DEMONSTRATING ABOUT THE TA'ANG PEOPLE AND TA'ANG LAND

ရံပ်ရို;ငို;အူန်းစာခြိုဝ်းနှာမ်းအဲတအာင်းတော်န်းချှေးနာ်

Monday, February 7, 2011

နမ့်ခမ်းမြို့နယ် ဘိန်းတောင်သူများထံမှ ရဲ ငွေတောင်း


သျှမ်းပြည် (မြောက်ပိုင်း) နမ့်ခမ်းမြို့နယ်မုံးဝီးကျေးရွာ အုပ်စု အတွင်း၌ ရဲတပ်ဖွဲ့က ဘိန်းစိုက်တောင်သူများထံမှ ငွေတောင်းယူမှု ဇန်နဝါရီတစ်လအတွင်း ၃ ကြိမ်ထက် မနည်း ရှိခဲ့ကြောင်းသိရသည်။

သျှမ်းပြည်စိုက် ဘိန်းခင်း
မုံးဝီးအုပ်စုအတွင်းရှိ တုန့်ဟုန်း ၊ နမ့်ဆန် ၊ မန့်စန့် ၊ နောင်အိမ် ရွာဟောင်းနှင့် ရွာသစ် ကျေးရွာများသို့ မုံးဝီး ရဲတပ်ဖွဲ့ဝင်များ သွားရောက်၍ ငွေကျပ် ၁၅ သိန်းကျော်ခန့် တောင်းယူခဲ့ခြင်း ဖြစ်သည်။

ဂျန္န၀ါရီ ၂၁ရက်မှ ၂၄ ရက်အတွင်း တုန့်ဟုန်း ၊ နမ့်ဆန် နှင့် မန့်စန့်ရွာများတွင် ကျပ် ၃ သိန်း ၅ သောင်းနှင့် ၂၅ ရက်မှ ၂၈ ရက်အတွင်း နောင်အိမ် ရွာဟောင်းနှင့်ရွာသစ်တို့တွင် ကျပ် ၁၁ သိန်းတောင်းယူခဲ့ကြောင်း ဒေသခံ တစ်ဦး က သျှမ်းသံတော်ဆင့်သို့ ပြောသည်။

ထို့အပြင် တုန့်ဟုန်း ၊နမ့်ဆန် နှင့် မန့်စန့်ရွာများတွင် တောင်းယူသည့် ငွေနည်းသဖြင့် ဇန်န၀ါရီ ၃၀ ရက်က ကျပ်ငွေ ၁ သိန်း ထပ်တောင်းခဲ့သည်ဟု ဆိုသည်။

“မုံးဝီးတိုက်နယ်ရဲစခန်းမှူး ဒုရဲအုပ် ရဲရင့်အောင် ၊ ဒုရဲအုပ်အောင်မင်း ၊ ဇော်မိုးနိုင်၊ရဲမင်းထွန်း အဲဒီလူ ၄ / ၅ ယောက် တုန့်ဟုန်း၊ နမ့်ဆန်၊ မန့်စန့်ရွာတွေကို ဘိန်းခင်းဖျက်ဖို့ဆိုပြီး သွားတာ။ ဘိန်းခင်းကိုမဖျက်ပဲနဲ့ ငွေ၃သိန်းခွဲ ယူပြီး ပြန်လာတယ်။ သူတို့လာတာ နည်းသေးလို့ ဆိုပြီး နောက်ထပ်တစ်သိန်းတောင်းသေးတယ် လီရှောရွာ နောင် အိမ် ရွာဟောင်းနဲ့ရွာသစ်မှာ ငွေ ၁၁ သိန်းတောင်းတယ်”
ဟု သူက ဆိုသည်။

အဆိုပါကျေးရွာများအနီးတစ်ဝိုက်ရှိ တောင်ပေါ်ဒေသများတွင် ဘိန်းစိုက်ပျိုးမှု အများအပြားရှိပြီး ရွေးကောက်ပွဲကာလ ကြံ့ဖွံ့ပါတီမှ မဲဆွယ် စည်းရုံး ၎င်းတို့ပါတီအား မဲထည့်ပါက လွတ်လပ်စွာ ဘိန်းစိုက်ပျိုးခွင့်ပြုမည်ဟု ပြောဆိုစည်းရုံးထား ကြောင်း ဒေသခံများပြောသည်။

ထို့ကြောင့် ဒေသအတွင်း ဘိန်းခင်းဖျက်ဆီးမှု မရှိဘဲ နယ်ထိန်းရဲတပ်ဖွဲ့ဝင်များ ငွေတောင်းယူမှုများသာ ရှိကြောင်း သိရသည်။ ၂၀၁၁ ဂျန္န၀ါရီ ၁၃ ရက်အထိ ပြည်နယ်နှင့်တိုင်းဒေသကြီးများအတွင်း စစ်အစိုးရ၏ ဘိန်းခင်းဖျက်ဆီးမှုမှာ ၁၀၁၁၇ .၆ ဧကရှိကြောင်း နအဖပိုင်သတင်းစာတွင် ဖေါ်ပြထားသည်။

0 comments:

ကော်န်းတအာင်းအူချှေး

 
Powered by Blogger