DEMONSTRATING ABOUT THE TA'ANG PEOPLE AND TA'ANG LAND

ရံပ်ရို;ငို;အူန်းစာခြိုဝ်းနှာမ်းအဲတအာင်းတော်န်းချှေးနာ်

Sunday, November 13, 2011

နမ့်ခမ်းရဲစခန်းဗုံးဖောက်ခွဲခံရပြီး ရဲအုပ်တစ်ဦးသေဆုံး

၂၀၁၁ခုနှစ်၊ နိုဝင်ဘာလ(၁၀)ရက်နေ့ည (၈)နာရီကျော်တွင်ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့ရဲစခန်းရှေ့ဗုံးပေါက်ခွဲခံရမှုကြောင့် ဒုရဲအုပ်ဇော်ထူးခေါင် သေဆုံးသွားခဲ့ကြောင်း သိရှိရသည်။

“မနေ့ည၈-၉နာရီဝန်းကျင်မှာ ပေါက်ခဲ့တာပါ။ ဒုရဲအုပ်တစ်ယောက်ရယ် တပ်ကြပ်နှစ် ယောက်ရယ် နောက်ပြီးတော့ ရဲစခန်းဝန်းကျင်ထဲမှာနေထိုင်တဲ့ ရဲမိသားစုတွေရဲ့ အမျိုး သမီး နှစ်ဦးထိတယ်။ ဒုရဲအုပ်ကတော့ပွဲချင်းပြီးဘဲ။ နောက်အသက် နည်းနည်းကြီးတဲ့ အမျိုးသမီးတစ်ဦးကတော့ စိုးရိမ်ရတယ်။ ညချင်းဘဲ မူဆယ်ဆေးရုံးကို သယ်သွား ရတယ်ဟု” အခင်းဖြစ်ပွားရာနေရာသို့ သွားရောက်ကြည့်ရှု့ခဲ့သူ ဒေသခံတဦးမှ ပြောပြခဲ့ပါသည်။
ဆက်လက်ပြီး ဓါတ်ပုံရိုက်သည့် (၈)တန်းကျောင်းသားတစ်ဦးကိုလည်း ရဲများမှဖမ်းဆီး ထိန်းသိမ်းထားခဲ့သည်။ နောက်ပိုင်း ၄င်း၏ မိဘများနှင့်ကျောင်းဆရာမ များလာရောက် အာမခံလက်မှတ်ထိုးပြီး ရဲများမှပြန်လွတ်ပေးခဲ့သည်ဟု ဒေသခံမှ ဆက်လက် ပြောပြခဲ့သည်။
ဖောက်ခွဲခဲ့သည့် လူနှစ်ဦးမှာလည်း ထိုနေ့ညတွင်းချင်းပင် အဖမ်းခံခဲ့ရသည် ဟုသိရှိရသည်။
“ဗုံးလာခွဲတာ နှစ်ယောက်ပေါ့၊ ကချင်စစ်တပ်ကလို့ ပြောတယ်၊ တစ်ယောက် ဆိုင်ကယ်ကိုစက်နိုးထားတယ် ပြီးတော့ သူနဲ့ပါလာတဲ့ သူငယ်ချင်းကိုဖောက်လို့ရပြီ ဆိုပြီးလှမ်းပြောတယ်။ဖောက်ပြီးတာနဲ့ ချက်ချင်းထွက်ပြေးသွားတယ်။ ဒါပေမယ့် မနေ့ညတွင်းမှာ ဘဲချက်ချင်းဖမ်းမိတယ်ဟု”  နမ့်ခမ်းဒေသခံတစ်ဦးမှ ပြောပြခဲ့ပါသည်။
ယခုလက်ရှိတွင် နမ့်ခမ်းမြို့တွင်း လုံခြုံရေးများတင်းကျပ်စွာ ချထား သည့်အပြင် ဧည့်စာရင်းတွေကိုလည်း စစ်ဆေးနေကြောင်းသိရှိရသည်။ ရပ်ကွက်အုပ်ချူပ်ရေးမှူးကနေမှ စပီကာဖြင့်ညမထွက်ရ အမိန့်ကို ပတ်ပြီးကြေငြာကြောင်းနှင့် ည(၉)နာရီကျော်တွေ့ရှိရပါ ဖမ်းဆီးမည်ဟုအမိန့်ထုတ်ထားကြောင်းသိရှိရသည်။
လွန်ခဲ့တဲ့လတွေကတည်းကနေယခုချိန်ထိ အစိုးရတပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော်တို့ ရှမ်းပြည်နယ်မြောက်ပိုင်းအတွင်းရှိ ကွတ်ခိုင်၊မူဆယ်၊နမ့်ခမ်းမြို့များတွင်း တိုက်ပွဲဆက်လက် ဖြစ်ပွားနေဆဲဖြစ်သည်။

သတင်းမှတ်တမ်းနှင့်သုတေသနဌာန
တအာင်းကျောင်းသားနှင့်လူငယ်များအစည်းအရုံး

0 comments:

ကော်န်းတအာင်းအူချှေး

 
Powered by Blogger