DEMONSTRATING ABOUT THE TA'ANG PEOPLE AND TA'ANG LAND

ရံပ်ရို;ငို;အူန်းစာခြိုဝ်းနှာမ်းအဲတအာင်းတော်န်းချှေးနာ်

Sunday, February 27, 2011

နမ့်ဆန်မြို့နယ်မှ မြေဧက ရာပေါင်းများစွာသိမ်းဆည်းခံ

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲခရိုင် နမ့်ဆန်မြို့အခြေစိုက် နဂါးပျံအချိုခြောက်စက်ရုံမှ တာဝန်ရှိသူ ဦးလှရွှေအဖွဲ့၊ နမ့်ဆန်မြို့မြေတိုင်းစာရင်းဦးစီးဌာန နှင့် မယကဥက္ကဌအဖွဲ့တို့ ပူးပေါင်းပြီး  ၂၀၁၁၊ဇန်န၀ါရီလ ကုန်ပိုင်းလောက်တွင် နမ့်ဆန်မြို့နယ်၊ မန်လွယ်အုပ်စု၊ အထက်မန်လွယ်ကျေးရွာမှ မြေဧကပေါင်း (၅၀၀)ခန့် သိမ်းဆည်းသွားခဲ့ ပါသည်။ ကြိုတင်အကြောင်းကြားတာမျိုးမရှိဘဲ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်အမိန့်အရ လက်ဖက်စိုက်ဖို့ မြေဧက(၅၀၀) လိုတယ် ဆိုတဲ့အကြောင်း ရွာဥက္ကဌကို အတင်းနေရာလိုက်ပြခိုင်းပါတယ်လို့ဒေသခံတစ်ဦးကအခုလိုပြောပါတယ်။ "ဒီလိုလာသိမ်းမယ်ဆိုတာ ရွာဥက္ကဌကော ကျတော်တို့အားလုံးကော ဘာမှကြိုတင်မသိလိုက်ရပါဘူး တိုင်းမှူးရဲ့ အမိန့်အရ လက်ဖက်စိုက်ဖို့ မြေဧက(၅၀၀)လိုအပ်နေတယ် ဥက္ကဌကိုယ်တိုင်လိုက်ပြပေးပါဆိုပြီး အဲဒီ နဂါးပျံအချိုအခြောက်စက်ရုံမှ...
Read more »

Friday, February 25, 2011

ပန်းဆေးပြည်သူ့စစ်၏ မြေသိမ်းမည့်ကိစ္စ နမ့်ခမ်းဒေသခံများမကျေနပ်

သျှမ်းသံတော်ဆင့် သျှမ်းပြည်(မြောက်ပိုင်း) နမ့်ခမ်းမြို့နယ် ကွန်ဟိုင်းအုပ်စုနောင်မရွာ ကူးတို့ဆိပ် လမ်းတိုးချဲ့ဖောက်လုပ်ရန် ယမန်နေ့က ပဏာမလမ်းတိုင်းတာမှု ပြုလုပ်ခဲ့ရာရွာသားပိုင် လယ်မြေများလမ်း ဧရိယာအတွင်းပါနေသည် ဟုဆိုသဖြင့် ဒေသခံရွာသားများမကျေမနပ် ဖြစ်နေကြောင်းသိရသည်။ တိုးချဲ့မည့်လမ်းသည် ရွှေလီမြစ်ကမ်းနံဘေးမှ နောင်မရွာအထိ အရှည် (၁)မိုင်ခွဲနှင့် အကျယ် (၂၄)ပေရှိကြောင်း သိရသည်။ ကူးတို့ဆိပ် လေလံဆွဲထားသော ပန်ဆေးပြည်သူ့စစ်အဖွဲ့ ကိုယ်စားလှယ် ဒေါ်အားကြူအပါအဝင် ရယကအဖွဲ့ဝင်များ၊ စည်ပင်သာယာနှင့် မြေစာရင်းဝန်ထမ်းများက လမ်းတိုင်းတာခဲ့ရာ လမ်းဘေးဝဲယာရှိ ရွာသားများပိုင်မြေဧက (၂၀)ခန့် သိမ်းယူခံရမည့် အထဲပါဝင်ကြောင်း ဒေသခံရွာသား တစ်ဦးက သျှမ်းသံတော်ဆင့်သို့ပြောပြခဲ့သည်။“...
Read more »

Thursday, February 24, 2011

တအာင်းအမျိုးသားပါတီ လူထုအတွက် တိုးတက်ဖွံ့ဖြိုးမှုများ လက်တွေ့အကောင်အထည်မဖော်နိုင်သေးသလို ရုံးဖွင့်ရန်လည်း ငွေကြေးခက်ခဲ

တအာင်းအမျိုးသားပါတီသည် ရွေးကောက်ပွဲပြီးကတည်းက ငွေကြေးအခက်အခဲများကြောင့် ပလောင်လူထုအတွက် ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခြင်းမရှိသည့်အပြင် ယခုချိန်အထိ ရုံးဖွင့်ရန်ပင် အခက်ခဲဖြစ်နေကြောင်း သိရှိရပါသည်။ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့နယ်ရှိ တအာင်းအမျိုးသားပါတီသည် လွန်ခဲ့သော နိုဝင်ဘာလ ၂ဝ၁ဝရွေး ကောက်ပွဲပြီးကတည်းက ယနေ့ချိန်ထိပင် ပလောင်ပြည်သူလူထုများအတွက် တိကျသော လုပ်ငန်းစဉ်များ အကောင်အထည်ဖော် ဆောင်ရွက်ပေးမှု တစ်စုံတစ်ရာမျှ မလုပ်နိုင်ခဲ့သည်အပြင် ငွေကြေးအခက်ခဲကြောင့်  မြို့နယ်များတွင်လည်း ရုံးများမဖွင့်နိုင်ချေ။  မိမိ၏ မိသားစုစီးပွားရေးကိုသာ ဦးစားပေးလုပ်ဆောင်ကြခဲ့ကြပါသည်ဟု...
Read more »

ပလောင်အမျိုးသမီးငယ်အား နအဖစစ်သား အုပ်စုလိုက်မုဒိမ်းကျင့်

သျှမ်းသံတော်ဆင့် သျှမ်းပြည်အလယ်ပိုင်းယခုလဆန်းပိုင်းတွင် အသက်၁၆နှစ် အရွယ်ပလောင်အမျိုးသမီးငယ် တစ်ဦးအား လုံခြုံရေးကင်းလှည့်သော နအဖအုပ်စုလိုက် မုဒိမ်းကျင့်မှုခံခဲ့ရကြောင်းသိရသည်၊၊ ကွန်ဟိန်းမြို့နယ် (တာ့ကော့်သံလွင်တံတားအနောက်မြောက်ဘက်) ဖန်လန်းရွာမှ မိုင်ဝက်ခန့်ဝေးသော နမ့်မော်ငင်းရွာ အသွားလမ်း၌ (ကျိုင်းတောင်း)ခမရ ၅၇၄ မှလုံခြုံရေးကင်းလှနည့်တပ်ဖွဲ့နှင့် ပက်ပင်းတိုးမိရာမှ မုဒိမ်းကျင့် ခံရခြင်းဖြစ်သည်။“ သိပ်မဝေးဘူးဆိုပြီးတော့ ကောင်မလေးတစ်ယောက်တည်း ခြေလျင်လျှောက်သွားတာ ကံဆိုးချင်တော့ လမ်းမှာဗမာစစ်သားတွေနဲ့တိုးတော့တာကိုး၊ ၆ယောက်ရှိတယ် ခေါင်းဆောင်ဘယ်သူလဲတော့မသိဘူး၊ ခမရ(၅၇၄) ဆိုတာပဲသိတယ်” ဟုမုဒိမ်းကျင့်ခံရသူနှင့် အမျိုးတော်စပ်သူ တာ့ကော်ဒေသခံတစ်ဦးက ပြောပြသည်။ အုပ်စုလိုက်မုဒိမ်းကျင့်ခံရသူအမျိုးသမီးမှာ ဖန်လန်းအုပ်စု လွယ်ဟန်းရွာသူဖြစ်ပြီး အဆိုပါစစ်အုပ်စုမှာ ကျိုင်းတောင်းအခြေစိုက် ခမရ(၅၇၄) မှကွန်းဟိန်းတာ့ကော်ဘက်လမ်းလုံခြုံရေး...
Read more »

Tuesday, February 22, 2011

တအာင်းအာဇာနည်နေ့ကျင်းပ

တအာင်းကျောင်းသားနှင့်လူငယ်များအစည်းအရုံး(TSYO)နှင့် ပလောင်အမျိုးသမီးအစည်းအရုံး (PWO)တို့ ပူးပေါင်းပြီး တအာင်းအာဇာနည်နေ့ကို ဖေဖါဝါရီလ (၁၈) ရက်နေ့ ထိုင်း-မြန်မာနယ် စပ့် တစ်နေရာတွင်ကျင်းပခဲ့ပါသည်။ ဖေဖော်ဝါရီ ၁၈ ရက်နေ့တွင် တအာင်းကျောင်းသားနှင့်လူငယ်များအစည်းအရုံး၏ အဖွဲ့ဝင်လူငယ်များနှင့် ပလောင်အမျိုး သမီးအစည်းအရုံး၏ အဖွဲ့ဝင်များ လူဦးရေ (၄၀)ကျော်ဖြင့် ပလောင်တော်လှန်ရေးကို စတင်တည်ထောင်ခဲ့သော ပလောင် ခေါင်းဆောင်"တားခွန်သောင်း" ကျဆုံးသည့် အာဇာနည်းနေ့တွင် ဘုန်းကြီးကျောင်းသို့ သွားရောက်ဆွမ်းကပ်တရားနာ ခဲ့ပါသည်။ တက်ရောက်ပါဝင်သော တအာင်းလူငယ် အမျိုးသား/သမီးများအား အာဇာနည်နေ့အကြောင်းအရင်း အနက်အဓိပ္ပါယ် နှင့် သမိုင်းကြောင်းကို သိနားလည်စေရန်အတွက် တာဝန်ရှိသည့် တအာင်းလူငယ် ခေါင်းဆောင်များက ရှင်းပြပေးခဲ့ပါသည်။ တအာင်းအားဇာနည်နေ့သည်  တအာင်းတော်လှန်ရေးကိုစတင်တည်ထောင်သူ...
Read more »

Saturday, February 19, 2011

ပလောင်အမျိုးသားတို့၏ အမျိုးသားရေးလှုပ်ရှားမှုသမိုင်း

ပလောင်အမျိုးသားစည်းလုံးညီညွတ်ရေးအဖွဲ့ချုပ် ပလောင်အမျိုးသားစည်းလုံးညီညွတ်ရေးအဖွဲ့ချုပ်ကို ၁၉၅၆-ခုနှစ် ဖွဲ့စည်းထူထောင်ခဲ့သည်။ တောင်ပိုင်စော် ဘွားကြီးစပ်ခွန်ပန်းစိန်က ဦဆောင်၍ အဖွဲ့ချုပ်၏ ရည်ရွယ်ချက်နှင့် ဖွဲ့စည်းပုံစည်းမျဉ်းကို ရေးဆွဲပြဌာန်းခဲ့သည်။ အဖွဲ့ချုပ်၏ရည်ရွယ်ချက်မှာ ပလောင်အမျိုးသားတို့၏ညီညွတ်ရေး၊ ပေါင်းသင်းဆက်ဆံရေး၊ အကျင့်ဝတ္တရား ပြုပြင်ရေး၊ကြီး ပွားရေး ပညာရေး၊ကျန်းမာရေးတို့ ဖြစ်သည်။ အဖွဲ့ ချုပ်၏လုပ်ငန်းစဉ်မှာ (၁)ပလောင်အမျိုးသားနှင့် ရှမ်းပြည်ညီညွတ်ရေးများတွင် အကျိုးဖြစ်ထွန်းစေရန် ဆောင်ရွက်ခြင်း (၂)လူတို့၏အဓိက သိအပ်သောကျင့်ဝတ် ၀တ္တရားများကို သင်ကြားပေးခြင်း (၃) စိတ်ဓါတ်၊အကျင့်...
Read more »

Wednesday, February 16, 2011

မူးယစ်ဆေးဝါးသုံးစွဲသူများပြားသည်အမျှ ရပ်ရွာထဲတွင် သူခိုးပေါများလာနေ

၉ရက်နေ့၊ ဖေဖော်ဝါရီလ၊ ၂ဝ၁ဝခုနှစ် ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့နယ်တွင် ဘိန်းသုံးစွဲမှု ပိုမိုများပြား လာရခြင်းအပေါ် ရပ်ရွာထဲတွင် ခိုးမှု၊ လုယက် မှု ပိုမို များပြားလာသည်ဟု သိရှိရပါသည်။ ဒေသခံအမျိုးသမီးတစ်ဦး“ ရွာတွေမှာဆိုရင် လူအိုတွေနဲ့ ကျောင်းတက်နေကြသော ကလေးငယ်တွေသာကျန်ရှိခဲ့တယ်။ ကျောင်းမတက် နိုင်သော ကလေးတွေဆိုရင်လဲ မိဘများနဲ့အတူ မီးသွေးဖုတ်၊ မီသွေးထည့်သည့်အလုပ်ကို ဝိုင်းကူလုပ် ပေးတယ်။ တချို့အိမ်တွေမှာဆိုရင် ဘယ်သူမှမရှိဘဲ တံခါးကို သော့ချပြီး အလုပ်သွားလုပ်ကြသည်။ ရွာတိုင်းလိုလို ဘိန်းစားတွေ ရှိနေတော့ လူအိုနှင့် ကလေးတွေအတွက် လုံခြုံရေးလည်းမကောင်းပါဘူး။  ဘိန်းစားတွေက...
Read more »

Monday, February 14, 2011

အလုပ်လက်မဲ့ ပလောင်လူငယ်များရွာလုံးကျွတ် တရုတ်နယ်စပ်ထွက်ခွာ

Friday, 11 February 2011 18:49 သျှမ်းသံတော်ဆင့် အလုပ်ရှင်စောင့်နေသော တအာင်းလူငယ်များ (ဓါတျပုံ - MG/S.H.A.N.) သျှမ်းပြည်နယ်(မြောက်ပိုင်း) နမ့်ဆန်မြို့နယ် အတွင်းရှိ မန်းလန်း၊လီလု နှင့်တောင်မရွာများမှ အသက်(၂၀) ဝန်းကျင်အရွယ် ပလောင်အမျိုးသမီး၊အမျိုးသား၂၀ ကျော်ခန့်သည် အလုပ်အကိုင်ရှာဖွေရန် တရုတ်နယ်စပ်ရွှေလီမြို့သို့ ယနေ့ရောက်ရှိလာသည်။ယခင် ပလောင်လူမျိုးများ မိရိုးဖလာ လုပ်ကိုင်သောလက်ဖက်ခြံလုပ်ငန်းကို စီးပွားရေးသမားများ နေရာယူချုပ်ကိုင်လာရာမှ ဒေသတွင်းအလုပ်အကိုင်ရှားပါးလာပြီး ယခုကဲ့သို့တရုတ်နယ်စပ်ဘက် ထွက်ခွာကြခြင်းဖြစ်ကြောင်းသိရသည်။ နေရပ်စွန့်၍ ပလောင်လူငယ်များ အသုတ်လိုက်ထွက်ခွာနေရာ အချို့ရွာများတွင် ရွာလုံးကျွတ်နီးပါး ဖြစ်ကြောင်းမန်းလန်းကျေးရွာ...
Read more »

Wednesday, February 9, 2011

တရုတ်(၅)ဦးမှ ပလောင်မိန်းကလေးတစ်ဦးအား အုပ်စုလိုက် အတင်းအဓမ္မပြုကျင့်(Ta’ang girl was raped by 5 Chinese men)

ရှမ်းပြည်မြောက်ပိုင်း မူဆယ်ခရိုင် ကွတ်ခိုင်မြို့နယ် မန်ဂျတ်ကျေးရွာမှ ဦးအိုက်ငိုဒါင်း + ဒေါ်အီကစ် တို့၏ အသက်(၁၆)နှစ် အရွယ် သမီးငယ်အား တရုတ်အမျိုးသား ငါးဦးတို့မှ အုပ်စုလိုက် ၀ိုင်းဝန်း အတင်းအဓမ္မပြုကျင့်ခဲ့သည်ဟုသိရပါသည်။ ၂၆ရက်၊ ဇန်န၀ါရီလ ၂၀၁၁ခုနှစ် နံနက် ၂ နာရီအချိန်တွင် သိန္နီမြို့၊ ရက်ကွက်(၃)ရှိ တရုတ်အိမ်တွင် အိမ်ဖော်အလုပ်သမား အဖြစ်သွား ရောက်လုပ်နေသူ လွေးအီမန်အား သူမအလုပ်ရှင်၏ သားနှင့် သူငယ်ချင်းများက အုပ်စုလိုက် ၀ိုင်းဝန်း အတင်းအဓမ္မ ပြုကျင့်ခံခဲ့ရခြင်း ဖြစ်သည်။ အလုပ်ရှင်ကသူမအားကျပ်ငွေ(၂၀၀၀၀)နှစ်သောင်း ပေးပြီး နေရပ်တို့ ပြန်ပို့ပေးခဲ့သည်၊၊ အုပ်စုလိုက် ၀ိုင်း၍မုဒိန်းကျင့်ခံ...
Read more »

Monday, February 7, 2011

လီုင်ဆီင်အီုန်မို;

...
Read more »

တရုတ်နယ်စပ်တွင် မြန်မာ GSM နှင့်CDMA ဖုန်များ ဆက်သွယ်၍ မရ

တရုတ်နိုင်ငံ ရွှေလီမြို့ရောက် မြန်မာများသုံးစွဲနေသည့် မြန်မာ GSM နှင့်CDMA ဖုန်းများသည် နေပြည်တော်တွင် ကျင်းပ နေသည့် လွှတ်တော်အစည်းအဝေး မတိုင်မီ ရက်ပိုင်းအလိုကစ၍ ဆက်သွယ် ခေါ်ယူ၍ မရတော့ကြောင်းသိရသည်။ လွတ်တော်အစည်းအဝေး မကျင်းပမီ ဂျန္နဝါရီလ ၂၈ ရက်နေ့ခန့်ကစ၍ ယနေ့အထိ အဆိုပါဖုန်းလှိုင်းများလုံးဝနီးပါး ပြတ်တောက်နေကြောင်း ရွှေလီရှိ မြန်မာဖုန်းအငှား ဆိုင်ရှင်တစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။  “ရွှေလီမှာ သုံးနေတဲ့ မြန်မာ GSM နဲ့ CDMA ဖုန်း အတော်များများပေါ့နော် လွှတ်တော်အစည်းအဝေးမတိုင်ခင် သောကြာနေ့ လောက်က စပြီး ဒီနေ့အထိ လှိုင်းတွေပြတ်နေတာ။ အခုကျတော့ ည ၈ နာရီကျော်လောက်ဆို တစ်ချက်တစ်ချက်ရတယ် ” ဟု သူက ပြောသည်။ တရုတ်နယ်စပ်တွင် မြန်မာဖုန်းလှိုင်းများဆက်သွယ်ရ...
Read more »

Pages 261234 »

ကော်န်းတအာင်းအူချှေး

 
Powered by Blogger