DEMONSTRATING ABOUT THE TA'ANG PEOPLE AND TA'ANG LAND

ရံပ်ရို;ငို;အူန်းစာခြိုဝ်းနှာမ်းအဲတအာင်းတော်န်းချှေးနာ်

Saturday, May 14, 2011

တရုတ်မှမြန်မာပြည်သို့ ဂတ်ပိုက်လိုင်းများစတင်သွင်းနေ

၂၀၁၁ခုနှစ်၊မေလ(၁၂)ရက်နေ့တွင် ရှမ်းပြည်နယ်မြောက်ပိုင်း၊ တရုတ်မြန်မာနယ်စပ်ဖြစ်သော ရွှေလီနှင့် ဂျယ်ဂေါင်ကြား ဂတ်ပိုက်လုံးကြီးများကို ကုန်တင်ကားကြီးများဖြင့် မြန်မာပြည်သို့ စတင်တင်သွင်းနေကြောင်းတွေ့ရှိရသည်။
"ကျမတရုတ်-မြန်မာသွင်းကုန်၊ ပို့ကုန်ဂိတ်ရောက်တော့ ပိုက်လုံးကြီးတွေ တင်ထားတဲ့ ကားတစ်စီးနှင့် တစ်စီးပိုက်တွေ လွဲပြောင်းနေတာတွေ့တယ်၊ မေးကြည့်တော့ ဂတ်ပိုက်တွေလို့ပြောတယ်၊ (၄)စီးတော့ လွဲပြောင်းပြီးပြီ၊ ကျန်(၂)စီးက ပြောင်းနေတုန်းရှိသေးတယ်၊ အရင်တပတ်ကလည်း ဒါမျိုးပိုက်လုံးကြီးတွေတင်တဲ့ ကား(၅)စီးဖြတ်သွားတာတွေ့တယ်" ဟု မျက်မြင်သက်သေတစ်ဦးကပြောပြခဲ့ပါသည်။
အလားတူဧပြီလအတွင်းလည်း မူဆယ်နယ်ခံများက ယခုလိုပိုက်လုံးတင်တဲ့ကားများ မကြာခဏတွေ့ရလျက်ရှိ သော်လည်း ဘာအတွက်ကိုတော့ဒေသခံများက မသိရကြောင်းသိရှိရသည်။ ၎င်းပိုက်လိုက်များကိုတရုတ်နိုင်ငံမှ မြန်မာသို့ ကားကြီးများဖြင့်လည်းကောင်း၊ သဘောင်္ဖြင့်လည်းကောင်း နည်းလမ်းအမျိုးမျိုးဖြင့် သယ်ဆောင်နေ ကြာင်းသိရှိရသည်။
ဒေသခံတစ်ဦးလည်း ပိုက်တွေကို တရုတ်ကနေဒီဘက်ကမ်းသို့ ကားနဲ့သယ်တယ်။ ပြီးရင် ဒေသခံတွေ မသိအောင် မိုးကာကြီးများအုပ်ပြီးတင်သွင်းနေတာကို မြင်လိုက်ရတယ် လို့ပြောပြသွားပါသည်။
မြန်မာ-တရုတ် သဘာဝဓာတ်ငွေ့နှင့်ရေနံပိုက်လိုင်းသည် အရှည် ၇၉၂ ဒသမ ၅ ကီလိုမီတာပိုက်လိုင်းများ ဆက်ကာ တည်ဆောက်သွားမည် ဖြစ်ကြောင်းသိရှိရပြီး ၎င်းပိုက်လိုင်းစီမံကိန်းကိုရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့မှ စတင်ကာ မကွေးတိုင်း၊ မန္တလေးတိုင်းနှင့် ရှမ်းပြည်နယ်တို့ကို ဖြတ်သန်း၍ တရုတ်နိုင်ငံယူနန်ပြည်နယ် ကူမင်းမြို့ အထိသွယ်တန်း မည်ဖြစ်သည်။
ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ဖြတ်သန်းသွားမည့် ဂတ်ပိုက်လိုင်းသည် တအာင်းဒေသအတွင်းရှိ ရွှေလီအမှတ်(၁) ဓါတ်အားလိုင်းအတိုင်းတည်ဆောက်သွားမည်ဖြစ်ကြောင်း သိရပြီး ယခင်ရွှေလီရေအားလျှပ်စစ်ကြောင့် ဒေသခံပြည် သူများ၏လယ်ယာသိမ်းမြေသိမ်းဆည်းမှုများ၊ လူ့အခွင့်အရေးချိုးဖောက်မှုများစသည့်အခြေအနေများနှင့် ရင်ဆိုင်ခဲ့ရ ကြောင်း တအာင်းကျောင်းသားများနှင့် လူငယ်များထုတ်ပြန်သည့် စစ်ဖိနပ်အောက်ကရွှေလီ(Under the Boot) အစီအရင်ခံတွင် ဖော်ပြခဲ့ပါသည်။

0 comments:

ကော်န်းတအာင်းအူချှေး

 
Powered by Blogger