DEMONSTRATING ABOUT THE TA'ANG PEOPLE AND TA'ANG LAND

ရံပ်ရို;ငို;အူန်းစာခြိုဝ်းနှာမ်းအဲတအာင်းတော်န်းချှေးနာ်

Monday, May 30, 2011

နမ့်စိပ်ကျေးရွာဘုန်းကြီးကျောင်းမီးလောင်

၂၀၁၁ခုနှစ်၊မေလ(၂၅)ရက်နေ့ နံနက်(၉)နာရီခန့်တွင် ရှမ်းပြည်နယ်မြောက်ပိုင်း၊နမ့်ခမ်းမြို့နယ်၊ နမ့်စိပ်ကျေးရွာရှိ ဘုန်းကြီးကျောင်း မီးလောင်သွားခဲ့သည်။ ကျောင်းထိုင်ဘုန်းကြီးမှာဒဏ်ရာပြင်းထန်စွာရရှိပြီး ယခုထိ နမ့်ခမ်းမြို့ ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူနေကြောင်းသိရှိရသည်။

" ကျောင်းထိုင်ဘုန်းကြီးကတော့ လည်ပင်း၊လက်၊ဦးခေါင်းပါ ဒဏ်ရာရတယ်၊ ကိုရင်လေးတွေကတော့ ဘာမှမဖြစ်ပါဘူး" ဒေသခံတဦး ပြောပြချက်အရသိရှိသည်။

မီးလောင်သွားသည့်ဘုန်းကြီးကျောင်းမှာ လက်ရှိခန်းမှန်းခြေအားဖြင့် သိန်း(၅)ထောင်လောက် တန်ဖိုးရှိပြီး၊ မီးလောင်စဉ် နမ့်စိပ်ကျေးရွာ အပြင် အနီးအနားရှိရွာသူရွာသားများလည်း လာရောက်ကူညီ ငြိမ်းပေးကြသည်။

" ကျနော်တို့မန်စက်ရွာက လူအယောက်(၁၅၅)သွားကူငြိမ်းတယ်၊ ဒါပေမယ့် ဘုန်းကြီးကျောင်းတစ်ခုလုံး ဘာမှမကျန်အောင် မီးလောင် သွားတယ်"ဟု မန်စက်ရွာသားတစ်ဦးပြောပြခဲ့သည်။

အစိုးရကနေမှ  တစုံတရာလာရောက်ကူညီဆောင်ရွက်ပေးခြင်းမရှိသည့်အပြင် မီးလောင်ပြီးနောက်(၂)ရက် အကြာတွင် နမ့်ခမ်းမြို့မှ ရဲသား(၃)ဦး ရွာရောက်လာပြီး ရွာသားများအား ဘာကြောင့်မီးလောင်သည်ကို မေးမြန်းခဲ့သည်၊၊ ရွာသားများက မီးလောင်ရသည့် အကြောင်းရင်းကို မသိဘူးလို့ပြောသည့်အခါ ရဲများမှ ရွာသားများကို  မဖြေနိုင်ပါက ထောင်ချပစ်မည်ဟု ခြိမ်းခြောက်ခဲ့ကြောင်း ဒေသခံများ ထံမှသိရှိရသည်။

နမ့်စိပ်ဘုန်းကြီးကျောင်းတွင် ကျောင်းထိုင်ဘုန်းကြီး(၁)ပါးအပါအဝင် ကိုရင်(၁၀)ပါးကျော် သီတင်းသုံး နေထိုင်သည်။

သတင်းနှင့်သုတေသနဌာန
တအာင်းကျောင်းသားနှင့်လူငယ်များအစည်းအရုံး

0 comments:

ကော်န်းတအာင်းအူချှေး

 
Powered by Blogger