DEMONSTRATING ABOUT THE TA'ANG PEOPLE AND TA'ANG LAND

ရံပ်ရို;ငို;အူန်းစာခြိုဝ်းနှာမ်းအဲတအာင်းတော်န်းချှေးနာ်

Thursday, February 24, 2011

ပလောင်အမျိုးသမီးငယ်အား နအဖစစ်သား အုပ်စုလိုက်မုဒိမ်းကျင့်

သျှမ်းသံတော်ဆင့်
သျှမ်းပြည်အလယ်ပိုင်းယခုလဆန်းပိုင်းတွင် အသက်၁၆နှစ် အရွယ်ပလောင်အမျိုးသမီးငယ် တစ်ဦးအား လုံခြုံရေးကင်းလှည့်သော နအဖအုပ်စုလိုက် မုဒိမ်းကျင့်မှုခံခဲ့ရကြောင်းသိရသည်၊၊ ကွန်ဟိန်းမြို့နယ် (တာ့ကော့်သံလွင်တံတားအနောက်မြောက်ဘက်) ဖန်လန်းရွာမှ မိုင်ဝက်ခန့်ဝေးသော နမ့်မော်ငင်းရွာ အသွားလမ်း(ကျိုင်းတောင်း)ခမရ ၅၇၄ မှလုံခြုံရေးကင်းလှနည့်တပ်ဖွဲ့နှင့် ပက်ပင်းတိုးမိရာမှ မုဒိမ်းကျင့် ခံရခြင်းဖြစ်သည်။
“ သိပ်မဝေးဘူးဆိုပြီးတော့ ကောင်မလေးတစ်ယောက်တည်း ခြေလျင်လျှောက်သွားတာ ကံဆိုးချင်တော့ လမ်းမှာဗမာစစ်သားတွေနဲ့တိုးတော့တာကိုး၊ ၆ယောက်ရှိတယ် ခေါင်းဆောင်ဘယ်သူလဲတော့မသိဘူး၊ ခမရ(၅၇၄) ဆိုတာပဲသိတယ်” ဟုမုဒိမ်းကျင့်ခံရသူနှင့် အမျိုးတော်စပ်သူ တာ့ကော်ဒေသခံတစ်ဦးက ပြောပြသည်။
အုပ်စုလိုက်မုဒိမ်းကျင့်ခံရသူအမျိုးသမီးမှာ ဖန်လန်းအုပ်စု လွယ်ဟန်းရွာသူဖြစ်ပြီး အဆိုပါစစ်အုပ်စုမှာ ကျိုင်းတောင်းအခြေစိုက် ခမရ(၅၇၄) မှကွန်းဟိန်းတာ့ကော်ဘက်လမ်းလုံခြုံရေး ယူနေသည့်အုပ်စုဖြစ်သည်။
“ ကောင်မလေးကို ဖမ်းချုပ်မျက်နှာ အဝတ်နဲ့စည်းထားပြီး တယောက်ပြီးတယောက် မုဒိမ်းကျင့်တာပဲ။ ကျေးလက်တောရွာသားတွေဆိုတော့ တိုင်ဖို့တန်းဖို့လည်း ဘယ်ရဲကြမလဲ” ဟု၎င်းကဆက်လက်ပြောပြသည်။ ရွေးကောက်ပွအကြို ၂၀၁၀ နိုဝင်ဘာ၆ရက်တွင်လည်း မိုင်းနောင်အခြေစိုက်ခမရ(၂၈၆)က ဗိုလ်မှူးဝင်းဇေလတ် ဦးဆောင်သည့်တပ်ဖွဲ့က ကိုယ်လက်အင်္ဂါမစုံသူ ဝမ့်ဝိန်းကောင်ရွာသူအားလည်းကောင်း၊ ရွေးကောက်ပွဲ နောက်ပိုင်း  နိုဝင်ဘာ၂၀ ရက်တွင်လည်း သျှမ်းပြည်တောင်ပိုင်း လင်းခေအခြေစိုက်ခမရ(၅၇၈) နအဖ တပ်သားတစ်ဦးက နောင်လုံကျေးရွာ အုပ်စုဟွေ့ဆင်မ်ရွာသူတဦး၏ မိဘနှစ်ပါးကိုပစ်သတ်၍ (၁၆) နှစ်အရွယ်မိန်းကလေးအားလည်းကောင်း အဓမ္မပြုကျူးလွန်ခဲ့သည်။

0 comments:

ကော်န်းတအာင်းအူချှေး

 
Powered by Blogger