DEMONSTRATING ABOUT THE TA'ANG PEOPLE AND TA'ANG LAND

ရံပ်ရို;ငို;အူန်းစာခြိုဝ်းနှာမ်းအဲတအာင်းတော်န်းချှေးနာ်

Sunday, February 27, 2011

နမ့်ဆန်မြို့နယ်မှ မြေဧက ရာပေါင်းများစွာသိမ်းဆည်းခံ





ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲခရိုင် နမ့်ဆန်မြို့အခြေစိုက် နဂါးပျံအချိုခြောက်စက်ရုံမှ တာဝန်ရှိသူ ဦးလှရွှေအဖွဲ့၊ နမ့်ဆန်မြို့မြေတိုင်းစာရင်းဦးစီးဌာန နှင့် မယကဥက္ကဌအဖွဲ့တို့ ပူးပေါင်းပြီး  ၂၀၁၁၊ဇန်န၀ါရီလ ကုန်ပိုင်းလောက်တွင် နမ့်ဆန်မြို့နယ်၊ မန်လွယ်အုပ်စု၊ အထက်မန်လွယ်ကျေးရွာမှ မြေဧကပေါင်း (၅၀၀)ခန့် သိမ်းဆည်းသွားခဲ့ ပါသည်။


ကြိုတင်အကြောင်းကြားတာမျိုးမရှိဘဲ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်အမိန့်အရ လက်ဖက်စိုက်ဖို့ မြေဧက(၅၀၀) လိုတယ် ဆိုတဲ့အကြောင်း ရွာဥက္ကဌကို အတင်းနေရာလိုက်ပြခိုင်းပါတယ်လို့ဒေသခံတစ်ဦးကအခုလိုပြောပါတယ်။

"ဒီလိုလာသိမ်းမယ်ဆိုတာ ရွာဥက္ကဌကော ကျတော်တို့အားလုံးကော ဘာမှကြိုတင်မသိလိုက်ရပါဘူး တိုင်းမှူးရဲ့ အမိန့်အရ လက်ဖက်စိုက်ဖို့ မြေဧက(၅၀၀)လိုအပ်နေတယ် ဥက္ကဌကိုယ်တိုင်လိုက်ပြပေးပါဆိုပြီး အဲဒီ နဂါးပျံအချိုအခြောက်စက်ရုံမှ တာဝန်ရှိတဲ့သူတွေ၊ မြေတိုင်းစာရင်းဦးစီးဌာနကလူတချို့နဲ့ မယက ဥက္ကဌတို့က လာသိမ်းသွားတယ်" လို့သူကပြော ပါတယ်။

"ရွာဥက္ကဌက ရွာနဲ့နည်းနည်းဝေးတဲ့ ကျောက်တော်တောမှာ သူတို့ကိုမြေနေရာပြပေးလိုက်ပါတယ် ဒါပေမဲ့ သူတို့က အဲဒီမြေနေရာကိုမကြိုက်ဘူးဆိုပြီး ရွာနဲ့နီးတဲ့ ပန်ခါးတောကိုသိမ်းပြီး  ရွာသားတွေကို တစ်ရက်လျှင် (၁၅၀၀) ကျပ် ပေးပြီး တောတွေရှင်းခိုင်းလိုက်တယ်" လို့ လည်းသူကဆက်ပြောပါတယ်။

"ဒီမြေတွေက မြေအလွတ်တွေပါပဲ ရွာပိုင်မိသားစုပိုင်ဆိုရင် မြေဂရန်ရှိရမယ်၊မြေဂရန်မရှိတော့ မြေအလွတ်ပဲလို့လာသိမ်းတဲ့ သူတွေကပြောတယ် ဒါပေမယ့် ကျတော်တို့မှာ မြေဂရန်ဆိုတာမရှိပါဘူး ဘာဖြစ်လဲဆိုတော့ ဒီမြေတွေဟာ ကျတော်တို့ရဲ့ ဘိုးဘွားပိုင်မြေတွေဖြစ်လို့ပါပဲ"ဟု ဒေသခံတွေကပြောပါတယ်။

အခုလိုသိမ်းဆည်းသွားတဲ့ မြေတွေမှာ တစ်ရွာလုံးအတွက်လည်းအရေးပါသလို သိမ်းဆည်းခံရတဲ့မိသားစုတွေအတွက် လည်း အသက်မွေးဝမ်းကျောင်းတဲ့မြေနေရာဖြစ်တာမို့ တစ်ရွာလုံးလိုလို မကျေမနပ်ဖြစ်နေကြတယ် ဒါပေမယ့်လည်း မြောက်ပိုင်း တိုင်းစစ်ဌာနချူပ်အမိန့်အရဆိုလို့ ဘာမှပြန်မပြောရဲပဲ အခြေအနေပေးရင် မယက ထံ အသနားခံမယ်လို့သိ ရပါတယ်။

သိမ်းဆည်းသွားတဲ့ မြေနေရာတွေကို ကျပ်တန်ဖိုးအနေနဲ့တွက်ကြည့်ရင် အနည်းဆုံး သိန်း (၅၀၀) ကျော် ရှိမယ်လို့လည်း သိရပါတယ် အကယ်၍ ပြီးခဲ့တဲ့နှစ်တွေလို နမ့်ဆန်မြို့မှာ နဂါးပျံအချိုခြောက်စက်ရုံဆောက်ဖို့ လက်ဖက်ခြံကို ဈေးကြီးကြီးနဲ့ဝယ်ရတဲ့ပုံစံမျိုးဆိုရင် အခုလိုပန်ခါးတောလိုမျိုးမှာ သိန်း(၁၂၀၀)ကျပ် တန်ဖိုးရှိတယ်လို့ ရွာသားတွေရဲ့ အတည်ပြုပြောဆိုခဲ့ပါတယ်။ တရုတ်လူမျိုးပိုင် နဂါးပျံအချိုခြောက်စက်ရုံသည် နမ့်ဆန်မြို့နယ်၊ လွယ်ခမ်းကျေးရွာတွင်း ၂၀၀၈ခုနှစ်မှ စတင်တည်ဆောက်ပြီး နမ့်ဆန်အတွင်း အကြီးဆုံးစက်ရုံတစ်ရုံဖြစ်သည်။

၎င်းမြေယာတွေမှာ ဒေသခံတွေအတွက် အသက်ရှင်ဖို့ နေ့တိုင်းသောက်သုံးနေရတဲ့ ရေထွက်ရာနေရာလည်းဖြစ်ပါတယ် အကယ်၍ သစ်ပင်တွေရှင်းလင်းပြီး လက်ဖက်ဘဲစိုက်တော့မယ်ဆိုရင် အနာဂါတ်မှာရေခမ်းသွား နိုင်မဲ့ပြသာနာဖြစ်လာ နိုင်ပါသည်။

0 comments:

ကော်န်းတအာင်းအူချှေး

 
Powered by Blogger