ရှမ်းပြည်နယ်မြောက်ပိုင်း၊မန်တုံမြို့နယ် အခြေစိုက် အစိုးရတပ်ရင်းအမှတ် (၁၃၀)မှ မန်တုံမြို့တွင်းရှိ ယာဉ်များအား စစ်တပ်အတွက်ချောဆွဲ နေကြောင်းသိရှိရသည်။
(၁၃၀)စစ်တပ်အဆောက်အဦး တိုးချဲ့ဆောက်လုပ်ရန် လိုအပ်သော သဲ၊ ကျောက်များကို သယ်ယူပို့ဆောင်ရန် အလှည့်ကျဖြင့် ချောလိုက်နေရကြောင်းဒေသခံများမှပြောပြခဲ့သည်။
“ ကျနော့်တို့အလှည့်ကျ ချောသွားနေရတာ တစ်လကျော်နှစ်လနီးပါးရှိပြီ၊ တစ်ရက်ကိုနှစ်စီးနှုန်းနဲ့သွားရတယ်၊ ကားဆီတော့နည်းနည်းဖြည့်ပေးတယ်၊ ကျန်တာတော့ဘာမှကိုမပေးပါဘူး”ဟုကားသမားတစ်ဦးမှပြောပြခဲ့သည်။
မန်တုံမြို့ပေါ်တွင် လေးလုံးထိုးမော်တော်ယဉ် စုစုပေါင်း ၂၅ စီး လောက်ရှိရာ တစ်ရက်လျှင်တစ်စီး၊ နှစ်စီး နှုန်းဖြင့် အလှည့်ကျ မသွားမနေ သွားနေရသည်ဟုသိရသည်။
သို့သော် ကြံ့ဖွတ်ပါတီဝင်ကားသမားများမှာ အခြားကားသမားများကဲ့သို့ ချောလိုက်စရာမလိုပဲ ကင်းလွတ်နေကြောင်း သိရှိရသည်။
တအာင်းကျောင်းသားနှင့်လူငယ်များအစည်းအရုံး
0 comments:
Post a Comment