DEMONSTRATING ABOUT THE TA'ANG PEOPLE AND TA'ANG LAND

ရံပ်ရို;ငို;အူန်းစာခြိုဝ်းနှာမ်းအဲတအာင်းတော်န်းချှေးနာ်

Wednesday, May 11, 2011

စစ်ဆင်ရေးတပ်မှဒေသခံများ၏ ဟင်းရွက်သီးနှံများလုယူဖျက်ဆီး

ရှမ်းပြည်နယ်မြောက်ပိုင်းအတွင်း အစိုးရစစ်တပ်နဲ့ SSPP/SSA-N တို့အကြားဖြစ်ပွားခဲ့သော စစ်ပွဲကြောင့် သင်္ကြန်နောက်ပိုင်းမှစ၍ ကွတ်ခိုင်မြို့အနီးတစ်ဝိုက် ရှိတဲ့ကျေးရွာတွေတော်တော်များများမှာ  ကွတ်ခိုင်အခြေစိုက် တပ်ရင်း(၂၄၁)ဦးဆောင်ပြီး စစ်သားများ တရွာကိုလူအင်အား ၅၀ ၀န်းကျင်ခန့် ရှမ်းစစ်တပ်တွေ ဝင်မလာအောင် ယာယီစခန်းအဖြစ်နေရာယူပြီး လုံခြုံရေးတင်းတင်း ကျပ်ကျပ်ချထားကြောင့် သိရှိရပါသည်။

နအဖစစ်သားတွေဟာ တုန်စင်ဒါင်း၊တုန်စင်ဒဲ့၊မန်နောင်၊ခိုလုံ၊ ပန်းဆေး အစရှိကျေးရွာများအတွင်း ဒေသခံရွာသားတွေရဲ့ ခြံထွက်သီးနှံများ၊ဟင်းသီးဟင်းရွက်နှင့် အိမ်မွေးတိရစ္ဆာန်များအား ခြိမ်းခြောက်မတရားသဖြင့် ယူစားသုံးနေကြသည်။

တုန်စင်(ဒါင်း)ရွာသားတစ်ဦးမှ "ရွာထဲမှာရှိတဲ့ဟင်းသီးဟင်းရွက်တွေ ခွင့်ပြုချက်မရဘဲ ခူးစားတယ် ရိုးရိုးခူးတာမဟုတ်ဘူး အပင်တွေကို ဆွဲနုတ်တယ်၊ အနွယ်တွေကို ပျက်စီးအောင်လုပ်တယ်၊ နောက်ပြီး ကြက်ရှိတဲ့အိမ်တွေဆို အတင်းအဓမ္မလာပို့ခိုင်းတယ်၊သူတို့တွေ ခြိမ်းခြောက်တော့ ရွာသားတွေလည်း ကြောက်ပြီး မပေးချင်ဘဲ လာပို့ပေးနေရတယ်"ဟု ဖွင့်ဟပြောဆိုခဲ့ပါသည်။

မြို့နဲ့နီးတဲ့ရွာတွေမှာဆိုရင် ခြံထွက်ဟင်းသီးဟင်းရွက်များစိုက်ပြီး မြို့ပေါ်တက်ရောင်းလေ့ရှိပါတယ်။ တချို့တွေက ကွတ်ခိုင်ဈေးအပြင် အခြားတာမိုးညဲဈေး၊ သိန်းနီဈေး၊နမ့်ဆလပ်ဈေးသို့ ကုန်စိမ်းဈေးပတ်လိုက်ရောင်း ပြီး ခြံထွက်ဟင်းသီးဟင်းရွက်ကိုသာ အဓိက မှီခိုအားကိုးနေကြရသည်။

"စစ်သားတွေက ရပ်ရွာလုံခြံရေးအတွက်ဆိုပြီး ရွာမှာလာအခြေချကြတယ် ပြီးတော့ ကျမတို့ ကြက်တွေ၊ အသီးအရွက်တွေဆိုလည်း ဝင်ခူးချင်သလို ဝင်ခူးကြတယ် ပျိုးထားတဲ့ ဟင်းတွေကိုလည်း နင်းချင်သလို  နင်းတယ်၊ ပြီးတော့ ဟိုလူကိုငေါက်လိုက် ဒီလူကိုခြိမ်းခြောက်လိုက်နဲ့ဆိုတော့ အားလုံးကကြောက်နေရတယ်၊ မိန်းကလေးတွေလည်း ယာခြံအလုပ်ကို ကောင်းကောင်းကို မလုပ်ရဘူး၊ နည်းနည်းမှောင်တာလာနဲ့ မပြန်ရဲကြတော့ဘူး " ဟုရွာခံအမျိုးသမီး တစ်ဦးမှ စစ်သားတွေ ရွာမှအခြေချတဲ့အတွက် ၄င်းအတွက် လုံခြုံမှုမရှိတော့တဲ့အခြေအနေကို ညဉ်းသွားပြောပြခဲ့သည်။

0 comments:

ကော်န်းတအာင်းအူချှေး

 
Powered by Blogger