DEMONSTRATING ABOUT THE TA'ANG PEOPLE AND TA'ANG LAND

ရံပ်ရို;ငို;အူန်းစာခြိုဝ်းနှာမ်းအဲတအာင်းတော်န်းချှေးနာ်

Wednesday, March 16, 2011

ဘိန်းခြစ်ချိန်မှာအာဏာပိုင်များကမကြာခဏငွေညစ်တောင်းရမ်း






မတ်လ ၄ ရက် ၂ဝ၁၁ ခုနှစ်တွင် ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့နယ် တစ်ဝိုက်ရှိ ဘိန်းစိုက်ပျိုးသည့် ကျေးရွာများထံ အာဏပိုင်များက မကြာခဏငွေညစ်တောင်းရမ်းနေကြောင်းသိရှိရသည်။ အခုကာလတွင် ဘိန်းစသီးချိန်ဖြစ်ပြီး နည်းနည်းစော၍ စိုက်ပျိုးသည့်ခြံများသည် ဘိန်းအဆီခြစ်ယူနေပြီးဖြစ်သဖြင့် ဘိန်းစိုက်ပျိုးသည့်မိသားစုများက ဘိန်းခြံဖျက်ဆီးမည်ကို စိုးရိမ်သောကြောင့် အာဏာပိုင်များ၏ ငွေညစ်တောင်းရမ်းခြင်းကို ခံရသည်ဖြစ်ကြောင်း မီးသွေး ကုန်သည်တစ်ဦးကပြောပြပါသည်။

မီးသွေးကုန်သည်တစ်ဦးပြောပြချက်အရ“မန်စပ်ကျေးရွာ၊ မန်ပူးကျေးရွာ၊ ပန်ယုတ်ကျေးရွာတွေကို ကျနော်မီးသွေးလိုက်ဝယ် တယ် ကျန်တဲ့ရွာလဲကောက်ရင်ကောက်မှာ ကျနော်မသိခဲ့ဘူး ကျတော်တွေ့တာက အဲဒီ ၃ ရွာတွေကို ကောက်တာတွေ့ခဲ့ တယ်။ ဘိန်းစိုက်ရင် တစ်အိမ်ကို ကြက်တစ်ကောင်နှင့်ငွေ(၂ဝဝဝဝ)ကျပ် ကောက်သွားတယ်၊ လာကောက်တဲ့ လူတွေက ရဲ၊ မူးယစ်၊ မြေစာရင်း၊ ဥပဒေ၀န်ထမ်း နှင့် ပြည်သူ့စစ်တွေလဲပါတယ်။

မတ်လမှာဆိုရင်ဘိန်းဆီခြစ်ယူချိန်ဖြစ်ပြီး သူတို့ငွေလာတောင်းတိုင်း ပေးရတယ် ဘာလို့လဲဆိုတော့သူတို့ရဲ့ ဘိန်းခြံဖျက်မှာလဲ အရမ်းစိုးရိမ်နေတယ်” ဟုပြောကြားသည်။ မြန်မာနိုင်ငံစစ်အစိုးရက ဘိန်းစိုက်ပျိုးမှုတိုက်ဖျက်ရေး မူဝါဒရှိထားသော်လည်း လက်တွေ့အကောင်အထည်ဖေါ်ရာတွင် အားနည်းနေပြီး ပြည်သူများအပေါ် လာဒ်စားမှုများသာ ပြုလုပ်နေကြောင်းသိရ သည်။၂ဝ၁ဝ-၂ဝ၁၁ခုနှစ်မှာဆိုရင် မူဝါဒ အရ ဘိန်းခြံများကို တစ်စုံတရာ ဖျက်ဆီးတိုက်ဖျက်တာ မတွေ့ရပဲ ဒေသခံ ပြည်သူများ အပေါ် မကြာခဏခေါင်းပုံဖြတ် ငွေညစ်တောင်းယူသောကြောင့် ဘိန်းစိုက်ပျိုးသည့်ရာခိုင်နှုန်း လျော့နည်း လာမည့်ဟု သိုသော် တစ်နှစ်ပြီးတစ်နှစ် ဘိန်းစိုက်ပျိုးမှု ထပ်တိုးပွားလာနေတာကိုတွေ့ရပါသည်။
 

0 comments:

ကော်န်းတအာင်းအူချှေး

 
Powered by Blogger