DEMONSTRATING ABOUT THE TA'ANG PEOPLE AND TA'ANG LAND

ရံပ်ရို;ငို;အူန်းစာခြိုဝ်းနှာမ်းအဲတအာင်းတော်န်းချှေးနာ်

Monday, May 30, 2011

နွေစပါးစိုက်ပျိုးခိုင်းခြင်းကြောင့် လယ်သမားများ အခက်တွေ့

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်ဒေသတွင် နွေစပါးအတင်းအကြပ် စိုက်ပျိုးခိုင်းခြင်းကြောင့် လယ်သမားများ စိတ်ညစ်နေရကြောင်းသိရှိရပါသည်။

မေလ ပထမ အပါတ်တွင် ကွတ်ခိုင်မြို့နယ်ဥက္ကဌနှင့် စိုက်ပျိုးရေးမန်နေဂျာမှ လယ်သမားများကို အစည်းအဝေးခေါ်ယူကာ နွေစပါးစိုက်ပျိုးရန် အတင်းအကြပ်စေခိုင်းခဲ့ကြောင်း လယ်ပိုင်ရှင်တစ်ဦးမှ ပြောပြခဲ့ပါသည်။

“အဘိုးတို့လယ်ကိုသီးစားပေးထားတယ်။ သားသမီးတွေက အဝေးမှာဆိုတော့ အဘွားနဲ့ နှစ်ယောက်တည်းဘဲ လယ်ကထွက်တဲ့စပါးတွေကို လယ်အငှားယူထားတဲ့သူနဲ့ တယောက်တ၀က်စီ မျှစားကြတယ်။ ဒါနဲ့ပဲစားနေရတယ်လေ။ အခု အစိုးရက နွေစပါးစိုက်ခိုင်းတော့ အဘိုးတို့က စပါးမစိုက်နိုင်ဘူးလေ လယ်သီးစားငှားတဲ့သူကလဲ မိုးစပါးပဲစိုက်တာဆိုတော့ ဘယ်လိုလုပ်ရ မှန်းတောင်းမသိတော့ဘူး ”
ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာရွာ၌ အာဏာပိုင်အစိုးရအဖွဲ့နှင့် ရွာခံလယ်သမားများ မကျေမနပ်ဖြစ်နေကြောင်း လယ်သမားတစ်ဦးပြောပြချက်အရသိရှိရပါသည်။

ကွတ်ခိုင်မြို့တွင် ရာသီဥတုအရမ်းအေးသောကြောင့် နွေစပါးစိုက်ပျိုးရန် မဖြစ်နိုင်ကြောင်း လယ်သမားတစ်ဦးမှ ထပ်မံပြောပြခဲ့ပါသည်။

“မနှစ်တုန်းက ကျတော်တို့နွေစပါးစိုက်တာအရမ်းရှုံးတယ်။ ဒီမှာကမပူတော့ နွေစပါးစိုက်လို့ အဆင်မပြေဘူး။ ဒုက္ခတွေအရမ်းရောက်ရတယ် ဒီနှစ်တော့မစိုက်ချင်တော့ဘူး မိုးရာသီလဲ ရောက်တော့မှာမို့ မိုးစပါလဲစိုက်ရတော့မယ်။အချိန်လဲမရှိတော့ဘူး”

အာဏာပိုင်များပြောသည့်အတိုင်း နွေစပါးမစိုက်ပျိုပါက လယ်များကိုသိမ်းမည်ဖြစ်ပြီး မိမိတို့၏ လယ်ကို ပြန်လိုချင်လျှင် လူမြင်ကွင်းများရှေ့၌ ငွေတစ်သိန်းငါးသောင်း (၁၅၀၀၀၀)ကျပ် ဖြင့်ပြန်လည် ရွေးရမည်ဟု ခြိမ်းခြောက်သောကြောင့် အာဏာပိုင်အဖွဲ့အစည်းနှင့် လယ်သမားများအကြား မကြေမနပ်မှုဖြစ်နေကြောင်း သိရှိရပါသည်။
ယခင်နှစ်များတွင် နွေစပါးစိုက်ခိုင်းသော်လည်း မစိုက်လျှင် ဒဏ်ငွေဆောင်ခိုင်းခြင်း၊ ခြိမ်းခြောက်ခြင်းမျိုးမရှိပေ။

0 comments:

ကော်န်းတအာင်းအူချှေး

 
Powered by Blogger