DEMONSTRATING ABOUT THE TA'ANG PEOPLE AND TA'ANG LAND

ရံပ်ရို;ငို;အူန်းစာခြိုဝ်းနှာမ်းအဲတအာင်းတော်န်းချှေးနာ်

Monday, February 7, 2011

ဘိန်းစိုက်ပျိုးသူများထံငွေလိုက်လံကောက်ခံ


၂၅ ဇန်နဝါရီ၊၂၀၁၁ ကစပြီးရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင်နမ့်ခမ်းမြို့နယ်အတွင်းရှိ မန်ပူးကျေးရွာအုပ်စုအတွင်း နမ့်ခမ်းဌာနဆိုင်ရာများ၊ ရဲ၊ မူးယစ်၊ စစ်သားနှင့်ကျေးရွာပြည်သူ့စစ်များက ဘိန်းစိုက်ပျိုးသူများအပေါ် မကြာခဏလာရောက်ပြီး ငွေကောက်ခံနေကြောင်းသိရှိရသည်။

ဒေသခံတစ်ဦးပြောပြချက်အရ “ မန်ပူးရွာ၊ကျေကင်ရွာ၊အောက်ပန်ယုတ်၊ အထက်ပန်ယုတ် ၊တွန်ဟုန် နှင့်ပန်ဟန်ရွာများတို့ အာဏာပိုင်များက ဘိန်းစိုက်ပျိုးတဲ့ မိသားစုများအပေါ် တအိမ်ထောင် လျှင်ကျပ်(တစ်သောင်းငါးထောင်) တိတိပေးရန်   ကျေးရွာပြည်သူ့စစ်များနှင့် ရွာသူကြီးများအား အတင်းကောက်ခံခိုင်းတယ်၊ ဇန်နဝါရီ ၂၅ ရက်ကနေစပြီး ပလောင်ရွာတွေမှာ လိုက်ကောက်တယ် ကျန်တဲ့တရုတ်ခိုလုံလီရှောရွာတွေကို တော့မကောက်ဘူး၊  သူ့တို့ပြောတာတော့ သူတို့က ပန်းဆေး ပြည်သူ့စစ်ခေါင်းဆောင်တွေဆီ ကြိုတင်တိုက်ရိုက်ပေးပြီးပြီလို့ပြောတယ် ” ဟုပြောကြားခဲ့ပါသည်၊၊

ဆက်လက်ပြီး အာဏာပိုင်များသည် ယခုချိန်ထိဘိန်းခင်းများ ဖျက်စီးခြင်း၊စိုက်ပျိုးသူများ အားအရေးယူဆောင်ရွက်ခြင်းများ မရှိသေးသည့်အပြင် ငွေကြေးတွေကိုသာကောက်ခံနေသဖြင့် တအာင်း(ပလောင်)ဒေသအတွင်း ဘိန်းစိုက်ပျိုးမှုများ အဆမတန် တိုးပွားလာခြင်းဖြစ်သည်။

0 comments:

ကော်န်းတအာင်းအူချှေး

 
Powered by Blogger