DEMONSTRATING ABOUT THE TA'ANG PEOPLE AND TA'ANG LAND

ရံပ်ရို;ငို;အူန်းစာခြိုဝ်းနှာမ်းအဲတအာင်းတော်န်းချှေးနာ်

Tuesday, May 3, 2011

စစ်ဆင်ရေးကြောင့်ဒေသခံများစိုးရိမ်ထိတ်လန့်နေ





ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ဆန်မြို့နယ်အရှေ့ဘက်ခြမ်း(ဟိုင်တောင်)၊ မန်လွယ်ကျေးရွာ၊ နမ့်လင်းကျေးရွာ ဒေသများတွင် ဧပြီလ ၂၆-ရက်နေ့မှစ၍ စစ်တပ်အင်အား (၅၀)ကျော် အပါအဝင် ငွန်ဆိုင်းကျေးရွာ  ပြည်သူ့စစ်ခေါင်းဆောင် ထွန်းမြတ်လေး နှင့်အဖွဲ့တို့သည် တစ်ရွာပြီးတစ်ရွာပါတ်စိပ်တိုက် စစ်ရေးကင်းလှည့်နေကြောင်းသိရသည်။ အဓိကတော့ SSPP/SSA-တို့  နမ့်ဆန်မြို့နယ်အတွင်း ချှီတတ်လာတယ်ဆိုတဲ့သတင်းကြောင့် စစ်ဆင်ရေးတွေလုပ်နေတာ ဖြစ်သည်ဟု သိရသည်၊၊
" နမ္မတူတပ်ရင်းကော နမ့်ဆန်တပ်စခန်းကလူတွေလည်းပါတယ်၊ သူတို့ရောက်တဲ့ ရွာတိုင်းမှာရွာဥက္ကဌတွေကိုမေးတယ် ရှမ်းစစ်တပ်တွေ တွေ့လား၊ တွေ့ရင်သူတို့ကိုချက်ချင်း အကြောင်းကြားပါတဲ့၊ ဒါကြောင့် လူတွေကစစ်ဖြစ်တော့မယ်ဆိုပြီး ထိတ်လန့်နေကြတယ်၊ ဒီနှစ်ဗမာ ပြည်အလယ်ပိုင်းက ဗမာတွေလည်း လက်ဖက်သိပ်လာမခူးကြတော့ဘူး၊ ဒီတော့ လက်ဖက်တွေကို အချိန်မှီမခူးနိုင်ဘူး တချို့လက်ဖက် တွေဆို ရင့်ကုန်ကြတယ်၊ ဒီစစ်တပ်တွေကြောင့် လူတွေက အလုပ်ကောင်းကောင်းကိုမလုပ်ရဘူး၊  သူတို့ရွာလာပြီဆို လူတွေက အစားအသောက်က အစလုပ်ပေးရတယ်" ဟုရွာသားတစ်ဦး ပြောပြချက်အရသိရှိရသည်။
ဆက်စပ်ပြီး  ဧပြီလ (၂၇)ရက်နေ့လည်း လက်နက်တင်စစ်ကား နှင့် လူတင်စစ်ကားအစီး (၂၅)ဟာရှမ်းပြည်နယ် မြောက်ပိုင်းရှိ ကွတ်ခိုင်မြို့ဘယ်ကနေ မန္တလေးဘက်ကို ဦးတည်မောင်းသွားသည်ဟု မျက်မြင်တစ်ဦးက ပြောပြခဲ့သည်။ လူတွေက တရုတ်ပြည်ဘက် ကဝယ်လာတဲ့ လက်နက်ခဲယမ်းတွေကို ကရင်ပြည်နယ်ဘယ်ပို့ဖို့ ဖြစ်တယ်လို့ ခန့်မှန်းနေကြ သလို တချို့ကတော့ စစ်အင်အားပြ ခြိမ်းခြောက်တယ်လို့ ပြောနေကြတယ်၊ အခုချိန်ထိတော့ ဘယ်သူမှလည်းတိတိကျကျ ပြောနိုင်ခြင်းမရှိသေးပါ။
ယခုအချိန်သည် လက်ဖက်ကိုအဓိကလုပ်ကိုင်စားသောက်ကြတဲ့ တအာင်းလူမျိုးတွေရဲ့ အရေးကြီးဆုံး အချိန်ဖြစ်ပြီး အချိန်နဲ့ အမှီ လက်ဖက်တွေ ကိုခူးရပါသည်၊ ယခုလိုဒေသတွင်း မငြိမ်မသက်ဖြစ်တော့ လူတွေကစိတ်မသက်မသာဖြင့် အလုပ်လုပ်နေရတယ်။ လက်ဖက်လည်းအဝယ်မလိုက်သလို ဈေးနှုန်းလည်းထက်ဝက်ကျော်ကျသွားသည်။ "ရွှေဖီဦးတုန်းကဆိုလက်ဖက်ကတစ်ပိဿာကို ကျပ် (၄၀၀၀) ၀န်းကျင်ရှိပေမယ့် အခုတော့ တစ်ပိဿာကို ကျပ် ၂၀၀၀ တောင် ဝယ်တဲ့လူသိပ်မရှိတော့ဘူး"ဟုလက်ဖက်တောင်သူတစ်ဦးပြော ပြချက်အရသိရသည်။

0 comments:

ကော်န်းတအာင်းအူချှေး

 
Powered by Blogger