DEMONSTRATING ABOUT THE TA'ANG PEOPLE AND TA'ANG LAND

ရံပ်ရို;ငို;အူန်းစာခြိုဝ်းနှာမ်းအဲတအာင်းတော်န်းချှေးနာ်

Monday, February 7, 2011

တရုတ်နယ်စပ်တွင် မြန်မာ GSM နှင့်CDMA ဖုန်များ ဆက်သွယ်၍ မရ


တရုတ်နိုင်ငံ ရွှေလီမြို့ရောက် မြန်မာများသုံးစွဲနေသည့် မြန်မာ GSM နှင့်CDMA ဖုန်းများသည် နေပြည်တော်တွင် ကျင်းပ နေသည့် လွှတ်တော်အစည်းအဝေး မတိုင်မီ ရက်ပိုင်းအလိုကစ၍ ဆက်သွယ် ခေါ်ယူ၍ မရတော့ကြောင်းသိရသည်။

လွတ်တော်အစည်းအဝေး မကျင်းပမီ ဂျန္နဝါရီလ ၂၈ ရက်နေ့ခန့်ကစ၍ ယနေ့အထိ အဆိုပါဖုန်းလှိုင်းများလုံးဝနီးပါး ပြတ်တောက်နေကြောင်း ရွှေလီရှိ မြန်မာဖုန်းအငှား ဆိုင်ရှင်တစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။ 

“ရွှေလီမှာ သုံးနေတဲ့ မြန်မာ GSM နဲ့ CDMA ဖုန်း အတော်များများပေါ့နော် လွှတ်တော်အစည်းအဝေးမတိုင်ခင် သောကြာနေ့ လောက်က စပြီး ဒီနေ့အထိ လှိုင်းတွေပြတ်နေတာ။ အခုကျတော့ ည ၈ နာရီကျော်လောက်ဆို တစ်ချက်တစ်ချက်ရတယ် ”
ဟု သူက ပြောသည်။

တရုတ်နယ်စပ်တွင် မြန်မာဖုန်းလှိုင်းများဆက်သွယ်ရ ခက်ခဲနေကြောင်း ရွှေလီရှိ မြန်မာလုပ်ငန်းရှင်တစ်ဦးကလည်း ပြောသည်။

“သူတို့အစည်းအဝေးလုပ်လို့ ဖုန်းလှိုင်းတွေဖြတ်တောက်ထားတယ်ထင်တယ်။ ဆက်သွယ်လို့မရဘူး ဒီမှာတော့ အားလုံးလို လို ဖြစ်နေတာပဲ ရန်ကုန် ၊ မန္တလေးတော့ သိပ်ပြဿနာမရှိဘူး။ ဆက်သွယ်လို့ ရတယ်။ ဒီရွှေလီက ဖုန်းကို မြန်မာပြည် တွင်းကနေ ခေါ်ရင် စက်ပိတ်ထား တယ်လို့ ပြောတယ်။ အမှန်က ဒီမှာမပိတ်ထားဘူး ဒီကခေါ်လဲ ခေါ်လို့ကိုမရတာ”
ဟု သူက ရှင်းပြသည်။

နေပြည်တော် လွတ်တော်အစည်းအဝေးကြောင့် နယ်စပ်ရှိဖုန်းလှိုင်းများ အဝင်ရော အထွက်ပါ ဖြတ်တောက်ထားခြင်း ဖြစ် ဖွယ်ရှိကြောင်း မြန်မာဖုန်းကိုင်ဆောင်သူများက ယူဆကြသည်။

တရုတ်နယ်စပ်တွင် ယခင်နှစ်ပိုင်းအတွင်းက မြန်မာဖုန်းကိုင်ဆောင်သူ အနည်းအကျဉ်းသာရှိသော်လည်း ၂၀၁၀ ခုနှစ်မှ စ၍ ဖုန်းကိုင်သူ များပြားလာကြောင်း သိရသည်။

ရွှေလီတွင် ပြည်တွင်းမှ မြန်မာလူငယ်များ ကြုံရာကျပန်းအလုပ်လုပ်ကိုင်သူ ယခင်ကထက် သိသိသာသာ တိုးလာရာ မြန်မာဖုန်းအငှားဆိုင်များ အမြောက်အများ ပေါ်လာသည့် အပြင် ယခင်ထက် ဖုန်းဈေးကျ၍ ဝယ်ယူရ လွယ်ကူလာသဖြင့် စီးပွားရေး အခြေကျသည့် မြန်မာလုပ်ငန်း ရှင်များ ကလည်း ဝယ်ယူသုံးစွဲသူ များပြားလာကြောင်း သိရသည်။

ယခုအခါ ရွှေလီနှင့် ကျယ်ခေါင်မြို့များတွင် မြန်မာကျပ်ငွေ ၁၀ သိန်းနှင့် ၅ သိန်းတန် နေပြည်တော် GSM ဖုန်း အပါအဝင် နေပြည်တော်၊ မန္တလေး ၊ လားရှိုးနှင့် မူစယ် CDMA ဖုန်းများ ကိုင်ဆောင်သုံးစွဲသူ ဦးရေ ရာကြီးပိုင်းအထိရှိကြောင်း သိရသည်။

0 comments:

ကော်န်းတအာင်းအူချှေး

 
Powered by Blogger