DEMONSTRATING ABOUT THE TA'ANG PEOPLE AND TA'ANG LAND

ရံပ်ရို;ငို;အူန်းစာခြိုဝ်းနှာမ်းအဲတအာင်းတော်န်းချှေးနာ်

Wednesday, February 16, 2011

မူးယစ်ဆေးဝါးသုံးစွဲသူများပြားသည်အမျှ ရပ်ရွာထဲတွင် သူခိုးပေါများလာနေ





၉ရက်နေ့၊ ဖေဖော်ဝါရီလ၊ ၂ဝ၁ဝခုနှစ် ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့နယ်တွင် ဘိန်းသုံးစွဲမှု ပိုမိုများပြား လာရခြင်းအပေါ် ရပ်ရွာထဲတွင် ခိုးမှု၊ လုယက် မှု ပိုမို များပြားလာသည်ဟု သိရှိရပါသည်။

ဒေသခံအမျိုးသမီးတစ်ဦး“ ရွာတွေမှာဆိုရင် လူအိုတွေနဲ့ ကျောင်းတက်နေကြသော ကလေးငယ်တွေသာကျန်ရှိခဲ့တယ်။ ကျောင်းမတက် နိုင်သော ကလေးတွေဆိုရင်လဲ မိဘများနဲ့အတူ မီးသွေးဖုတ်၊ မီသွေးထည့်သည့်အလုပ်ကို ဝိုင်းကူလုပ် ပေးတယ်။ တချို့အိမ်တွေမှာဆိုရင် ဘယ်သူမှမရှိဘဲ တံခါးကို သော့ချပြီး အလုပ်သွားလုပ်ကြသည်။

ရွာတိုင်းလိုလို ဘိန်းစားတွေ ရှိနေတော့ လူအိုနှင့် ကလေးတွေအတွက် လုံခြုံရေးလည်းမကောင်းပါဘူး။  ဘိန်းစားတွေက ဟိုအိမ်ဖောက် လိုက်၊ ဒီအိမ်ဖောက်လိုက်နဲ့ ရွာသားတွေးရဲ့ ပစ္စည်းတွေကို ခိုးတယ်၊ မြို့တွေမှာဆိုရင်လည်း နေ့တိုင်းလိုလို ဆိုင်ကယ်ပျောက် တယ်၊  အဆိုးဆုံးပြောရရင်တော့ သာယာကုန်းရပ်ကွက်က ကျောင်းမြတ်ကျောင်းဘုန်းကြီးကျောင်းဆိုရင် ကျောင်းရဲ့ မီတာဘောက်ကိုတောင်  ခိုးသွားတာ” ဟု ပြောပြခဲ့ပါသည်။

ပလောင်အမျိုးသမီးအစည်းအရုံးမှ အဆိပ်သင့်တောင်တန်းအစီရင်ခံစာကို ထုတ်ဝေခဲ့ပြီးနောက်ပိုင်းတွင်လည်း နအဖစစ်တပ် များသည် မူးယစ်ဆေးဝါး၊ စိုက်ပျိုးခြင်း၊ ရောင်းဝယ်ဖောက်ကားခြင်းနှင့် သုံးစွဲခြင်းတို့ကို ထိထိရောက်အရေးယူလုပ်ဆောင် ပေးခြင်း မရခြင်းကြောင့် ရပ်ရွာထဲတွင် ဘိန်းစားများသည် ခိုးမှုများ ပိုမိုများပြားလာကြသည်။

0 comments:

ကော်န်းတအာင်းအူချှေး

 
Powered by Blogger