ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးခရိုင်၊ နမ္မတူမြို့နယ်၊ မိုင်းဆင်ရွာတွင် ကချင်ပြည်နယ် လွတ်မြောက်ရေးတပ်မတော်(KIA) နှင့်နမ္မတူအခြေစိုက်အစိုးရတပ်ရင်း(၃၂၄) တို့ ၂၀၁၁ခုနှစ် အောက်တိုဘာ (၁၁)ရက်နေ့ မွန်းတည့်အချိန်တွင် တိုက်ပွဲဖြစ်ပွားခဲ့သည်။
တိုက်ပွဲသိပ်မပြင်းထန်သော်လည်း ၂နာရီလောက်ကြာသည်ဟုဒေသခံမှပြောပြခဲ့သည်။ “၂နာရီလောက်ကြာတော့ အစိုးရစစ်သားတွေက နမ့်ပန်လေရွာဘက်ဆင်းသွားကြတယ်၊ တစ်လမ်းလုံးသေနတ်သံတွေညံနေအောင် ပစ်သွားကြတယ်” ဟု၎င်းကဆက်ပြောပြခဲ့သည်။
တိုက်ပွဲတွင်း အကျအဆုံးစာရင်းကိုမသိရသေးသော်လည်း မိုင်းဆင်ရွာသူရွာသားများမှာ ကြောက်လန့်ပြီး နမ္မတူမြို့ရှိ နီးစပ်ရာဆွေမျိုးထံသို့ထွက်ပြေးခိုလှုံနေကြသည်ဟု ဒေသခံတဦးပြောပြချက်အရသိရှိရသည်။
တအာင်းကျောင်းသားနှင့်လူငယ်များအစည်းအရုံး
0 comments:
Post a Comment