DEMONSTRATING ABOUT THE TA'ANG PEOPLE AND TA'ANG LAND

ရံပ်ရို;ငို;အူန်းစာခြိုဝ်းနှာမ်းအဲတအာင်းတော်န်းချှေးနာ်

Tuesday, February 22, 2011

တအာင်းအာဇာနည်နေ့ကျင်းပ










တအာင်းကျောင်းသားနှင့်လူငယ်များအစည်းအရုံး(TSYO)နှင့် ပလောင်အမျိုးသမီးအစည်းအရုံး (PWO)တို့ ပူးပေါင်းပြီး တအာင်းအာဇာနည်နေ့ကို ဖေဖါဝါရီလ (၁၈) ရက်နေ့ ထိုင်း-မြန်မာနယ် စပ် တစ်နေရာတွင်ကျင်းပခဲ့ပါသည်။

ဖေဖော်ဝါရီ ၁၈ ရက်နေ့တွင် တအာင်းကျောင်းသားနှင့်လူငယ်များအစည်းအရုံး၏ အဖွဲ့ဝင်လူငယ်များနှင့် ပလောင်အမျိုး သမီးအစည်းအရုံး၏ အဖွဲ့ဝင်များ လူဦးရေ (၄၀)ကျော်ဖြင့် ပလောင်တော်လှန်ရေးကို စတင်တည်ထောင်ခဲ့သော ပလောင် ခေါင်းဆောင်"တားခွန်သောင်း" ကျဆုံးသည့် အာဇာနည်းနေ့တွင် ဘုန်းကြီးကျောင်းသို့ သွားရောက်ဆွမ်းကပ်တရားနာ ခဲ့ပါသည်။

တက်ရောက်ပါဝင်သော တအာင်းလူငယ် အမျိုးသား/သမီးများအား အာဇာနည်နေ့အကြောင်းအရင်း အနက်အဓိပ္ပါယ် နှင့် သမိုင်းကြောင်းကို သိနားလည်စေရန်အတွက် တာဝန်ရှိသည့် တအာင်းလူငယ် ခေါင်းဆောင်များက ရှင်းပြပေးခဲ့ပါသည်။

တအာင်းအားဇာနည်နေ့သည်  တအာင်းတော်လှန်ရေးကိုစတင်တည်ထောင်သူ တအာင်းအမျိုးသား ခေါင်းဆောင် တားခွန်သောင်း ကျဆုံးသည့်နေ့ ဖေဖော်ဝါရီလ (၁၈)နေ့ကို တအာင်းအာဇာနည်နေ့ အဖြစ်သတ်မှတ်ခဲ့ကြသည်၊၊ တားခွန်သောင်းသည် တအာင်းအမျိုးသားကာကွယ်ရေးအတွက် တအာင်း (ပလာင်) အမျိုးသားတပ်ဖွဲ့ (PNF)ကို ၁၉၆၃ ခုနှစ် ဇန်န၀ါရီလ ၁၂ ရက်နေ့တွင် ဦးဆောင်စတင် ဖွဲ့စည်းပြီး ၁၉၇၈ ဖေဖော်ဝါရီ ၁၈ ရက်နေ့တွင် ကျဆုံးသွားခဲ့ပါသည်။

အာဇာနည်နေ့ ကျင်းပပြုလုပ်ခြင်းမှာ" ကျဆုံးသွားသော တအာင်းရဲဘော်များကို ဂုဏ်ပြုခြင်း ၊ တအာင်းတစ်မျိုးသားလုံး အတွက် အသက်ပေးလှုခဲ့သော ထိုရဲဘော်တို့၏ သွေးချွေး လုံ့လ ၀ိရိယများကို နောက်တက်လာမယ့် တအာင်းလူငယ် ခေါင်းဆောင်များက အမှတ်ရစေရန်နှင့် အသိမှတ်ပြုစေလိုသဖြင့် အာဇာနည်းနေ့ကို နှစ်စဉ်နှစ်တိုင်းပြုလုပ်သင့် သည်ဆိုသည့် အကြောင်းကို တအာင်းကျောင်းသားနှင့်လူငယ်အစည်းအရုံး၏ တွဲဖက် အတွင်းရေးမှူး (၁) က ပြောပါသည်။

တအာင်းအာဇာနည်နေ့နှင့်ပါတ်သက်၍ တအာင်းကျောင်းသားနှင့်လူငယ်များအစည်းအရုံး တွဲဖက်အတွင်းရေးမှူး (၂) က" ဒီနှစ် တအာင်းအာဇာနည်းနေ့ကျင်းပတာ အရင်နှစ်လို ခမ်းခမ်းနားနား မကျင်းပနိုင်ခဲ့ပါဘူး ဘုန်းကြီးကျောင်းသွားပြီး ဆွမ်းကပ် တရားနာ တာလောက်ပဲ လုပ်နိုင်ခဲ့ပါတယ် အကြောင်းရင်းမှာ ထိုင်းနိုင်ငံအတွင်းလုံခြုံရေးတင်းကြပ်မှု ကြောင့်ပါပဲ" ဟု သူကပြောခဲ့ပါသည်။

တအာင်းအာဇာနည်နေ့အခမ်းအနားကို မြန်မာပြည်တွင်းတွင် လုံးဝပြုလုပ်ခွင့်မရကြောင်းကိုလည်း လူငယ်တစ်ဦးပြောပြ ချက်အရ “ ကျနော်တို့အာဇာနည်နေ့ အခမ်းအနားကို ပြည်တွင်းမှာလုပ်လို့ မရပါဘူး၊ အာဇာနည်နေ့နှင့် အမျိုးသားနေ့တွေကို မပြောတော့နဲ့ စာပေနှင့်ရိုးရာယဉ်ကျေးမှုအခမ်းအနားတောင် လိုက်ပြီးပိတ်ပင်တာဒါပေမယ့် ကျနော်တို့ကတော့ ရောက်တဲ့နေရာမှာ ကိုယ့်ရဲ့အာဇာနည် ခေါင်းဆောင်များကျဆုံးတဲ့နေ့အခမ်းအနားကို နှစ်စဉ်နှစ်တိုင်းပြုလုပ်ပါတယ်” ဟုပြောကြားခဲ့ပါသည်။

တအာင်းလူငယ်အမျိုးသမီးတစ်ဦးပြောပြချက်အရ “ဒီနေ့ဟာကျမတို့ တအာင်း(ပလောင်) တမျိုးသားလုံးရဲ့ အာဇာနည်နေ့ဖြစ်ပါတယ် ဒါပေမယ့်ပြည်တွင်းမှာနေတဲ့ အချိန်မှာအာဇာနည်နေ့ ရှိမှန်း တောင်မသိရပါဘူး အခုလိုပြည်ပ ရောက်လာမှ ကိုယ့်မှာလည်းအာဇာနည်နေ့ဆိုတာရှိမှန်းသိရတယ် ကျမအတွက်တော့ ပထမဦးဆုံးအာဇာနည်နေ့မှာ ပါဝင်ခွင့်ရခဲ့တာဖြစ်ပါတယ်” ဟုပြောကြားခဲ့ပါသည်။

တအာင်းအမျိုးသားအတွက် အသက်ပေးလှူးဒါန်းခဲ့သော တအာင်း အာဇာနည်ခေါင်းဆောင်များ ကျဆုံးခဲ့သည့် အာဇာနည်နေ့သည် တအာင်းတစ်မျိုးသားလုံးနှင့်ဆိုင်သောနေ့ထူးနေ့မြတ်ဖြစ်ပါသည်။  မြန်မာနိုင်ငံတွင် လူမျိုးတစ်မျိုး အတွက် အလွန်အရေးကြီးသည့် အာဇာနည်နေ့ကို ကျင်းပခွင့်မရခဲ့ သော်လည်း မိမိအစွမ်းအစနှင့် ကြိုးစားပြီး နှစ်တိုင်းပြုလုပ်သွားမည်ဟု ထိုင်းနိုင်ငံရောက်တအာင်းလူငယ်အမျိုးသား/သမီးများက ဆိုပါသည်။

1 comments:

Unknown said...

ဒီလို မျိုးတွေ ဖတ်ချင်တယ်။ လုပ်သင့်လုပ်ရမဲ့ ဖော်ထုတ်သင့်ဖော်ထုတ်ရမဲ့ နေ့ ထူးနေ့မြတ် တစ်နေ့ ဖြစ်တယ်။
ကျန်ရှိနေသေးသော နေ့ထူးများရှိပါက ဖော်ထုတ်ပေးလျှင် ကောင်းမည်လို့ ယူဆပါတယ်။ ပိုထင်ရှားအောင် ၀ိုင်းဝန်းကူညီပါမည်။

ကော်န်းတအာင်းအူချှေး

 
Powered by Blogger