၂၀၁၁ခုနှစ်၊နိုဝင်ဘာလ(၁၀)ရက် တန်ဆောင်မုန်းလပြည့်နေ့ည ၉နာရီခန့်တွင် ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်ရှိ တရုတ်-မြန်မာ(မန်းခမ်း) ကတိုးဆိပ်တွင် မြန်မာတပ်ရင်း ခလရ(၁၃၂) နှင့် ကချင်တပ်မတော် (KIA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့သည်။
“စစ်ပွဲက မိနစ်(၂၀)လောက်ကြာတယ်၊ မြန်မာတပ်က (၈)ယောက် ဒဏ်ရာရတယ်၊နမ့်ခမ်းဆေးရုံကမကုနိုင်လို့ ညတွင်းချင်းပဲ မြို့ထဲက ကားတွေချောဆွဲပြီး မူဆယ်ဆေးရုံကိုလိုက်ပို့ခိုင်းတယ်၊ ဒီနေ့လည်း နမ့်ခမ်းမြို့ထဲမှာ ရဲတွေ၊ စစ်သားတွေ ရှုပ်ရှပ်ခက်နေတာပဲ” ဟုဒေသခံတစ်ဦးမှပြောပြခဲ့သည်။
နောက်ဆက်တွဲသတင်းကိုဆက်လက်စုံစမ်းနေဆဲဖြစ်သည်။
တအာင်းကျောင်းသားနှင့်လူငယ်များအစည်းအရုံး
0 comments:
Post a Comment