DEMONSTRATING ABOUT THE TA'ANG PEOPLE AND TA'ANG LAND

ရံပ်ရို;ငို;အူန်းစာခြိုဝ်းနှာမ်းအဲတအာင်းတော်န်းချှေးနာ်

Monday, February 7, 2011

စစ်ရေးတင်းမာမှုကြောင့် မီးသွေးကုန်သည်များနှင့် အလုပ်သမားများ အခက်အခဲကြုံ





ကချင်ပြည်နယ် ဗန်းမော်မြို့နယ်နှင့် ရှမ်းပြည်နယ် မြောက်ပိုင်းနမ့်ခမ်းမြို့နယ်ကြားရှိသည့် လမ်းကြောင်းအတွင်း မီးသွေးတင်ဆောင်သွားလာခွင့်ကို ကေအိုင်အေ(KIA)စစ်တပ်က၂၀၁၀ ဒီဇင်ဘာ၂၅ ရက်နေ့ကစပြီး လုံးဝပိတ်ပင်ထားကြောင်း မီးသွေးကုန်သည်တစ်ဦးပြောပြချက် အရ သိရှိရသည်၊၊
မီးသွေးကုန်သည်တစ်ဦးပြောပြချက်အရ  “ကျနော်တို့က ပူးပေါင်းပြီး ထင်းတောဧက မြောက်များစွာကို ကချင်စစ်တပ်ဆီကနေပဲဝယ်ပြီး မီးသွေးဖုတ်တယ် ပြီးရင်တရုတ်ပြည်ကို သွားရောင်းတယ်၊ အခုလို့တင်ဆောင်ခွင့်မရတဲ့ အတွက် စားဝတ်နေရေးအကြပ်အတည်း ကြုံနေရတာပေါ၊  ဘာဖြစ်လို့ ဒီလိုအကြာကြီး လမ်းပိတ်ထားသလဲတော့ ကျနော် လည်းမသိဘူး အခြားမီးသွေးကုန်သည် သူငယ်ချင်းများလည်း ငြီးနေကြတယ်၊ သူတို့ပြောတာတော့ နအဖစစ်တပ်နှင့် ကချင်စစ်တပ်တို့ စစ်ရေးတင်းမာမှုကြောင့် လုံခြုံရေးအရ ကချင်ဘက်က ပိတ်ပင်ထားတယ်”  ဟုပြောကြားခဲ့သည်။
ထို့ကြောင့် မီးသွေးဖုတ်သွား သောအလုပ်သမားများအားလုံးပါ လုပ်အားခမရသေးပဲ ပြန်လာနေရကြောင်းသိရှိရသည်။

0 comments:

ကော်န်းတအာင်းအူချှေး

 
Powered by Blogger