ်၊ နောက်ပြီး ပိုက်လုံးတွေကို နမ့်ခမ်းကနေ နမ္မတူအထိ တောလမ်းနဲ့ဘဲ သယ်ယူလာတယ် အခုအများကြီးရောက်နေပြီ" လို့ပြောပြခဲ့ပါသည်။

ဂတ်စ်ပိုက်လိုင်းဖြတ်သန်းသွားမည့် လမ်းကြောင်းတစ်လျောက် တိုင်းတာမှုများကို ဧပြီမှ မေလအထိ တရုတ် ပညာရှင်များနှင့် ဒေသခံ အာဏာပိုင်တို့မှပြုလုပ်ခဲ့ပြီးဖြစ်ပါသည်၊  ၄င်းတို့ ပြီးစီသွားသည့် တိုင်းထွာမှု လမ်းကြောင်းမှာ သီပေါ- ပင်လုံ- မန်စံ- နမ္မတူ- မိုင်းမော်- မိုင်းဝီ- မန်ပူးနှင့် နမ့်ခမ်းအထိ မှတ်တိုင်များ စိုက်ထူထားပြီး ၄င်းလမ်းကြောင်းအတိုင်း စတင်ဖောက် လုပ်သွား မည်ဖြစ်ပါသည်။

ဒသခံတစ်ဦးမှ ဂတ်စ်ပိုက်လိုင်း လာတိုင်းတဲ့အချိန် ကျနော်ခြံထဲမှာ မှတ်တိုင်စိုက်သွားတယ်။ တခြားမိသားစု လယ်မြေနှင့် ခြံတွေမှာလည်း စိုက်သွားခဲ့တယ်။ ကျနော်တို့ ဒီလယ်မြေနဲ့ ခြံထွက်တဲ့ သီးနံကို အားကိုးနေကြတဲ့ မိသားစု အများကြီးပဲ။ သူတို့အခုစပြီးဖောက်လုပ်မယ်ဆိုရင် လူတွေအများကြီးအခက်အခဲတွေနဲ့ရင်ဆိုင်ကြလိမ့်မယ်လို့ ပြောပြခဲ့ ပါသည်။

ရွေဂတ်စ်ပိုက်လိုင်းစီမံကိန်းကြောင့် ဒေသခံပြည်သူများ.လယ်ယာမြေများ။ အိုးအိမ်များပြောင်းရွှေ့ရမည့်အပြင် စစ်တပ် တိုးချဲ့မှုများကြောင့် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်ပွားလျှက်ရှိကြောင်း တအာင်းကျောင်းသားနှင့် လူငယ်များအစည်းအရုံး.  သုတေသနပြုချက်အရသိရှိရပါသည်။

သဘာဝဓာတ်ငွေ့နှင့်ရေနံပိုက်လိုင်းသည် ရခိုင်ပြည်နယ် ကျောက်ဖြူမြို့မှ စတင်ကာ မကွေးတိုင်း။ မန္တလေးတိုင်းနှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတို့ကို ဖြတ်သန်းပြီး တရုတ်နိုင်ငံယူနန်ပြည်နယ် ခွန်မင်းမြို့အထိ သွယ်တန်းမည်ဖြစ်ပါသည်။

သတင်းမှတ်တမ်းနှင့်သုတေသနဌာန
တအာင်းကျောင်းသားနှင့်လူငယ်များအစည်းအရုံး
ဖုန်း     - ၀၈၀၁၁၈၄၄၇၉ / ၀၈၄၅၇၃၉၃၃၁
www.palaungland.org
www.palaungland.org/bur

0 comments:

ကော်န်းတအာင်းအူချှေး

 
Powered by Blogger