DEMONSTRATING ABOUT THE TA'ANG PEOPLE AND TA'ANG LAND

ရံပ်ရို;ငို;အူန်းစာခြိုဝ်းနှာမ်းအဲတအာင်းတော်န်းချှေးနာ်

Friday, February 25, 2011

ပန်းဆေးပြည်သူ့စစ်၏ မြေသိမ်းမည့်ကိစ္စ နမ့်ခမ်းဒေသခံများမကျေနပ်







သျှမ်းသံတော်ဆင့် 
သျှမ်းပြည်(မြောက်ပိုင်း) နမ့်ခမ်းမြို့နယ် ကွန်ဟိုင်းအုပ်စုနောင်မရွာ ကူးတို့ဆိပ် လမ်းတိုးချဲ့ဖောက်လုပ်ရန် ယမန်နေ့က ပဏာမလမ်းတိုင်းတာမှု ပြုလုပ်ခဲ့ရာရွာသားပိုင် လယ်မြေများလမ်း ဧရိယာအတွင်းပါနေသည် ဟုဆိုသဖြင့် ဒေသခံရွာသားများမကျေမနပ် ဖြစ်နေကြောင်းသိရသည်။
တိုးချဲ့မည့်လမ်းသည် ရွှေလီမြစ်ကမ်းနံဘေးမှ နောင်မရွာအထိ အရှည် (၁)မိုင်ခွဲနှင့် အကျယ် (၂၄)ပေရှိကြောင်း သိရသည်။
ကူးတို့ဆိပ် လေလံဆွဲထားသော ပန်ဆေးပြည်သူ့စစ်အဖွဲ့ ကိုယ်စားလှယ် ဒေါ်အားကြူအပါအဝင် ရယကအဖွဲ့ဝင်များ၊ စည်ပင်သာယာနှင့် မြေစာရင်းဝန်ထမ်းများက လမ်းတိုင်းတာခဲ့ရာ လမ်းဘေးဝဲယာရှိ ရွာသားများပိုင်မြေဧက (၂၀)ခန့် သိမ်းယူခံရမည့် အထဲပါဝင်ကြောင်း ဒေသခံရွာသား တစ်ဦးက သျှမ်းသံတော်ဆင့်သို့ပြောပြခဲ့သည်။
“ လေလံဆွဲထားတာက ပန်းဆေးပြည်သူ့စစ်အဖွဲ့ဝင်ရဲ့ အစ်မ မအားကြူပေါ မနေ့ကနေ့လည် (၁၂)နာရီ လောက်မှာကူးတို့ဆိပ်လမ်းဖောက်ဖို့ ရယကတွေ၊စည်ပင်သာယာတွေပါတယ် ရွာသားတွေနဲ့ညှိကြတယ် လမ်းဖောက်ရင်လယ်လောက်ကတော့ ဧက(၂၀)ပါမယ်တဲ့၊ ရွာသားတွေမကျေနပ်ကြဘူး ညှိနေကြတုန်းပေါ” ဟုသူကဆိုသည်။
ယခုအခါ ၄င်းလယ်မြေများတွင် ကြံ၊ပြောင်းဖူးနှင့် ရှမ်းဆေးရွက်ကြီးပင်များ စိုက်ပျိုးထားပြီး လက်ရှိမြေတစ်ဧ ပေါက်ဈေးမှာ တရုတ်ယွမ် ၂သောင်း(ကျပ်ငွေ ၂၈သိန်းကျော်) ဝန်းကျင်ရှိကြောင်းသိရသည်၊၊

0 comments:

ကော်န်းတအာင်းအူချှေး

 
Powered by Blogger