ရှမ်းပြည်နယ်မြောက်ပိုင်း၊ မန်တုံမြို့နယ်၊ နားအော်အုပ်စု၊ မန်စပ်ကျေးရွာအတွင်း ၂၀၁၁၊မတ်လ၂၂ရက်နေ့ ညနေ (၇)နာရီခွဲအချိန်တွင်မြေမြုပ်မိုင်းလို့ယူဆရတဲ့ မိုင်းတစ်လုံးပေါက်ကွဲမှုကြောင့် အသက်(၃၈)နှစ်အမျိုးသားတစ်ဦး နှင့် (၁၀) နှစ် အရွယ်ကလေးတစ်ဦး သေဆုံးသွားခဲ့ပါသည်။ သက်ကြီးရွယ်အိုများ တရားထိုင်ဖို့အဆောက်အဦး ဆောက်ပေးရန်အတွက် သွားရောက်ကူညီရာကနေ မီးလှုံရင်း ပေါက်ကွဲပြီးထိခိုက်သေဆုံးသွားတာဖြစ်တယ်လို့ ရွာသားတစ်ဦးကပြောပြပါတယ်။ "ရွာကသက်ကြီးရွယ်အိုများ တရားထိုင်ဖို့အဆောက်အဦးတစ်ခု ဆောက်မယ်ဆိုပြီး ၀ိုင်းဝန်းကူညီဆောက်ပေးနေတာ၊ အိမ်မပြန်ခင်မိုးအေးလို့ဆိုပြီး မီးလှုံရင်းမီးမွေးထားတဲ့နေရာအောက်ကနေ ပေါက်ကွဲမှုဖြစ်သွားတယ၊် သူတို့နှစ်ယောက်စလုံး ရင်ဘတ်တည့်တည့်ထိပြီး မျက်နှာတွေမှာလည်း စုတ်စုတ်ပျက်ပျက်ဖြစ်သွားခဲ့တယ်လို့ " သူကပြောတယ်။ အခုလိုပေါက်ကွဲမှုမျိုးယခင်နှစ်တွေမှာလည်းဖြစ်ဖူးတယ်လို့်သိရပါတယ် လူတွေကိုထိခိုက်သွားတာမျိုးရှိသလို ဒေသခံတွေရဲ့ ကျွဲ ၊ နွား ၊ မြင်း တွေကိုလည်းထိခိုက်သွားတာမျိုးလည်းရှိတယ်လို့ဆိုပါတယ်။ ဒီပေါက်ကွဲမှုဟာ ဘယ်လိုမိုင်းအမျိုးအစားလဲဆိုတာ အသေချာမသိပေမဲ့ပေါက်ကွဲမှုက တော်တော်ပြင်းထန်တယ်လို့ ရွာသားများကပြောပါတယ်၊ ယခုဖြစ်ပွားသည့်နေရာသည် ယခင်ပြည်တွင်းစစ်တိုက်ပွဲ ဖြစ်ပွားရာနေရာဖြစ်ပြီး အခုချိန်အထိ မိုင်းအန္တရာယ်တွေမကင်းကြောင်း ရွာသားများ ပြောပြချက်အရသိရပါသည်၊၊ |
0 comments:
Post a Comment