Posted by ဆန၀်းနော;မှေဲမ်း on 10:44:00 PM
On November 10th at 8 pm, 2011, a local police captain was killed and three police were wounded by a bombing at Namhkam Police Station.The Police that were injured are now taking medical treatment at Muse General Hospital. An hour after the explosion, the military regime was fighting with the KIA in ManHkam ferry gate.
Human Rights Document and Information Department
Ta’ang Students and Youth Organizat...
Read more »
Posted by ဆန၀်းနော;မှေဲမ်း on 10:43:00 PM
Many paddy farms were destroyed by heavy hail that hit ManKyawt – Mansan village in the Mantong area on October 29th 2011.“A family yields between two to three hundreds of baskets of rice annually. I’m sure this year we will probably get the same amount, but as they were going to harvest, the heavy hail storm came and beat our entire paddy. The villagers couldn’t do anything they just cried in despair” said a local paddy farmer.
The villagers now face welfare problems, some have already borrowed money before their paddy yield, and they are unable pay back their debts. There are over one hundreds families in Mankyawt- Mansan village and they depend on the paddy farms more than the tea farms. Even though it rained in the other villages their crops were not destroyed.
Mantoung Township...
Read more »
Posted by ဆန၀်းနော;မှေဲမ်း on 10:42:00 PM
In Oman Village, Manthong Township the Village Head, village committee members and youth were tortured by Hispaw’s battalion.“When the Burmese army arrived at the village on October 27th 2011, they tied up the Village Head and some of village committee with rope before they interrogated them asking them questions about the Kachin army. As there were not any Kachin army in the village, they beat all the villagers” said an eyewitness.
Most of the Oman villagers are from Kachin and Lesu ethnicities that live there. The military threated the villagers as they suspected the village of supporting the KIA.
The military has already arrived in Man Sat village and they will continue to Kachin State to pursue their fight with KIA. They not only force local people to be porters they also randomly...
Read more »
Posted by ဆန၀်းနော;မှေဲမ်း on 10:40:00 PM
၂၀၁၁ခုနှစ်၊နိုဝင်ဘာလ(၁၀)ရက် တန်ဆောင်မုန်းလပြည့်နေ့ည ၉နာရီခန့်တွင် ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်ရှိ တရုတ်-မြန်မာ(မန်းခမ်း) ကတိုးဆိပ်တွင် မြန်မာတပ်ရင်း ခလရ(၁၃၂) နှင့် ကချင်တပ်မတော် (KIA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့သည်။“စစ်ပွဲက မိနစ်(၂၀)လောက်ကြာတယ်၊ မြန်မာတပ်က (၈)ယောက် ဒဏ်ရာရတယ်၊နမ့်ခမ်းဆေးရုံကမကုနိုင်လို့ ညတွင်းချင်းပဲ မြို့ထဲက ကားတွေချောဆွဲပြီး မူဆယ်ဆေးရုံကိုလိုက်ပို့ခိုင်းတယ်၊ ဒီနေ့လည်း နမ့်ခမ်းမြို့ထဲမှာ ရဲတွေ၊ စစ်သားတွေ ရှုပ်ရှပ်ခက်နေတာပဲ” ဟုဒေသခံတစ်ဦးမှပြောပြခဲ့သည်။နောက်ဆက်တွဲသတင်းကိုဆက်လက်စုံစမ်းနေဆဲဖြစ်သည်။
သတင်းမှတ်တမ်းနှင့်သုတေသနဌာန
တအာင်းကျောင်းသားနှင့်လူငယ်များအစည်းအရ...
Read more »
Posted by ဆန၀်းနော;မှေဲမ်း on 10:39:00 PM
၂၀၁၁ခုနှစ်၊ နိုဝင်ဘာလ(၁၀)ရက်နေ့ည (၈)နာရီကျော်တွင်ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့ရဲစခန်းရှေ့ဗုံးပေါက်ခွဲခံရမှုကြောင့် ဒုရဲအုပ်ဇော်ထူးခေါင် သေဆုံးသွားခဲ့ကြောင်း သိရှိရသည်။“မနေ့ည၈-၉နာရီဝန်းကျင်မှာ ပေါက်ခဲ့တာပါ။ ဒုရဲအုပ်တစ်ယောက်ရယ် တပ်ကြပ်နှစ် ယောက်ရယ် နောက်ပြီးတော့ ရဲစခန်းဝန်းကျင်ထဲမှာနေထိုင်တဲ့ ရဲမိသားစုတွေရဲ့ အမျိုး သမီး နှစ်ဦးထိတယ်။ ဒုရဲအုပ်ကတော့ပွဲချင်းပြီးဘဲ။ နောက်အသက် နည်းနည်းကြီးတဲ့ အမျိုးသမီးတစ်ဦးကတော့ စိုးရိမ်ရတယ်။ ညချင်းဘဲ မူဆယ်ဆေးရုံးကို သယ်သွား ရတယ်ဟု” အခင်းဖြစ်ပွားရာနေရာသို့ သွားရောက်ကြည့်ရှု့ခဲ့သူ ဒေသခံတဦးမှ ပြောပြခဲ့ပါသည်။ဆက်လက်ပြီး ဓါတ်ပုံရိုက်သည့် (၈)တန်းကျောင်းသားတစ်ဦးကိုလည်း ရဲများမှဖမ်းဆီး ထိန်းသိမ်းထားခဲ့သည်။ နောက်ပိုင်း ၄င်း၏ မိဘများနှင့်ကျောင်းဆရာမ များလာရောက် အာမခံလက်မှတ်ထိုးပြီး ရဲများမှပြန်လွတ်ပေးခဲ့သည်ဟု ဒေသခံမှ ဆက်လက် ပြောပြခဲ့သည်။ဖောက်ခွဲခဲ့သည့်...
Read more »
Posted by ဆန၀်းနော;မှေဲမ်း on 10:38:00 PM
အောက်တိုဘာလ ၂၉ ရက်မှစ၍ မိုးသည်းထန်စွာ ရွာသွန်းပြီး မိုးသီးပါကျသောကြောင့် မန်တုံမြို့နယ်ရှိ မန်ကျော့နှင့်-မန်ဆိုင်ကျေးရွာတဝိုက်တွင် တောင်ယာစပါးခင်းများစွာ ပျက်စီးဆုံးရှုံးသွားခဲ့ပါသည်။“ ခါတိုင်းတော့ တစ်မိသားစုကို တစ်နှစ်လျှင်စပါးတင်းပေါင်း (၂၀၀ မှ ၃၀၀)အထိ ရလေ့ရှိတယ်၊ ဒီနှစ်လည်း အဲပမာဏထက်တော့ မလျှော့ဘူး၊ ဒါပေမယ့် စပါးတွေရိတ်သိမ်းခါနီးမှ မိုးသီးတွေကျတော့ တော်တော်ကြီးကို ပျက်စီးဆုံးရှုံးကုန်တော့တာပဲ၊ တရွာလုံးရဲ့ တောင်ယာ ငါးပုံမှာ လေးပုံလောက်ကစပါးခင်းတွေပျက်စီးကုန်တယ်၊ ဘာမှမတတ်နိုင်တော့ တချို့ဆို ငိုပဲငိုနေကြတယ် ” ဟု မန်ကျော့ရွာရှိ တောင်သူတစ်ဦးမှပြောပြခဲ့သည်။
ယခုလို မိုးသီးကြောင့် စပါးခင်းများပျက်စီးသွားသောကြောင့် ဒေသခံများ၏ စားဝတ်နေရေး အခက်အခဲရှိလာနိုင်သလို၊ တချို့မိသားစုများမှာ စပါးမရခင် အတိုးဖြင့် ပိုက်ဆံကြိုတင် ချေးငှားထားပြီး ပြန်ဆပ်ရန် အခက်အခဲ ရှိနေသည်ဟု ၄င်းရွာသားမှဆက်လက်ပြောပြခဲ့သည်။
မန်ကျော့-မန်ဆိုင်ရွာသည်...
Read more »
Posted by ဆန၀်းနော;မှေဲမ်း on 10:37:00 PM
ရှမ်းပြည်နယ်မြောက်ပိုင်း၊သီပေါအစိုးရတပ်ရင်းမှ စစ်ကြောင်းအတွင်း မန်တုံမြို့နယ်ရှိ အိုမန်ကျေးရွာ ဥက္ကဋ္ဌနှင့်အတူ ကျေးရွာကော်မတီ၊ရွာလူငယ် တချို့ကိုလည်း ကြိုးတုတ်ဖမ်းဆီး ရိုက်နှက်ခဲ့သည်ဟု သိရသည်။“အောက်တိုဘာလ၂၇နေ့တုန်းက စစ်တပ်တွေရွာထဲရောက်လာပြီး ဥက္ကဌနဲ့ ရွာကော်မတီတွေကို ကြိုးနဲ့တုတ်ပြီး ကချင်စစ်သားအကြောင်းမေးတယ်၊ မရှိဘူးလို့ဖြေတော့လည်း လိမ်တယ်ဆိုပြီး ရိုက်တယ်၊ ဘုရားကျောင်းနဲ့စာသင်ကျောင်းမှာရှိတဲ့ ပစ္စည်းတွေကိုလည်းမီးရှို့သွားတယ်”ဟု မျက်မြင်ရွာသားတစ်ဦး ပြောပြချက်အရသိရှိရသည်။
အိုမန်ကျေးရွာတွင် ကချင်နှင့် လီရှောလူမျိုး အများဆုံးနေသောကျေးရွာဖြစ်သည်ပြီး ကချင်စစ်သားများ မန်တုံနယ်တွင် လှုပ်ရှားနေသည်ကို ထောက်ခံဖုံးကွယ်ထားသည်ဟု စစ်အစိုးရမှ မှတ်ယူကာ ဒေသခံလူထုကိုနှိပ်စက်နေသည်ဟု ၄င်းမှပြောပြခဲ့သည်။ထိုတပ်ရင်းသည် ယခုမန်တုံမြို့နယ်မြောက်ဘက်ရှိ မန်စပ်ကျေးရွာတွင်ရောက်ရှိနေပြီး ကချင်ပြည်နယ်ဘက်သို့ ...
Read more »
Posted by ဆန၀်းနော;မှေဲမ်း on 10:35:00 PM
ပလောင်အမျိုးသမီး အစည်းအရုံး (PWO)၏ အသစ်ထုတ်ပြန်သည့် အစီရင်ခံစာတွင် မြန်မာနိုင်ငံမြောက်ပိုင်း၊ ရှမ်းပြည်နယ်တွင်းရှိ ပလောင်ဒေသများတွင် ဘိန်းစိုက်ပျိုးထုတ်လုပ်မှု သိသိသာသာ တိုးတက်လာနေကြောင်း ဖော်ပြထားခဲ့ပါသည်။ ဤဒေသသည် မြန်မာစစ်တပ်က ကျောထောက်နောက်ခံပြုထားသည့် အစိုးရသစ်ဖွဲ့စည်းပုံတွင် မူးယစ်ဘိန်းရာဇာတစ်ဦး ရွေးချယ်တင်မြှောက်ခံ ခဲ့ရသည့် မဲဆန္ဒနယ်မြေဒေသတစ်ခု ဖြစ်ပါသည်။ပူတွဲဖိုင် ရယူရန်
ထုက်ပြန်ကြေညာချက် အင်္ဂလိပ်အပိုင်း
ထုက်ပြန်ကြေညာချက် မြန်မာအပိုင်း
အဆိပ်သင့်တောင်တန်းများ စာအုပ်...
Read more »
Posted by ဆန၀်းနော;မှေဲမ်း on 10:33:00 PM
ရှမ်းပြည်နယ်မြောက်ပိုင်း၊မန်တုံမြို့နယ် အခြေစိုက် အစိုးရတပ်ရင်းအမှတ် (၁၃၀)မှ မန်တုံမြို့တွင်းရှိ ယာဉ်များအား စစ်တပ်အတွက်ချောဆွဲ နေကြောင်းသိရှိရသည်။
(၁၃၀)စစ်တပ်အဆောက်အဦး တိုးချဲ့ဆောက်လုပ်ရန် လိုအပ်သော သဲ၊ ကျောက်များကို သယ်ယူပို့ဆောင်ရန် အလှည့်ကျဖြင့် ချောလိုက်နေရကြောင်းဒေသခံများမှပြောပြခဲ့သည်။
“ ကျနော့်တို့အလှည့်ကျ ချောသွားနေရတာ တစ်လကျော်နှစ်လနီးပါးရှိပြီ၊ တစ်ရက်ကိုနှစ်စီးနှုန်းနဲ့သွားရတယ်၊ ကားဆီတော့နည်းနည်းဖြည့်ပေးတယ်၊ ကျန်တာတော့ဘာမှကိုမပေးပါဘူး”ဟုကားသမားတစ်ဦးမှပြောပြခဲ့သည်။
မန်တုံမြို့ပေါ်တွင် လေးလုံးထိုးမော်တော်ယဉ် စုစုပေါင်း ၂၅ စီး လောက်ရှိရာ တစ်ရက်လျှင်တစ်စီး၊ နှစ်စီး နှုန်းဖြင့် အလှည့်ကျ မသွားမနေ သွားနေရသည်ဟုသိရသည်။
သို့သော် ကြံ့ဖွတ်ပါတီဝင်ကားသမားများမှာ အခြားကားသမားများကဲ့သို့ ချောလိုက်စရာမလိုပဲ ကင်းလွတ်နေကြောင်း သိရှိရသည်။
သတင်းမှတ်တမ်းနှင့်သုတေသနဌာန တအာင်းကျောင်းသ...
Read more »
Posted by ဆန၀်းနော;မှေဲမ်း on 10:32:00 PM
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးခရိုင်၊ နမ္မတူမြို့နယ်၊ မိုင်းဆင်ရွာတွင် ကချင်ပြည်နယ် လွတ်မြောက်ရေးတပ်မတော်(KIA) နှင့်နမ္မတူအခြေစိုက်အစိုးရတပ်ရင်း(၃၂၄) တို့ ၂၀၁၁ခုနှစ် အောက်တိုဘာ (၁၁)ရက်နေ့ မွန်းတည့်အချိန်တွင် တိုက်ပွဲဖြစ်ပွားခဲ့သည်။တိုက်ပွဲသိပ်မပြင်းထန်သော်လည်း ၂နာရီလောက်ကြာသည်ဟုဒေသခံမှပြောပြခဲ့သည်။ “၂နာရီလောက်ကြာတော့ အစိုးရစစ်သားတွေက နမ့်ပန်လေရွာဘက်ဆင်းသွားကြတယ်၊ တစ်လမ်းလုံးသေနတ်သံတွေညံနေအောင် ပစ်သွားကြတယ်” ဟု၎င်းကဆက်ပြောပြခဲ့သည်။တိုက်ပွဲတွင်း အကျအဆုံးစာရင်းကိုမသိရသေးသော်လည်း မိုင်းဆင်ရွာသူရွာသားများမှာ ကြောက်လန့်ပြီး နမ္မတူမြို့ရှိ နီးစပ်ရာဆွေမျိုးထံသို့ထွက်ပြေးခိုလှုံနေကြသည်ဟု ဒေသခံတဦးပြောပြချက်အရသိရှိရသည်။
သတင်းမှတ်တမ်းနှင့်သုတေသနဌာန
တအာင်းကျောင်းသားနှင့်လူငယ်များအစည်းအရ...
Read more »
Posted by ဆန၀်းနော;မှေဲမ်း on 10:29:00 PM
ရှမ်းပြည်နယ်မြောက်ပိုင်း၊ တအာင်း(ပလောင်) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏ ဥက္ကဌဖြစ်သူ ဦးမောင်ကျော်အား တအာင်းအမျိုးသားပါတီ (TNP) အဖွဲ့ဝင်တစ်ချို့နှင့် အဖွဲ့လူငယ်များက အားမလိုအားမရ ဖြစ်နေကြသည်ဟု သရှိရသည်။
အခြားပြည်နယ်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများရှိ ရပ်ကွက်/ရပ်ရွာအုပ်ချုပ်ရေးမှူးကို အသစ် ပြန်လည်ခန့်အပ် ပြီးသွားသော်လည်း ဦးမောင်ကျော် ဦးဆောင်သော တအာင်း(ပလောင်) ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသတွင်မူ အခုချိန်ထိ အခြား ဒေသ/ပြည်နယ်များကဲ့သို့ ဖွဲ့စည်းပေးခြင်းမရှိသည်ကို တွေ့ရသည်။
“ဒေဦးစီးဖွဲ့စည်းပြီးနောက်ပိုင်းမှာ ပြောင်းလဲမှုမရှိသလောက်ပါဘဲ၊ ရပ်ရွာဥက္ကဌကိုခန့်တဲ့နေရာမှာ ရွာသူ/သားရဲ့သဘောဆန္ဒအရ ရွေးတာမဟုတ်ပဲ အရင်တုန်းက ခန့်တဲ့နည်းအတိုင်းသွားနေတော့ ဘာမှထူးခြားပြောင်းမှုမရှိဘူး” ဟု ဒေသခံတစ်ဦးက ပြောသည်။ မူလရပ်ကွက်၊ကျေးရွာဥက္ကဌများကို အုပ်ချုပ်ရေးမှူးအဖွဲ့ဆိုသည့် အမည်သာပြောင်းပြီး...
Read more »