DEMONSTRATING ABOUT THE TA'ANG PEOPLE AND TA'ANG LAND

ရံပ်ရို;ငို;အူန်းစာခြိုဝ်းနှာမ်းအဲတအာင်းတော်န်းချှေးနာ်

Monday, February 7, 2011

ပလောင်ဒေသတွင်းဘိန်းစိုက်ပျိုးမှုအဆမတန်တိုးပွားလာ





ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင် ကွတ်ခိုင်မြို့နယ်နှင့်နမ့်ခမ်းမြို့နယ်အတွင်းရှိ ကျေးရွာအတော်များများ ၂၀၁၀နှင့် ၂၀၁၁အတွင်း ဘိန်းအဆမတန် စိုက်ပျိုးနေကြောင်းသိရှိရသည်။
နမ့်ခမ်းဒေသခံတစ်ဦးပြောပြချက်အရ“ ဒီနှစ်ဆိုရင် ဘိန်းစိုက်ပျိုးတာ အဆမတန် တိုးပွားလာတယ် ဘာဖြစ်လို့လဲဆိုတော့ နမ့်ခမ်းမြို့နယ် ကြံ့ဖွတ်ပါတီဦးဆောင်တဲ့ ပန်းဆေးပြည်သူ့စစ် ခေါင်းဆောင် ဦးကျော်မြင့်က ရွေးကောက်ပွဲစည်းရုံးရေးဆင်း ကတည်းက တရုတ်လီရှောရွာတွေမှာဆို ဘိန်းစိုက်ပျိုးလို့ရတယ်ဆိုပြီး စည်းရုံးဟောပြောတော့ လူတွေကအရမ်းစိုက်ကြတယ်၊ ဘိန်းခြံပေါက်တဲ့  အချိန်တုန်းကဆို  တစ်ရက်ကိုကျပ်(၄၀၀၀)ပေးတော့ လူတော်တော်များများ ဘိန်းခြံအလုပ်ပဲ လုပ်ကြတယ်၊ ဘိန်းခြံပေါက၊် ဘိန်းခြံရှင်းတဲ့ အလုပ်သမား အများစုတွေက ပလောင်တွေဖြစ် ကြတယ်၊ သူတို့၏လုပ်အားခအဖြစ် တချို့ခြံပိုင်ရှင်တွေက ဘိန်းဖြူ ၊ယာမ တွေပေးတယ်၊ ဘိန်းသုံးစွဲတဲ့ အလုပ်သမားများတယ်ဆိုတော့ ဘိန်းခြံပေါက်ပြီး အိမ်ပြန်လာ တာတောင် ဘာပိုက်ဆံမှလဲမကျန်ဘူး၊” ဟုပြောကြားခဲ့သည်။

ဇန်နဝါရီလတုန်းက ဗျူဟာမှုးကိုယ်တိုင် ပန်ဆေးရွာအထိကိုယ်တိုင်လာရောက်သော်လည်း တစုံတရာပြောင်းလဲမှု မတွေ့ရကြောင်း သိရှိရသည်။ ယခုလို  ဘိန်းခြံစိုက်ပျိုးမှုတိုးပွားလာသည့်အမျှ ဘိန်းသုံးစွဲသူများလည်းများ ပြားလာနေ ကြောင်းတွေ့ရှိရသည်၊၊
 

0 comments:

ကော်န်းတအာင်းအူချှေး

 
Powered by Blogger