DEMONSTRATING ABOUT THE TA'ANG PEOPLE AND TA'ANG LAND

ရံပ်ရို;ငို;အူန်းစာခြိုဝ်းနှာမ်းအဲတအာင်းတော်န်းချှေးနာ်

Tuesday, May 10, 2011

တအာင်းအမျိုးသမီးငယ်နှစ်ဦးလူကုန်ကူးခံရ


ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်၊ ကာလိုင်ကုန်းဆာအုပ်စု၊ မန်မိုင်ကျေးရွာတွင် နေထိုင်သည့် ဦးဆမ်မိုင်၏ သမီး လွေးအီငင်း နှင့် ဦးပန်းအောင်၏သမီး လွေးအိုမိုင်တို့အား တရုတ်ပြည်သို့ လူကုန်ကူးခံရကြောင်း သိရှိရပါသည်၊၊

ကွတ်ခိုင်မြို့နယ်၊နမ့်ဖတ်ကာအမှတ်(၁)ရပ်ကွက်နေ ဦးချစ်အေးနှင့် ဒေါ်ရွှေကြာဇနီးမောင်နှံသည် အသက် ၁၇ နှစ်သာရှိသေးသည့် လွေးအီငင်း နှင့် လွေးအိုမိုင်တို့နှစ်ဦးအား နမ့်ဖတ်ကာဈေးရှိ ကုန်စုံဆိုင်တွင် တစ်လလျှင် သုံးသောင်းငါးထောင်(၃၅၀၀၀)ကျပ် ပေးမည်ဟုဆိုကာ၂၀၁၁ခုနှစ် ဖေဖေါ်ဝါရီလ (၈) ရက်နေ့တွင် ခေါ်ဆောင်သွားခဲ့ပါသည်။

လွေးအိုမိုင်၏ ဖခင်ဖြစ်သူ ဦးပန်အောင်သည် မတ်လ (၁)ရက်နေ့တွင် မိမိ၏သမီးဖြစ်သူအား သွားရောက်တွေ့ဆုံရာ လွေးအိုမိုင်အား ခေါ်ဆောင်သွားသူ ဦးချစ်အေး နှင့် ဒေါ်ရွှေကြာတို့မှ သူမမှာ နမ့်ဖတ်ကာနှင့် ဆယ်မိုင်ခန့်ဝေးသည့် ခိုမုံးရေစင် ထမင်းဆိုင်တွင် သွားရောက်အလုပ်လုပ်နေသောကြောင့် တွေ့လိုသည်ဆိုပါက သုံးလေးရက်အတွင်း လွှတ်လိုက်မည်ဟုဆိုပြီး ဦးပန်းအောင်အား ပြောလိုက်ပါသည်။

သို့သော်လည်း မိမိ၏သမီးမှာ တစ်ပတ်ကြာသည်အထိ ရောက်မလာသောကြောင့် ကွတ်ခိုင်မြို့နယ်ရှိ တအာင်းလူကြီးများထံသို့ သွားရောက် အကူအညီတောင်းခံခဲ့ပါသည်။ အဆိုပါလူကြီးများမှ ဦးချစ်အေးနှင့် ဒေါ်ရွှေကြာ တို့အကြောင်းအား စုံစမ်းကြည့်သည့်အခါ လူကုန်ကူးသူများနှင့်အဆက်အသွယ်ရှိကြောင်း သိရှိရသောကြောင့် နမ့်ဖတ်ကာရဲစခန်းသို့ ဧပြီလ (၇) ရက်တွင် သွားရောက်တိုင်ကြားခဲ့ပါသည်။ 

တအာင်းလူကြီးများနှင့်နမ့်ဖတ်ကာ စခန်းမှူးဗိုလ်ကျော်ကျော်နိုင်နှင့် တာဝန်မှူးဒုရဲအုပ်အောင်ဇော်ဦး တို့သည် ဦးချစ်အေးနှင့် ဒေါ်ရွှေကြာအိမ်သို့သွားရောက်စစ်ဆေးကြရာ လူကုန်ကူးခြင်းမဟုတ်ပဲ တရုတ်ပြည် ကျန်ဟောင်သို့ သွားရောက် အလုပ်လုပ်ကိုင် နေခြင်းသားဖြစ်ပြီး ဧပြီလ (၁၁)ရက်နေ့အရောက် ပြန်လည်ခေါ်ဆောင်ပေးမည်ဟု ဦးချစ်အေးနှင့် ဒေါ်ရွှေကြာတို့မှ ဝန်ခံဂတိ လက်မှတ်ရေးထိုးခဲ့ကြပါသည်။ သို့သော် ဧပြီလ ၁၇ရက်နေ့အထိ ပြန်လည်ရောက်ရှိလာခြင်း မရှိသောကြောင့်  ဧပြီလ ၂၁ရက်နေ့တွင် ကွတ်ခိုင်မြို့နယ်ရဲစခန်းသို့ ထပ်မံတိုင်ကြားခဲ့သော်လည်း ယခုအချိန်ထိ လိုက်လံဆောင်ရွက်ပေးခြင်း မရှိကြောင်း သိရှိရပါသည်။ 

အလားတူ ၂၀၁၀ ခုနှစ်၊ ဒီဇင်ဘာလတွင်လည်း ကွတ်ခိုင်မြို့နယ်၊ လုံကန်ကျေးရွာအုပ်စု၊ မန်ပူးရွာနေ ဦးအိုက်ထပ်(စောတိယ) ၏သမီးဖြစ်သူ ၂၃နှစ်အရွယ် မအီမိုအား တရုတ်ပြည်သို့လူကုန်ကူးပြီး အိမ်ထောင်ပြုစေခဲ့ဖူးကြောင်း သိရှိရပါသည်၊၊
 

0 comments:

ကော်န်းတအာင်းအူချှေး

 
Powered by Blogger