Posted by ဆန၀်းနော;မှေဲမ်း on 4:06:00 PM
မိုင်းအိုက်ပန်းသည် ရှမ်းမြောက်ပိုင်း နမ့်ဆန်မြို့တွင် မွေးဖွားခဲ့သော အဖ အိုက်ဟိန်း နှင့် အမိအီရွယ်တို့ ၏ သားဖြစ်သည်။ ၁၉၉၄-ခုတွင် ပလောင်ပြည်နယ်လွတ်မြောက်ရေးပါတီ ၏ အဖွဲ့ဝင်ဖြစ်လာခဲ့ပြီး ထိုအဖွဲ့၏စစ်အစိုးရနှင့် ချုပ်ဆိုသည့် အပစ်အခတ်ရပ်စဲရေးစာချုပ်ကို ဆန့် ကျင်ကန့် ကွက်ခဲ့သည့် ပုဂ္ဂိုလ်တစ်ဦးလည်းဖြစ်သည်။ သူသည် ၁၉၈၆-ခုတွင် အဖွဲ့ ၏ကိုယ် စားလှယ်အဖြစ် အမျိုးသားဒီမိုကရေစီတပ်ပေါင်းစု(မဒတ)ရုံးချုပ်တွင် သွားရောက် တာဝန်ထမ်းဆောင်ခဲ့ပါသည်။ မိုင်းအိုက်ပန်းသည် ၁၉၉၂-ခုဇန်န၀ါရီလ ၁၂-ရက်နေ့  ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦးစတင် တည်ထောင်ဖွဲ့ စည်းရာတွင် ပါဝင်ခဲ့ပြီး အဖွဲ့၏ဗဟိုအလုပ်အမှု ဆောင်ကော်မတီဝင် တစ်ဦးလည်းဖြစ်သည်။ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး၏ ပထမအကြိမ်ညီလာခံကို ဇူလိုင်လ ၂၀၀၀ခုနှစ်တွင် ကျင်းပခဲ့ပြီး မိုင်းအိုက်ပန်းမှ တွဲဖက်အထွေထွေအတွင်းရေးမှူး တာဝန်ထမ်းဆောင်ရန် ရွေးချယ်ခန့် အပ်ခြင်းခံခဲ့ရသည်။
ထို...
Read more »
Posted by ဆန၀်းနော;မှေဲမ်း on 4:05:00 PM
နမ့်ဆန်ခရိုင်၊မန်တုံမြို့နယ်၊ မန်မောင်ကျေးရွာရှိ ကိုကျော်ယဉ်အား မန်တုံရဲစခန်း ရဲတပ်ဖွဲ့မှ မတရားရိုက်နှက်ခဲ့ပါသည်၊၊
ဇူလိုင်လ.၁.၂၀၁၁.နေ့လည်တွင် ကိုကျော်ယဉ်သည် ပန်ခါးကြီးရွာကနေ မန်မောင်ရွာသို့ သွားစဉ် မန်တုံလမ်းမပေါ်တွင် မန်တုံဒုရဲအုပ်နှင့်အဖွဲ့မှ ရဲစခန်းသို့ ဖမ်းခေါ်သွားခဲ့သည်။ ရဲစခန်းတွင် စခန်းမူးသန်းအေး နှင့်အဖွဲ့သည် ကိုကျော်ယဉ်အား အကြောင်းမဲ့မေးမြန်းပြီး ထိုးကြိတ် ရိုက်နှက်ခဲ့ပါသည်။
အကြောင်းရင်းမှာ မူးယစ်ဆေးဝါး လက်ဝယ် ထားရှိမှုနှင့်သုံးစွဲမှု သံသယဖြင့် ရှာဖွေခဲ့သည်။ တစုံတရာရှာဖွေတွေ့ရှိခြင်းမရှိသော်လည်း အကြောင်းမဲ့ရိုက်နှက်ခဲ့သည်ဟု ဒေသခံတစ်ဦး ပြောပြချက်အရသိရှိရသ...
Read more »
Posted by ဆန၀်းနော;မှေဲမ်း on 4:02:00 PM
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ် ဇိုင်းခေါင်ကျေးရွာ အုပ်စုတွင်း လူနေအိမ်(၄)အိမ် ရွေ့ပြောင်းရန် ရာထားခံရသည်ဟု သိရသည်။
ဇွန်လ.၁၂.၂၀၁၁.နေ့တွင် ရေနံပိုက်လိုင်းဖောက်လုပ်ရန်အတွက် တရုတ်-မြန်မာ တာဝန်ရှိ သူများမှ နမ္မတူမြို့နယ် ဇိုင်းခေါင်ကျေးရွာအုပ်စုတွင်း လူနေအိမ် (၄) အိမ်အား ရွေ့ပြောင်း ခိုင်းခြင်း ဖြစ်သည်။
လျှော်ကြေးပေးမည် ဆိုပြီးယခုချိန်ထိ ဘာလျှော်ကြေးမှပေးခြင်းမရှိသောကြောင့် ၂၀၁၁ခုနှစ်၊ဇွန်လ၊၂၉ရက်နေ့တွင် ဇိုင်းခေါင်ကျေးရွာအုပ်စုရှိ ပန်ဝိုးရွာနှင့်မြန်မာရွာ တို့စုပေါင်းပြီး အထက်သို့တိုင်ကြားခဲ့သော်လည်း ယခုချိန်ထိ အထက်မှ တစ်စုံတစ်ရာအကြောင်းပြန်ခြင်း မရှိသေးပါ။
ဇိုင်းခေါင်ကျေးရွာအုပ်စုရှိ ကျေးရွာလူထုများလည်း အိမ်ဖြတ်သိမ်းခံရမည်ကို အလွန်စိုးရိန်နေ သည့်အပြင် အခြားကျေးရွာအုပ်စု အတွင်းလည်း ဂတ်(စ်)ပိုက်လိုင်း ဖြတ်မည့်တလျောက်တွင် ထက်မံပြောင်းရွေ့ရမည်ကို...
Read more »
Posted by ဆန၀်းနော;မှေဲမ်း on 4:01:00 PM
ပြီးခဲ့တဲ့ ဇွန်လ တတိယပတ်မှာ နမ့်ဆန်မြို့နယ်အတွင်းရှိ ရွာများကို တစ်ရွာကို တိုင်လုံးအချောင်း ၃၀ မပို့မနေရ ပို့ရမယ်ဟု ဗိုလ်ကြီး ဇေယျာထွန်းမှ အမိန့်ထုတ်ခဲ့သည်။
"အဲဒီအတွက် မြို့နဲ့ဝေးတဲ့ရွာတွေက မပို့နိုင်တော့ ပိုက်ဆံပေးရတယ်၊ တရွာကို ၃၀၀၀၀ ကျပ်ကနေ ၇၀၀၀၀ ကျပ်အထိ ပေးရတယ်" ဟုဒေသခံမှပြောပြခဲ့သည်။
ပိုက်ဆံမပေးနိုင်သည့်ကျေးရွာများသည် နမ့်ဆန်မြို့အနီးအနားမှာရှိသည့် ကျေးရွာများထံ တိုင်များကို ဈေးကြီးကြီး ပေးဝယ်နေရသည် ဟုသိရသည်။
စစ်ပွဲဖြစ်ပြီးနောက်ပိုင်း ရှမ်းစစ်သားများ ၀င်ရောက်တိုက်ခိုက်မည်ဆိုသည့် သတင်းထွက်ပြီးနောက်ပိုင်း နမ့်ဆန်အခြေစိုက် ခလရ(၃၂၄) တပ်စခန်းကို အထပ်ထပ်ကာရံရန်အတွက်ဖြစ်သည်ဟုသိရသည်။
နမ္မတူအခြေစိုက်တပ်ရင်း ၃၂၄ လက်အောက် နမ့်ဆန်အခြေစိုက်တပ်စခန်း-၃၂၄ မှ ဗိုလ်ကြီး ဇေယျာထွန်းရဲ့ ခိုင်းစေချက်အရ လုပ်ပေးခဲ့ရကြောင်းသိရသည်။
သတင်းမှတ်တမ်းနှင့်သုတေသနဌာနတအာင်းကျောင်းသ...
Read more »
Posted by ဆန၀်းနော;မှေဲမ်း on 3:59:00 PM
၂၀၁၁ ခုနှစ်၊ ဇူလိုင်လ ၂၂ ရက်နေ့တွင် ကွတ်ခိုင်မြို့၊စုစည်း(သို့)ရပ်ကွက်-၇ ရှိ တံတားအနီးတွင် ဗုံးပေါက်ကွဲပြီး ခန့်ဝင့်ကျိမ်(၂၈)နှစ် နှင့်ဇနီးတို့ ဗုံးစမှန်ပြီး အမျိုးသားဖြစ်သူ သေဆုံး၍ အမျိုးသမီးမှာ ဒဏ်ရာအပြင်းအထန် ရရှိသွားကြောင်း သိရှိရသည်။
ညနေ ၄ နာရီကျော်ခန့်အချိန်တွင် ခန်ဝင့်ကျိမ်တို့လင်မယားသည် ကလေးနှစ်ယောက်နှင့်အတူ ဆိုင်ကယ်ဖြင့်တာမိုးညဲမှ ကွတ်ခိုင်မြို့ သို့အပြန်လမ်းပေါ်တွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့သည်။
" ယောင်္ကျားက ဘယ်ဘက်ရင်အုံမှာ ဗုံးစတွေမှန်ပြီးဆုံးသွားတယ်၊ သူ့အမျိုးသမီးကတော့ လည်ပင်းမှာတစ်ချက်၊ ပေါင်မှာတစ်ချက်၊ လက်မောင်းမှာတစ်ချက် မှန်ပြီး ဒဏ်ရာအပြင်းအထန်ရတယ်၊ ကလေးနှစ်ယောက်ကတော့ ဒဏ်ရာမရဘူး" ဟုဒေသခံတစ်ဦးမှ ပြောပြခဲ့သည်၊၊
အခင်းဖြစ်ပွား ပြီးပြီးချင်း နောက်မှရောက်လာသော ကားတစ်စီးမှ နေအိမ်သို့လိုက်ပို့ပေးခဲ့သည်၊ အမျိုးသားမှာ ဆေးရုံသို့ ရောက်ပြီး မကြာမီ သေဆုံးသွားခဲ့သည်။...
Read more »
Posted by ဆန၀်းနော;မှေဲမ်း on 3:58:00 PM
ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ဆန်မြိုရှိ ခုတင်-၅၀ ဆံ့ဆေးရုံတွင် ဇွန်လနောက်ဆုံးပတ်မှစပြီးဘိန်းသုံးစွဲသူများကို ဒေသဦးစီးအဖွဲ့၏ လမ်းညွန်ချက်အရ ကျန်းမာရေးဌာနမှ ဘိန်းဖြတ်လက်ခံပေး နေကြောင်း သိရှိရသည်။
နမ့်ဆန်မြို့နယ်တစ်မြို့နယ်လုံးအသိပေးလုပ်ဆောင်ပေးတာမျိုးမဟုတ်ဘဲ မြို့နဲ့နီးသော အသိုင်းအ၀ိုင်းလောက်ကိုသာ အသိ ပေးခဲ့သည်။တစ်ဦးလျှင် ကျပ်ငွေ ၃၀၀၀၀(သုံးသောင်းကျပ်တိတိ) ပေးရမှာဖြစ်ပြီး ဆေးရုံမှ ဘိန်းဖြတ်လက်မှတ် ထုတ်ပေးသည် ဟုလည်း သိရသည်။
နမ့်ဆန်မြို့နယ်တွင် ဘိန်းသုံးစွဲသူအများအပြားရှိသော်လည်း ယခုအချိန်ထိ လူဦးရေ(၈၃) ဦး လောက်ကသာ လက်မှတ်လုပ်ပြီး သေးကြောင်း ဒေသခံများမှတဆင့် သိရှိရပါသည်။
လက်မှတ်ကိုင်ဆောင်ထားသူများသည် အဖမ်းဆီးခံရခြင်းမှ ကင်းလွတ်ခွင့်ရသောကြောင့် တချို့ဘိန်းသမားများသည် အစစ်အမှန် ဘိန်းဖြတ်ဖို့မဟုတ်ဘဲ ဘိန်းကို လွတ်လွတ်သုံးစွဲလိုသောကြောင့်သာ လက်မှတ်ပြုလုပ်ထားခြင်းဖြစ်သည်။
"ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်ပေးတာမျိုးမဟုတ်တော့...
Read more »
Posted by ဆန၀်းနော;မှေဲမ်း on 3:57:00 PM
၂၀၁၁ ခုနှစ်၊ ဇူလိုင်လ ၁၃ ရက်နေ့တွင် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဥက္ကဌ ဦးမောင်ကျော်နှင့် ဒေသဦးစီးအဖွဲ့မှ ရပ်ရွာ အုပ်ချုပ်ရေးမှူးများကို အရေးပေါ်အစည်းအဝေးတရပ် ခေါ်ယူကျင်းပခဲ့ပါသည်။
အစည်းအဝေးတွင် ရွာတစ်ရွာကို အလှည့်ကျ (၃) ဦးစီ လုံခြုံရေးတာဝန်ယူရမှာဖြစ်ပြီး ၊ ရပ်ရွာအုပ်ချုပ်ရေးမှူးများကိုလည်း လုံခြုံကိစ္စ (သို့) အကြောင်းတစုံတရာထူးခြားမှုရှိပါက ချက်ချင်း သတင်းပို့နိုင်ရန်အတွက် ဆိုင်ကယ် (သို့) ဆက်သွယ်ရန် ဖုန်း အဆင်သင့်ကြိုတင် ပြင်ဆင်ထားရန် မှာကြားထားသည်။ သို့သော်လိုအပ်သည့်ပစ္စည်း၊ ငွေရေးကြေးရေး တစုံတရာ ထောက်ပံ့ပေးခြင်းမရှိကြောင်း သိရသည်။
"တစ်ချို့ရွာမှာဆိုရင် လုံခြုံရေးစောင့်ဖို့အတွက် အခက်အခဲရှိတယ်၊ဘာဖြစ်လဲဆိုတော့ လုံခြုံရေးအတွက်စောင့်ရမယ်ဆိုရင် အလုပ်ပျက် ရတယ်၊ လုပ်အားခလည်းမရဘူး၊ တစ်နေ့လုပ်တစ်နေ့စား မိသားစုအတွက်ဆို ပိုပြီးအခက်အခဲရှိတယ်" လို့ရွာသားတစ်ဦးမှပြောပြခဲ့သည်။
ရပ်ရွာအုပ်ချုပ်ရေးမှူးများလည်း...
Read more »
Posted by ဆန၀်းနော;မှေဲမ်း on 3:56:00 PM
ရှမ်းပြည်နယ်မြောက်ပိုင်းနမ့်ဆန်မြို့တွင် လုံခြုံရေးအကြောင်းပြပြီးဒေသခံပြည်သူများအားနေ့စဉ်ဆိုသလိုမြို့အ၀င်ဂိတ်တွင် တင်းကြပ်စွာ စစ်ဆေးနေခြင်းကြောင့်ဒေသခံများစိတ်အနှောင့်အယှက်ဖြစ်နေကြောင်းသိရှိရပါသည်။
ဒေသခံတစ်ဦးမှ သူတို့ ဒီဇူလိုင်လ ၁၂ ရက်နေ့ကစပြီး ၀င်လာတဲ့ ကား၊ဆိုင်ကယ်တွေကိုစစ်ဆေးတယ်၊ မြို့အ၀င်ဂိတ်မှာဆိုရင် သံဆူးကြိုးတံခါးနဲ့ကာထားတယ်။ ဖြတ်လာတဲ့ကားနဲ့ဆိုင်ကယ် တိုင်းသူတို့စစ်ဆေးကြတယ်လို့ ပြောပြခဲ့ပါသည်။
နမ့်ဆန်မြို့အ၀င်ဂိတ်တွင် နမ္မတူအခြေစိုက်တပ်ရင်း ၃၂၄ လက်အောက် နမ့်ဆန်အခြေစိုက်တပ်စခန်း-၃၂၄ မှ ဗိုလ်ကြီးဇေယျာထွန်းအဖွဲ့မှ စစ်သားများ၊ ထွန်းမြတ်လေးဦးဆောင်သည့် ပြည်သူ့စစ်များနှင့်နယ်ထိန်းရဲ ၀င်းဇော်မြင့်နှင့် မျိုးမင်းဦးအဖွဲ့တို့စစ်ဆေးနေပြီး အဓိကဗုံးဖောက်ခွဲမှုနှင့် ရှမ်းစစ်သားများဝင်လာမည်ကိုစိုးရိမ်နေကြခြင်းကြောင့် ဖြစ်သည်ဟု ဒေသခံများ၏ ပြောပြချက်အရသိရှိရပါသည်။
"မျက်နှာစိမ်းဆိုင်ကယ်သမားတွေ...
Read more »
Posted by ဆန၀်းနော;မှေဲမ်း on 3:56:00 PM
ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့နယ်၊ မိုးတေကျေးရွာတွင် ဂတ်(စ်)ပိုက်လုံးကြီးများ သိုလှောင်ထားရန်အတွက် လယ်ယာမြေများ သိမ်းဆည်းထားခြင်းကြောင့် ဒေသခံများအခက်တွေ့နေရကြောင်း သိရှိရပါသည်။
ဒေသခံတစ်ဦးမှ" ပိုက်လုံးတွေ တော်တော်ကြီးတယ်ဗျာ၊ ပိုက်တွေထားဖို့အတွက် တရုတ်တွေနဲ့ ဒေသခံအာဏာပိုင်တွေက ပြီးခဲ့တဲ့ဧပြီလကစပြီး မြေတွေသိမ်းတယ်၊ လျှော်ကြေးပေးမယ်လို့ပြောသံကြားရတယ် ဒါပေမဲ့ အခုထက်ထိတော့ ဘာမှပေးတာ မတွေ့ရဘူး၊ အများဆုံးတော့ မိုးတေရွာက လယ်မြေနှင့် ခြံတွေဖြစ်တယ်" ဟုပြောပြခဲ့ပါသည်။
ဂတ်ပိုက်လုံးများကို တရုတ်ပြည်ရွှေလီမှ မူဆယ်လမ်းကြောင်းမှတဆင့် သီပေါအထိ ၁၂ ဘီးကားများဖြင့် နေ့စဉ်ဆိုသလို သယ်ဆောင်လာနေကြကြောင်း သိရှိရပါသည်။
"ပိုက်လုံးတွေ ၁၂ ဘီးကားတွေနဲ့ တင်သွားတာ အများကြီးတွေ့ရတယ်၊ နေ့စဉ်လိုလိုဘဲ ကားအစီရေး တစ်ရက်လျှင် အစီးရေ ၅ဝ ကျော်လောက်ရှိတယ်" ဟု လားရှိုးဒေသခံတစ်ဦးမှ ပြောပြခဲ့သည်။...
Read more »
Posted by ဆန၀်းနော;မှေဲမ်း on 3:55:00 PM
ဇွန်လိုင်၁၇ရက်၊၂၀၁၁ခုနှစ်ညနေ ၁နာရီခန့်တွင် နမ္မတူအခြေစိုက် ခလရ(၃၂၄)မှ ဗိုလ်မှူးကြီး တိုးထွန်းမြင့် ဦးဆောင်ပြီး နမ္မတူမြို့ရပ်ကွက်(၂)နေ ဦးအိုက်တွဲ ပိုင် လေးလုံးထိုးကားအား ရိက္ခာနှင့်လူအင်းအား ဖြည့်တင်းရန် လူနှင့်ကားအား ချောဆွဲသွားကြောင်းသိရှိရသည်။
"နားဆိုင်းဘက်ကိုသွားတာ အဲမှာက KDA နှင့် SSA တို့အခြေစိုက်တဲ့နေရာတွေဖြစ်တယ်၊ ရိက္ခာနှင့်စစ်သားတွေကို သွားပို့ရမယ်ဆိုပြီး ချောဆွဲသွားတယ်" ဟုဒေသခံတစ်ဦး ပြောပြချက်အရသိရှိရသည်။
ချောဆွဲသွားသောကားထဲတွင် ရိက္ခာအပြင်၊ စစ်တပ်အင်အား အယောက်(၂၀) ကျော် လိုက်ပါသွားကြောင်း သိရသည်။ ပြီးခဲ့သောအပတ်တွင်လည်း နမ္မတူမြို့နယ် မိုင်းမော်ကျေးရွာတွင် စစ်အစိုးရ နှင့် ရှမ်းတပ်မတော်တို့ စစ်ပွဲဖြစ်ပွားခဲ့သည်။
သတင်းမှတ်တမ်းနှင့်သုတေသနဌာန
တအာင်းကျောင်းသားနှင့်လူငယ်များအစည်းအရုံး
ဆက်သွယ်ရန်-၀၈၀ ၁၁၈ ၄၄၇၉၊ ၀၈၄ ၅၇၃ ၉...
Read more »
Posted by ဆန၀်းနော;မှေဲမ်း on 3:55:00 PM
After 17th June, Nam Kham, Man Tat battalion 144 was filled up with no less than 300 soldiers and some weapons by Noung Cho battalion 502 and Kwyat Mae Battalion 501.After 17th June, Nam Kham, Man Tat battalion 144 was filled up with no less than 300 soldiers and some weapons by Noung Cho battalion 502 and Kwyat Mae Battalion 501.The troop that was going to fill up was marching through the cross-township from Man Tong to Nam Kham by forcing the villagers to porter their weapons and supplies and by requisitioning the horses and mules on the way said by a villager who was forced to porter.The horse’s owner reported, “The troop requisitioned 7 horses from Ma Wor village to Mai Wee the whole day without letting them stop and feed well.”Before they reached the Nam Kham, Man Tat battalion...
Read more »
Posted by ဆန၀်းနော;မှေဲမ်း on 3:54:00 PM
On 30th June 2011, The bomb exploded in the morning 3 a.m. at hot spring gate, Theinni, northern Shan State and two soldiers have wounded. On 30th June 2011, The bomb exploded in the morning 3 a.m. at hot spring gate, Theinni, northern Shan State and two soldiers have wounded.A local source said that the bomb exploded after the Kuitkhai’s operation commander accompanied back the Chinese authorities from China-Burma goodwill trip in Larshio.
The two wounded soldiers Zaw Zan Phone and Aung Min Khin are getting medical treatment at the military’s tactical hospital. According to the travellers, they place a very tight security at the hot spring gate at the moment.
Human Rights Document and Information DepartmentTa’ang Students and Youth Organizat...
Read more »
Posted by ဆန၀်းနော;မှေဲမ်း on 3:53:00 PM
In the 1st week of May 2011, Myo Min Zaw, a senior police officer of Kutkai Township shot a motorbike trader from Pansone villagers, Theiny Township. The above happened when the guards at the Nankhaing Bridge between Nampaka and Kutkai Town asked for money from the traders as they stopped to pass the bridge, but at the same time, the police also stopped at the bridge as a military General was on a visit when they caught the four motorbike traders who attempted to pass the bridge.Thus, as the motorbike traders where approaching the bridge and saw the police they panicked and didn’t slow down when the bridge guards try to stop them. The police senior then shot at them three times. One of the gunshots impinged in Ko Sai, one of the motorbike trader’s stomach. His co-workers immediately...
Read more »
Posted by ဆန၀်းနော;မှေဲမ်း on 3:52:00 PM
၂၀၁၁ခုနှစ်၊ဇွန်လိုင်လ၊(၇)ရက် နေ့လည်ပိုင်းအချိန်တွင် ရှမ်းပြည်နယ်မြောက်ပိုင်း၊ကွတ်ခိုင်မြို့လယ်ရှိ "ဆိုဖီယာ" လက်ဖက်ရည်ဆိုင်တွင်း စစ်ပွဲသတင်းပြောမိသူတစ်ဦးကို ကွတ်ခိုင်နယ်ထိန်း(ရဲ)မှ ဝင်ရောက် ဖမ်းဆီးသွားကြောင်း သိရှိရသည်။
အဖမ်းခံရသူမှာ ကွတ်ခိုင်ရှိ၊ "ဝင်း"မုန့်တိုက်တွင် အလုပ်လုပ်နေသော မောင်စန်းဖြစ်ပြီး လက်ဖက်ရည်ဆိုင် အတွင်း သူငယ်ချင်းအား DVB မှထုတ်လွင့်သော စစ်အစိုးရနှင့်ကချင်စစ်တပ်အကြား တိုက်ပွဲသတင်းကို ပြောပြခဲ့သောကြောင့်ဖြစ်သည်။
"သူတို့စကားပြောနေချိန်မှာ ရဲကရောက်လာပြီး၊ နင်ဘာလို့ဒီအကြောင်းပြောသလဲ၊ နင်နဲ့ဘာဆိုင်လို့လဲဆိုပြီး ဖမ်းခေါ်သွားတယ်၊ သူ့သူငယ်ချင်းကိုတော့မဖမ်းဘူး"ဟုမျက်မြင်တစ်ဦးမှပြောပြခဲ့သည်။
ယခုလက်ရှိကွတ်ခိုင်ရဲစခန်းတွင် ချုပ်နှောင်ထားကြောင်းသိရသည်။
သတင်းမှတ်တမ်းနှင့်သုတေသနဌာန
တအာင်းကျောင်းသားနှင့်လူငယ်များအစည်းအရုံး
ဆက်သွယ်ရန်-၀၈၀ ၁၁၈ ၄၄၇၉၊ ၀၈၄ ၅၇၃ ၉...
Read more »
Posted by ဆန၀်းနော;မှေဲမ်း on 3:50:00 PM
၂၀၁၁ခုနှစ်၊ ဇွန်လိုင်လ(၁) ရက်နေ့ ညတွင် ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်၊
မိုင်းဝီးကျေးရွာအတွင် ဗုံးတစ်လုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့သည်။ အစိုးရ တပ်ရင်း(၁၄၄) ယာယီအခြေစိုက်သည့်နေရာတွင် ဖြစ်ပွားခဲ့ပြီး တစ်စုံတရာ ထိခိုက်ဒဏ်ရာ မရှိကြောင်းသိရပါသည်။ “ဗုံးပေါက်ကွဲတဲ့အချိန်မှာ စစ်သားတွေက ရွာထဲရောက်နေလို့ တစ်ယောက်မှ ထိခိုက်တာမရှိဘူး၊ ဒါပေမယ့် ရွာကလူတွေက အရမ်းစိုးရိမ်နေကြတယ်၊
တချို့ကြားတာက ကချင်စစ်တပ်တွေက ဝင်တိုက်မယ်လို့ ပြောနေကြတယ်” ဟုဒေသခံတစ်ဦး
ပြောပြချက်အရသိရှိရသည်။ ပေါက်ကွဲခဲ့သည့်နေရာသည် ယခင်က စစ်ထောက်လှန်းရေးနေခဲ့သည့်အဆောက်အဦးဟောင်းဖြစ်ပြီး
ယခုနောက်ပိုင်းမှသာ စစ်အစိုးရမှလုံခြုံကြောင့်ဆိုပြီး ယာယီစခန်းလာချထားကြောင်းသိရှိရသည်။ မိုင်ဝီးသည် ရွာကြီးတစ်ရွာဖြစ်ပြီး နမ့်ခမ်းမြို့တောင်ဘက်(၂၈)မိုင်အကွာတွင် တည်ရှိပြီး
အစိုးရတပ်ရင်း အမှတ် (၁၄၄) အခြေစိုက်နယ်မြေဖြစ်သည်။
သတင်းမှတ်တမ်းနှင့်သုတေသနဌာန
တအာင်းကျောင်းသားနှင့်လူငယ်များအစည်းအရုံး
ဖုန်း-...
Read more »
Posted by ဆန၀်းနော;မှေဲမ်း on 3:47:00 PM
၂၀၁၁ ခုနှစ်၊ဇွန်လ ပထမပတ်တွင် သိန္နီအခြေစိုက် စကခ (၁၆) လက်အောက်ခံဖြစ်တဲ့ ကွတ်ခိုင်အခြေစိုက် တပ်ရင်း (၂၄၂) ကို ကချင်လွတ်လပ်ရေးတပ်မတော်-KIA က ၀င်ရောက်တိုက်ခိုက်မည်ဟု စာတစ်စောင် ပို့ထားခြင်းကြောင့် ကွတ်ခိုင်ရှိ တပ်ရင်း (၅)ခုစလုံးကို (တပ်ရင်းအမှတ်- ၂၄၂၊ ၂၄၁၊၄၅၊ အမြောက်တပ်ရင်း၊ စစ်ဗျူဟာ) ညမထွက်ရအမိန့်ထုတ်ပြန်ထား သည်ဟုသိရသည်။
ညမထွက်ရအမိန့်သည် ညနေ ၆ နာရီမှစပြီး တပ်အတွင်းအကုန်လုံးရှိနေရမည်ဖြစ်ပြီး မနက် ၆ နာရီကျော်မှသာ တပ်အပြင်ထွက်ခွင့် ရှိတယ်လို့သိရပါသည်။
“တချို့စစ်လက်အောက်ငယ်သားနှင့် စစ်တပ်မိသားစုဝင်တွေက စားဝတ်နေရေး အကျပ်အတည်းကို တစ်ဖက်တစ်လှမ်းကနေ ကူညီဖြေရှင်းဖို့အတွက် ဆိုင်ကယ်ကယ်ရီ(တရုတ်ပြည်မှမြန်မာ)လုပ်ငန်းဖြင့် ဝင်ငွေရှာရတယ်၊အခုတပ်အပြင်မထွက်ရ အမိန့်ထုတ်လိုက်တော့ ဘယ်သူမှသွားလို့မရတော့ဘူး”လို့ စစ်တပ်မိသားစုဝင် တစ်ဦးမှပြောပြခဲ့သည်။
စစ်တပ်အပြင်ဘက်တွင် စိုက်ပျိုးရေးလုပ်ငန်းနှင့်ကွတ်ခိုင်မြို့အတွင်း...
Read more »
Posted by ဆန၀်းနော;မှေဲမ်း on 3:46:00 PM

ရှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူမြို့နယ်တွင် ရွှေဂတ်စ်ပိုက်လိုင်း လမ်းကြောင်း စတင်ဖောက်လုပ်မှုအစီအစဉ်ကို ၂၀၁၁ခုနှစ် သြဂုတ်လ ပထမအပတ်တွင် စတင်အကောင်အထည်ဖော်ဆောင်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
ရေနံနှင့်ဂတ်စ်ပိုက်လိုင်းလမ်းကြောင်းဖောက်လုပ်ရန်အတွက် ဇွန်လ ဒုတိယပတ်အတွင်းတွင် တရုတ်ပညာရှင် (၁၀)ဦးကျော်နှင့် လုပ်ငန်းများတွင် အသုံးပြုမည့် စက်ယန္တယားပစ္စည်း များ နမ္မတူမြို့တွင် ရောက်ရှိနေပြီးဖြစ်ပါသည်။
ဒေသခံတစ်ဦးက "ဟုတ်တယ် ပြီးခဲ့တဲ့ ဇွန်လ ဒုတိယ အပတ် မှာ တရုတ်ပညာရှင်တွေ (၁၀)ဦးကျော် ရောက်လာတယ်။ သူတို့သြဂုတ်လမှာစပြီး ဖောက်လုပ်မယ်လို့ သိရပါတယ်၊ နောက်ပြီး ပိုက်လုံးတွေကို နမ့်ခမ်းကနေ နမ္မတူအထိ တောလမ်းနဲ့ဘဲ သယ်ယူလာတယ် အခုအများကြီးရောက်နေပြီ"...
Read more »
Posted by ဆန၀်းနော;မှေဲမ်း on 3:44:00 PM
၂၀၁၁ခုနှစ်၊ဇွန်လ၃၀ရက်နေ့နံနက်၃နာရီခန့်တွင် ရှမ်းပြည်နယ်မြောက်ပိုင်း၊သိန်းနီမြို့နယ်၊ ရေပူဂိတ်အထွက်တွင် ဗုံးပေါက်ကွဲပြီး စစ်သား(၂) ဦးဒဏ်ရာရရှိသွားကြောင်းသိရှိရသည်။ တရုတ်-မြန်မာချစ်ကြည်ရေးခရီးစဉ်အတွင်း တရုတ်လူကြီးများအား လားရှိုးသို့ ကွတ်ခိုင်ဗျူဟာမှူးအဖွဲ့မှလိုက်ပို့ပြီးအပြန် ဗုံးပေါက်ကွဲမှုဖြစ်ခဲ့သည်ဟု ဒေသခံတစ်ဦးမှပြောပြခဲ့သည်။ ဒဏ်ရာရရှိခဲ့သော တပ်သားဇော်ဆန်ဖုန်းနှင့် အောင်မင်းခင်တို့အား ကွတ်ခိုင်ဗျူဟာတပ်ဆေးရုံတွင် ဆေးကုသမှုခံယူ နေသည်ဟုသိရှိရသည်။ယခုလက်ရှိရေပူဂိတ်တွင် လုံခြုံရေးတင်းကြပ်စွာ ချထားသည့်ဟု ခရီးသည်များပြောပြချက်အရသိရသည်။
သတင်းမှတ်တမ်းနှင့်သုတေသနဌာနတအာင်းကျောင်းသားနှင့်လူငယ်များအစည်းအရုံးဆက်သွယ်ရန်။ ။၀၈၀ ၁၁၈ ၄...
Read more »
Posted by ဆန၀်းနော;မှေဲမ်း on 3:43:00 PM
ဇွန်လ ၁၇-ရက်နောက်ပိုင်း တအာင်းဒေသအတွင်း နောင်ချိုတပ်ရင်း ၅၀၂နှင့် ကျောက်မဲတပ်ရင်း ၅၀၁ တို့မှ အင်အား ၃၀၀ ထက် မနည်းသော စစ်တပ်သည် နမ့်ခမ်း မန်တပ် တပ်ရင်း ၁၄၄ အား လူ နှင့်လက်နက်အင်းအားလာရောက် အားဖြည့်ပေး နေကြောင်း သိရသည်။
အဆိုပါ အားဖြည့်ရန်သွားသော စစ်တပ်သည် မန်တုံမြို့နယ် အတွင်းရှိ တောလမ်းအတိုင်း နမ်းခမ်းသို့ ချှီတတ်သွားကြောင်း နှင့် လမ်းတစ်လျှောက်ရှိ ရွာသားများကို လက်နက်ပစ္စည်း ရိက္ခာတို့ကိုသယ်ယူရန်အတွက် ပေါ်တာဆွဲသည့်အပြင် မြင်း၊ လားများကိုလည်း ချောဆွဲခဲ့သည်ဟု ပေါ်တာလိုက်ခဲ့သည့် ရွာသားကဆိုပါသည်။
"သူတို့(စစ်တပ်)မဝေါရွာကနေ မြင်း(၇)ကောင် ချောဆွဲပြီး မိုင်းဝီးအထိ လိုက်ပို့ခိုင်းတယ်၊ ရွာကနေ မိုင်းဝီးအထိ တစ်ရက် လုံးလုံးသွားရတယ်၊ မြင်းကိုလည်း အနားမပေးဘူး၊ အစာလည်း ကောင်းကောင်းမကျွှေးဘူး" လို့ မြင်းပိုင်ရှင်မှ ပြောပြခဲ့ပါ...
Read more »