DEMONSTRATING ABOUT THE TA'ANG PEOPLE AND TA'ANG LAND

ရံပ်ရို;ငို;အူန်းစာခြိုဝ်းနှာမ်းအဲတအာင်းတော်န်းချှေးနာ်

Sunday, November 13, 2011

သီပေါတပ်ရင်းမှ ကျေးရွာဥက္ကဌနှင့် ရွာသားများအား ကြိုးတုတ်ရိုက်နှက်

ရှမ်းပြည်နယ်မြောက်ပိုင်း၊သီပေါအစိုးရတပ်ရင်းမှ စစ်ကြောင်းအတွင်း မန်တုံမြို့နယ်ရှိ အိုမန်ကျေးရွာ ဥက္ကဋ္ဌနှင့်အတူ ကျေးရွာကော်မတီ၊ရွာလူငယ် တချို့ကိုလည်း ကြိုးတုတ်ဖမ်းဆီး ရိုက်နှက်ခဲ့သည်ဟု သိရသည်။

“အောက်တိုဘာလ၂၇နေ့တုန်းက စစ်တပ်တွေရွာထဲရောက်လာပြီး ဥက္ကဌနဲ့ ရွာကော်မတီတွေကို ကြိုးနဲ့တုတ်ပြီး ကချင်စစ်သားအကြောင်းမေးတယ်၊ မရှိဘူးလို့ဖြေတော့လည်း လိမ်တယ်ဆိုပြီး ရိုက်တယ်၊ ဘုရားကျောင်းနဲ့စာသင်ကျောင်းမှာရှိတဲ့ ပစ္စည်းတွေကိုလည်းမီးရှို့သွားတယ်”ဟု မျက်မြင်ရွာသားတစ်ဦး ပြောပြချက်အရသိရှိရသည်။

အိုမန်ကျေးရွာတွင် ကချင်နှင့် လီရှောလူမျိုး အများဆုံးနေသောကျေးရွာဖြစ်သည်ပြီး ကချင်စစ်သားများ မန်တုံနယ်တွင် လှုပ်ရှားနေသည်ကို ထောက်ခံဖုံးကွယ်ထားသည်ဟု စစ်အစိုးရမှ  မှတ်ယူကာ ဒေသခံလူထုကိုနှိပ်စက်နေသည်ဟု ၄င်းမှပြောပြခဲ့သည်။
ထိုတပ်ရင်းသည် ယခုမန်တုံမြို့နယ်မြောက်ဘက်ရှိ မန်စပ်ကျေးရွာတွင်ရောက်ရှိနေပြီး ကချင်ပြည်နယ်ဘက်သို့ စစ်အင်အားဖြည့်ရန်သွားရောက်မည်ဖြစ်သည်။  သွားရာလမ်းတလျှောက်တွင် ပေါ်တာဆွဲခြင်း၊ ဒေသခံများကို ခြိမ်းခြောက်ဖမ်းဆီးခြင်းများ ဆက်လက်ပြုလုပ်လျက်ရှိသည်။

ပြီးခဲ့သော စက်တင်ဘာလတွင်လည်း ရှမ်းပြည်တပ်မတော်(SSA/SSPP)မှ နမ့်ဆန်မြို့နယ်တွင်း စစ်ရေးလှုပ်ရှားမှုရှိနေသည်ဟုသတင်းရရှိသောကြောင့်  ကျောက်မဲအခြေစိုက် အစိုးရတပ်(၅၀၁)သည် နမ့်ဆန်အရှေ့ဘက်ခြမ်းမန်လွယ်၊ နမ့်လင်း၊ မန်လန်းကျေးရွာများတွင် လှည့်ကင်းများရောက်ရှိလာပြီး ဒေသခံများ၏ မြင်း၊လားများကိုချောဆွဲအသုံးပြုခဲ့သည်။

သတင်းမှတ်တမ်းနှင့်သုတေသနဌာန
တအာင်းကျောင်းသားနှင့်လူငယ်များအစည်းအရုံး

0 comments:

ကော်န်းတအာင်းအူချှေး

 
Powered by Blogger