DEMONSTRATING ABOUT THE TA'ANG PEOPLE AND TA'ANG LAND

ရံပ်ရို;ငို;အူန်းစာခြိုဝ်းနှာမ်းအဲတအာင်းတော်န်းချှေးနာ်

Sunday, November 13, 2011

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် စပါးခင်းများပျက်စီး

အောက်တိုဘာလ ၂၉ ရက်မှစ၍ မိုးသည်းထန်စွာ ရွာသွန်းပြီး မိုးသီးပါကျသောကြောင့် မန်တုံမြို့နယ်ရှိ မန်ကျော့နှင့်-မန်ဆိုင်ကျေးရွာတဝိုက်တွင် တောင်ယာစပါးခင်းများစွာ ပျက်စီးဆုံးရှုံးသွားခဲ့ပါသည်။

“ ခါတိုင်းတော့ တစ်မိသားစုကို တစ်နှစ်လျှင်စပါးတင်းပေါင်း (၂၀၀ မှ ၃၀၀)အထိ ရလေ့ရှိတယ်၊ ဒီနှစ်လည်း အဲပမာဏထက်တော့ မလျှော့ဘူး၊ ဒါပေမယ့် စပါးတွေရိတ်သိမ်းခါနီးမှ မိုးသီးတွေကျတော့ တော်တော်ကြီးကို ပျက်စီးဆုံးရှုံးကုန်တော့တာပဲ၊ တရွာလုံးရဲ့ တောင်ယာ ငါးပုံမှာ လေးပုံလောက်ကစပါးခင်းတွေပျက်စီးကုန်တယ်၊ ဘာမှမတတ်နိုင်တော့ တချို့ဆို ငိုပဲငိုနေကြတယ် ” ဟု မန်ကျော့ရွာရှိ တောင်သူတစ်ဦးမှပြောပြခဲ့သည်။
ယခုလို မိုးသီးကြောင့် စပါးခင်းများပျက်စီးသွားသောကြောင့် ဒေသခံများ၏ စားဝတ်နေရေး အခက်အခဲရှိလာနိုင်သလို၊ တချို့မိသားစုများမှာ စပါးမရခင် အတိုးဖြင့် ပိုက်ဆံကြိုတင် ချေးငှားထားပြီး ပြန်ဆပ်ရန် အခက်အခဲ ရှိနေသည်ဟု ၄င်းရွာသားမှဆက်လက်ပြောပြခဲ့သည်။
မန်ကျော့-မန်ဆိုင်ရွာသည် အိမ်ခြေပေါင်း တစ်ရာကျော်ရှိပြီး အဓိကအားဖြင့် တောင်ယာစပါးကိုသာ မှီခိုလုပ်ကိုင်စားသောက်ရသောကျေးရွာဖြစ်သည်။အခြားကျေးရွာများတွင်လည်း အလာတူ မိုးရွာသွန်းသော်လည်း မိုးသီးအနည်းငယ်သာကျသဖြင့် ပျက်စီးဆုံးရှုံးမှု သိပ်မတွေ့ရကြောင်း သိရှိရသည်။
ယခုအချိန်ထိတော့ အာဏာပိုင်မှ ကူညီပေးခြင်း၊ NGO အဖွဲ့မှ လာရောက် ကူညီပေးခြင်း မရှိသေးဘူးလို့လည်းသိရှိရသည်။
မန်တုံမြို့သည် ရှမ်းပြည်မြောက်ပိုင်းရှိ တအာင်းကိုယ်ပိုင်အုပ်ချုပ်ရဒေသ၏ မြို့နယ် တစ်ခုဖြစ်ပြီး နယ်သူနယ်သားများမှာ အများအားဖြင့် လက်ဖက်ခြံလုပ်ငန်းနှင့်တောင်ယာလုပ်ငန်းနှစ်ခုကို တွဲဖက် လုပ်ကြပြီး အထက်ပါကျေးရွာမျာသည် တောင်ယာတစ်ခုတည်းကိုသာအားထား စိုက်ပျိုးသောရွာများဖြစ်သည်။

သတင်းမှတ်တမ်းနှင့်သုတေသနဌာန
တအာင်းကျောင်းသားနှင့်လူငယ်များအစည်းအရုံး

0 comments:

ကော်န်းတအာင်းအူချှေး

 
Powered by Blogger