DEMONSTRATING ABOUT THE TA'ANG PEOPLE AND TA'ANG LAND

ရံပ်ရို;ငို;အူန်းစာခြိုဝ်းနှာမ်းအဲတအာင်းတော်န်းချှေးနာ်

Sunday, November 13, 2011

ပြောင်းလဲမှုမရှိသေးတဲ့ တအာင်း(ပလောင်)ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ တအာင်း(ပလောင်) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏ ဥက္ကဌဖြစ်သူ ဦးမောင်ကျော်အား တအာင်းအမျိုးသားပါတီ (TNP) အဖွဲ့ဝင်တစ်ချို့နှင့် အဖွဲ့လူငယ်များက အားမလိုအားမရ ဖြစ်နေကြသည်ဟု သရှိရသည်။ 

အခြားပြည်နယ်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများရှိ ရပ်ကွက်/ရပ်ရွာအုပ်ချုပ်ရေးမှူးကို အသစ် ပြန်လည်ခန့်အပ် ပြီးသွားသော်လည်း  ဦးမောင်ကျော် ဦးဆောင်သော တအာင်း(ပလောင်) ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသတွင်မူ အခုချိန်ထိ အခြား ဒေသ/ပြည်နယ်များကဲ့သို့ ဖွဲ့စည်းပေးခြင်းမရှိသည်ကို တွေ့ရသည်။ 

ဒေဦးစီးဖွဲ့စည်းပြီးနောက်ပိုင်းမှာ ပြောင်းလဲမှုမရှိသလောက်ပါဘဲ၊ ရပ်ရွာဥက္ကဌကိုခန့်တဲ့နေရာမှာ ရွာသူ/သားရဲ့သဘောဆန္ဒအရ ရွေးတာမဟုတ်ပဲ အရင်တုန်းက ခန့်တဲ့နည်းအတိုင်းသွားနေတော့ ဘာမှထူးခြားပြောင်းမှုမရှိဘူး”  ဟု ဒေသခံတစ်ဦးက ပြောသည်။
မူလရပ်ကွက်၊ကျေးရွာဥက္ကဌများကို အုပ်ချုပ်ရေးမှူးအဖွဲ့ဆိုသည့် အမည်သာပြောင်းပြီး ဆက်လက် တာဝန်ထမ်းဆောင် စေသည်ဟု ၄င်းဒေသခံမှဆက်လက်ပြောပြခဲ့သည်။ 

ထိုအပြင်အခြားမြို့နယ်/ပြည်နယ်/တိုင်းဒေသကြီးများတွင် ရပ်ရွာအုပ်ချုပ်ရေးမှူးများကို တစ်လလျှင် လစာ (၅၀၀၀၀) ကျပ်ရရှိသော်လည်း ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင်မူ မည့်သည့်ရပ်ရွာအုပ်ချုပ်ရေးမှူးမှ အကျိုးခံစားခွင့်မရရှိချေ။ 

တအာင်း(ပလောင်) အမျိုးသားပါတီသည် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ၂၀၁၀ရွေးကောက်ပွဲ ကျင်းပစရာမလိုဘဲ ကြံ့ဖွံ့အမည်ခံစစ်အစိုးရနှင့် ဆွေးနွေးညှိုနှိုင်းမှု တရပ်ပြုလုပ်ပြီး အမျိုးသားလွတ်တော် ကိုယ်စားလှယ်၊ ပြည်သူ့လွတ်တော်ကိုယ်စားလှယ်၊ ပြည်နယ်လွတ်တော်ကိုယ်စားလှယ်နေရာ အသီးသီးတွင် နေရာခွဲဝေယူခဲ့ကြခြင်း ဖြစ်သည်။  

 သတင်းမှတ်တမ်းနှင့်သုတေသနဌာန
တအာင်းကျောင်းသားနှင့်လူငယ်များအစည်းအရုံး

0 comments:

ကော်န်းတအာင်းအူချှေး

 
Powered by Blogger