DEMONSTRATING ABOUT THE TA'ANG PEOPLE AND TA'ANG LAND

ရံပ်ရို;ငို;အူန်းစာခြိုဝ်းနှာမ်းအဲတအာင်းတော်န်းချှေးနာ်

Monday, February 14, 2011

အလုပ်လက်မဲ့ ပလောင်လူငယ်များရွာလုံးကျွတ် တရုတ်နယ်စပ်ထွက်ခွာ



အလုပ်ရှင်စောင့်နေသော တအာင်းလူငယ်များ (ဓါတျပုံ - MG/S.H.A.N.)



သျှမ်းပြည်နယ်(မြောက်ပိုင်း) နမ့်ဆန်မြို့နယ် အတွင်းရှိ မန်းလန်း၊လီလု နှင့်တောင်မရွာများမှ အသက်(၂၀) ဝန်းကျင်အရွယ် ပလောင်အမျိုးသမီး၊အမျိုးသား၂၀ ကျော်ခန့်သည် အလုပ်အကိုင်ရှာဖွေရန် တရုတ်နယ်စပ်ရွှေလီမြို့သို့ ယနေ့ရောက်ရှိလာသည်။
ယခင် ပလောင်လူမျိုးများ မိရိုးဖလာ လုပ်ကိုင်သောလက်ဖက်ခြံလုပ်ငန်းကို စီးပွားရေးသမားများ နေရာယူချုပ်ကိုင်လာရာမှ ဒေသတွင်းအလုပ်အကိုင်ရှားပါးလာပြီး ယခုကဲ့သို့တရုတ်နယ်စပ်ဘက် ထွက်ခွာကြခြင်းဖြစ်ကြောင်းသိရသည်။
နေရပ်စွန့်၍ ပလောင်လူငယ်များ အသုတ်လိုက်ထွက်ခွာနေရာ အချို့ရွာများတွင် ရွာလုံးကျွတ်နီးပါး ဖြစ်ကြောင်းမန်းလန်းကျေးရွာ လူငယ်၂၀၀ ကျော်ရှိပြီဖြစ်ကြောင်း ရွှေလီရောက်လာသူ လူငယ်တစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောကြားခဲ့သည်။
     “ နမ့်ဆန်မြို့နယ်ထဲကဆိုရင် ရွာတိုင်းလိုလို ဒီဘက်တတ်လာကြတယ် ဒီနေ့ရောက်နေတဲ့လူတွေက မန်းလန်း၊လီလု၊တောင်မရွာ တွေလေ ရွာမှာလက်ဖက်က အလုပ်မဖြစ်တော့အလုပ်မရှိလို့ ရရာအလုပ်လုပ်ဖို့ ရွှေလီကိုထွက်လာကြတာ” လို့လူငယ်ကဆိုသည်။ 

၂၀၀၉ ခုနှစ်အတွင်းက လက်ဖက်ဆေးဆိုး ကိစ္စပေါ်ပေါက်ပြီးနောက်ပိုင်း စီးပွားရေးကျဆင်းလာရာ ဒေသခံများက၄င်းတို့ပိုင် လက်ဖက်ခြံများကို စစ်အစိုးရနှင့်နီးစပ်သူများ၊ တရုတ်လူမျိုးလုပ်ငန်းရှင်များ ထံငွေတိုးဖြင့်ပေါင်နှံခြင်း၊ ရောင်းချခြင်းများပြုလုပ်ခဲ့ရကြောင်းသိရသည်။
အခုအခါအဆိုပါလက်ဖက်ခြံများကို စီးပွားရေးသမားများက ပိုင်ဆိုင်သွားကာ ဒေသတွင်းလက်ဖက် စက်ရုံများတည်ဆောက်၍ စီးပွားရေးလက်ဝါးကြီးအုပ် ချယ်လှယ်ကြကြောင်း ဒေသခံများအဖို့ ဝင်ငွေရသည့်အလုပ်အကိုင်ရှားပါးလာကြောင်းသိရသည်၊၊
          “လက်ဖက်ဆိုးဆေးကိစ္စပေါ်တော့ စီးပွားရေးတွေကျသွားတယ် ငွေမရှိတော့ ပထမသီးစားသဘောမျိုး အကြွေးယူတယ် နောက်တဖြည်းဖြည်းပြန်မဆပ်နိုင်တော့ လက်ဖက်ခြံတွေ အတော်များများ လက်လွတ်လိုက်ရတယ်” ဟုသူကဆိုသည်။

သျှမ်းပြည်(မြောက်ပိုင်း) အတွင်းရှိ တအာင်း(ပလောင်)လူမျိုးများသည် လက်ဖက်လုပ်ငန်းအပေါ် အဓိကမှီခိုကြပြီး ၄င်းလုပ်ငန်းမှ ဝင်ငွေကျဆင်းသွားသည့်အခါ ရပ်တည်နေထိုင်ရေးတွင် အခက်အခဲ များစွာရှိကြောင်းသိရသည်။

0 comments:

ကော်န်းတအာင်းအူချှေး

 
Powered by Blogger